Dropbox ကို အရင်နှစ်တွေတုန်းက Cloud Storage Service တစ်ခုအနေနဲ့ သိထားကြတာဖြစ်ပြီး လူသုံးလည်းတော်တော်များခဲ့တဲ့ Service တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ Google Drive နဲ့ Microsoft OneDrive တို့ ပိုအောင်မြင်လာတဲ့အချိန်မှာတော့ တဖြည်းဖြည်းလူသုံးနည်းလာခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ Dropbox ကနေ File Sharing Service တွေကို ပြောင်းလဲပစ်နိုင်တဲ့ “Transfer” နာမည်နဲ့ Service တစ်ခုကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

ဒီ Dropbox Transfer ရဲ့ အဓိက အားသာချက်ကတော့ File တွေကို 100GB အထိ အချင်းချင်း Transfer ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဒီ File Size Limit က လက်ရှိ File Transfer Service တွေအကုန်လုံးကို ကျော်တက်သွားတာဖြစ်ပြီးတော့ File Size အကြီးတွေကို ခွဲပြီးပို့ပေးနေရတာနဲ့ယှဉ်ရင် အရမ်းကိုလွယ်ကူသွားမှာပါ။

အခု Dropbox Transfer Feature ဟာ File တွေကို Drag & Drop ပြုလုပ်ပြီး ကိုယ်ပေးပို့ချင်တဲ့သူကို Email ဒါမှမဟုတ် Download Link ကို ပေးပို့လိုက်ရုံပါပဲ။ ဒါ့အပြင် Security အတွက် ကြားထဲမှာ Password ဒါမှမဟုတ် Expiration Date ကို ထည့်ပေးလို့ရဦးမှာပါ။ ပိုကောင်းတဲ့အချက်က တဖက်က လက်ခံမယ့်သူက Dropbox User ဖြစ်နေဖို့ မလိုအပ်ဘဲ Original File ရဲ့ Copy ကိုပဲရရှိမှာဖြစ်ပါတယ်။

Dropbox ကတော့ အသုံးပြုသူတွေက ဒီ Transfer Page ကို ကိုယ်ကြိုက်တဲ့ Background တွေပြောင်းလဲနိုင်မှာဖြစ်သလို Business User တွေအတွက်လည်း စိတ်ကြိုက် Logo တွေနဲ့ ပြင်ဆင်နိုင်မယ်လို့ သိရပါတယ်။

အခုအချိန်မှာ Drop box Transfer က သတ်မှတ်ထားတဲ့ Dropbox Customer တွေကို စတင်စမ်းသပ်နေပြီဖြစ်ပြီး မကြာခင်မှာ Dropbox Account ရှိတဲ့သူတိုင်းအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Ref : GSMArena