[Zawgyi] 




Preview the Charts


Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Dropobox ပေါ်က File တွေကို Download မလုပ်ခင်ကြိုကြည့်နိုင်ပြီ

Dropbox ကို ရုံးလုပ်ငန်းတွေမှာ အသုံးများသလို တစ်ကိုယ်ရေသုံး Cloud Storage တစ်ခုအဖြစ်လည်း သုံးကြပါတယ်။ ကွန်ပျူတာတစ်လုံးနဲ့တစ်လုံး ကူးနေရသူတွေ၊ ကွန်ပျူတာနဲ့ ဖုန်းနဲ့တွဲအလုပ်လုပ်နေရသူတွေအတွက်တော့ Dropbox က တကယ်ကိုသုံးလို့အဆင်ပြေတဲ့ Cloud Storage တစ်ခုပါ။ 

Preview PowerPoint Files

Dropbox မှာ အရင်ကတော့ ZIP Folder တစ်ခုကို Download မဆွဲခင်မှာ ဘာတွေပါလဲဆိုတာ မမြင်ရပါဘူး။ Download ဆွဲမှပြီး ဖွင့်ကြည့်မှပဲမြင်ရမှာပါ။ အခုတော့ ကွန်ပျူတာပေါ်မှာ Dropbox Web View နဲ့ဆိုရင် File တွေကို Download မလုပ်ခင် Folder ထဲမှာ ဘာတွေပါသလဲ၊ ဘယ်လို File အမျိုးအစားတွေလည်းဆိုတာကို ကြည့်လို့ရလာပါပြီ။ 

Preview the Charts

ဒီ Feature သုံးလို့ရလာတာ တကယ်ကိုအဆင်ပြေသွားပါတယ်။ Dropbox ကိုအသုံးပြုပြီး အလုပ်လုပ်နေရသူတွေ သဘောကျမှာ အမှန်ပါပဲ။ File တွေအများကြီးကို Download လုပ်ဖို့မလိုအပ်ရင် လိုအပ်တဲ့ File ကိုပဲ အလွယ်တကူ Download လုပ်နိုင်လာသလို PDF နဲ့ PowerPoint File တွေကိုလည်း Download မလုပ်ခင်မှာ ကြိုပြီးဖွင့်ကြည့်လို့ရလာပါပြီ။ ရုံးအလုပ်လုပ်၊ ကျောင်းကိစ္စလုပ် ရသူတွေနဲ့ PDF File အသုံးပြုရသူတွေအတွက်တော့ တကယ်ကိုအသုံးဝင် Feature ဖြစ်တာသေခြာပါတယ်။ တခြား File Format တွေ အများကြီးကိုလည်း Preview ကြည့်လို့ရလာပါပြီ။  Dropbox ကတော့ အရင်ကထက်ပိုအသုံးပြုလို့ကောင်းလာသလို အသုံးပြုသူတွေလည်း ပိုသဘောကျလာမှာသေခြာပါတယ်။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။