[Zawgyi]

ေဘာလံုးေလာကကို ႏႈတ္ဆက္ခဲ႔တဲ႔ အာဖရိကၾကယ္ပြင္႔ ဒေရာ႔ဘာ Drogba

အာဖရိကၾကယ္ပြင္႔ ကစားသမားတစ္ဦးျဖစ္တဲ႔ ဒေရာ႔ဘာ Drogba ဟာ ေဘာလံုးေလာကကို လက္ျပ ႏႈတ္ဆက္ခဲ႔ပါျပီ။ ၁၉၉၈ ခုႏွစ္က Le Mans အသင္းနဲ႔ ကစားသမားဘ၀ကိုစတင္ခဲ႔တဲ႔ ဒေရာ႔ဘာ ဟာ ၂၀၁၈ ခုႏွစ္မွာေတာ႔ Phoenix Rising အသင္းမွာ ေနာက္ဆံုးကစားခဲ႔ျပီး ႏွစ္(၂၀)ၾကာ ကစားသမားဘ၀ကို အဆံုးသတ္ခဲ႔တာျဖစ္ပါတယ္။ ဒေရာ႔ဘာ ဟာ သူ႔ရဲ႕ကစားသမားဘ၀ကို မာေဆးလ္ ၊ ခ်ယ္လ္ဆီး ၊ ရွန္ဟိုင္းရွင္၀ါ ၊ ဂါလာတာစာေရး စတဲ႔အသင္းေတြအျပင္ ကလပ္အသင္းေပါင္းမ်ားစြာနဲ႔ ျဖတ္သန္းခဲ႔ျပီး ခ်ယ္လ္ဆီးအသင္းမွာေတာ႔ အသင္းရဲ႕ ဂႏၳ၀င္ကစားသမားတစ္ဦးျဖစ္ခဲ႔တဲ႔ အထိ ေျခစြမ္းျပကစားႏိုင္ခဲ႔ပါတယ္။

Drogba

Drogba

ဒေရာ႔ဘာ ဟာ ကစားသမားဘ၀မွာ ခ်ယ္လ္ဆီး ၊ ဂါလာတာစာေရး ၊ Phoenix Rising အသင္းေတြနဲ႔ ဆုဖလားေအာင္ျမင္မႈေတြရရိွခဲ႔ျပီး ႏိုင္ငံအသင္းျဖစ္တဲ႔ အိုင္ဗရီကို႔စ္အသင္းအတြက္ေတာ႔ ပြဲေပါင္း(၁၀၄)ပြဲကစား (၆၅)ဂိုးသြင္းယူခဲ႔ပါတယ္။ ဒေရာ႔ဘာ ဟာ အာဖရိက အေကာင္းဆံုး ကစားသမားဆု(၂)ၾကိမ္ ၊ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု(၂)ၾကိမ္ အပါအ၀င္ တျခားတစ္ဦးခ်င္း ထူးခ်ြန္ဆုမ်ားစြာကိုလည္း ရရိွခဲ႔သူူျဖစ္ပါတယ္။

Drogba-With-Premier-League-Trophy

Drogba-With-Premier-League-Trophy

ဒေရာ႔ဘာ က ” ႏွစ္(၂၀)ၾကာျပီးေနာက္မွာေတာ႔ ကစားသမားဘ၀ကေန အနားယူဖို႔ က်ြန္ေတာ္ ဆံုးျဖတ္ခ်က္ခ်ခဲ႔ပါတယ္။ လက္ရိွက အဆံုးသတ္ဖို႔အတြက္ အေကာင္းဆံုးပါပဲ။ ျပီးေတာ႔ အရည္အခ်င္းရိွတဲ႔ လူငယ္ေတြကိုလည္း တိုးတက္လာေအာင္ကူညီေပးရပါမယ္။ ကစားပြဲေတြမွာ ေလ႔လာခဲ႔တာေတြကို ကစားပြဲေတြအတြက္ျပန္အသံုးခ်သြားမွာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

ဒေရာ႔ဘာ ရဲ႕ ကစားသမားဘ၀ ေအာင္ျမင္မႈမ်ား

Chelsea

Premier League: 2004–05, 2005–06, 2009–10, 2014–15
FA Cup: 2006–07, 2008–09, 2009–10, 2011–12
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12

Galatasaray

Süper Lig: 2012–13
Turkish Cup: 2013–14
Turkish Super Cup: 2013

Pheonix Rising

Western Conference (USL): 2018

Ref: BBC Sports
Photo: BBC Sports , SPORTbible , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဘောလုံးလောကကို နှုတ်ဆက်ခဲ့တဲ့ အာဖရိကကြယ်ပွင့် ဒရော့ဘာ Drogba

အာဖရိကကြယ်ပွင့် ကစားသမားတစ်ဦးဖြစ်တဲ့ ဒရော့ဘာ Drogba ဟာ ဘောလုံးလောကကို လက်ပြ နှုတ်ဆက်ခဲ့ပါပြီ။ ၁၉၉၈ ခုနှစ်က Le Mans အသင်းနဲ့ ကစားသမားဘဝကိုစတင်ခဲ့တဲ့ ဒရော့ဘာ ဟာ ၂၀၁၈ ခုနှစ်မှာတော့ Phoenix Rising အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး နှစ်(၂၀)ကြာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒရော့ဘာ ဟာ သူ့ရဲ့ကစားသမားဘဝကို မာဆေးလ် ၊ ချယ်လ်ဆီး ၊ ရှန်ဟိုင်းရှင်ဝါ ၊ ဂါလာတာစာရေး စတဲ့အသင်းတွေအပြင် ကလပ်အသင်းပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ပြီး ချယ်လ်ဆီးအသင်းမှာတော့ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ အထိ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

Drogba

Drogba

ဒရော့ဘာ ဟာ ကစားသမားဘဝမှာ ချယ်လ်ဆီး ၊ ဂါလာတာစာရေး ၊ Phoenix Rising အသင်းတွေနဲ့ ဆုဖလားအောင်မြင်မှုတွေရရှိခဲ့ပြီး နိုင်ငံအသင်းဖြစ်တဲ့ အိုင်ဗရီကို့စ်အသင်းအတွက်တော့ ပွဲပေါင်း(၁၀၄)ပွဲကစား (၆၅)ဂိုးသွင်းယူခဲ့ပါတယ်။ ဒရော့ဘာ ဟာ အာဖရိက အကောင်းဆုံး ကစားသမားဆု(၂)ကြိမ် ၊ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု(၂)ကြိမ် အပါအဝင် တခြားတစ်ဦးချင်း ထူးချွန်ဆုများစွာကိုလည်း ရရှိခဲ့သူူဖြစ်ပါတယ်။

Drogba-With-Premier-League-Trophy

Drogba-With-Premier-League-Trophy

ဒရော့ဘာ က ” နှစ်(၂၀)ကြာပြီးနောက်မှာတော့ ကစားသမားဘဝကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ လက်ရှိက အဆုံးသတ်ဖို့အတွက် အကောင်းဆုံးပါပဲ။ ပြီးတော့ အရည်အချင်းရှိတဲ့ လူငယ်တွေကိုလည်း တိုးတက်လာအောင်ကူညီပေးရပါမယ်။ ကစားပွဲတွေမှာ လေ့လာခဲ့တာတွေကို ကစားပွဲတွေအတွက်ပြန်အသုံးချသွားမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

ဒရော့ဘာ ရဲ့ ကစားသမားဘ၀ အောင်မြင်မှုများ

Chelsea

Premier League: 2004–05, 2005–06, 2009–10, 2014–15
FA Cup: 2006–07, 2008–09, 2009–10, 2011–12
Football League Cup: 2004–05, 2006–07, 2014–15
FA Community Shield: 2005, 2009
UEFA Champions League: 2011–12

Galatasaray

Süper Lig: 2012–13
Turkish Cup: 2013–14
Turkish Super Cup: 2013

Pheonix Rising

Western Conference (USL): 2018

Ref: BBC Sports
Photo: BBC Sports , SPORTbible , Goal.com
Ko Kyue(Akhayar)
www.akhayar.com