[Zawgyi]

အသက္ ၂၁ ျပည့္ႏွစ္ ေမြးေန႔မွာ Kylie Jenner ၀တ္ဆင္ခဲ့တဲ့ အမုိက္စား ၀တ္စံုအလန္းမ်ား

အလန္းဇယား ဆယ္လီမမတစ္ေယာက္ျဖစ္တဲ့ Kylie Jenner တစ္ေယာက္ သူမရဲ႕ ၂၁ ႏွစ္ျပည့္ေမြးေန႔ကို ၿပီးခဲ့တဲ့ ရက္သတၱပတ္အဆံုးမွာ က်င္းပခဲ့ပါတယ္။ Kylie ဟာ L.A မွာ မိသားစုဒင္နာနဲ႔ party အေသးစားေလး က်င္းပခဲ့တဲ့  အျပင္ Las Vegas မွာလည္း သူမရဲ႕ အေပါင္းအသင္းေတြနဲ႔ ေမြးေန႔ပြဲကုိ ဆက္လက္ဆင္ႏႊဲခဲ့တာပါ။ ဒါ့အျပင္ ထံုးစံအတိုင္း တစ္ပြဲၿပီးတစ္ပြဲမွာ မတူညီတဲ့ အလန္းစား၀တ္စုံေတြလည္း တစ္မ်ိဳးၿပီး တစ္မ်ိဳး ေျပာင္းလဲ၀တ္ဆင္ခဲ့ပါေသးတယ္။

Kylie Jenner wore Gucci Mini

Kylie Jenner wore Gucci Mini

ေမြးေန႔ပါတီကို ဆင္ႏႊဲတဲ့ ဒုတိယေျမာက္ေန႔မွာ Kylie ဟာ Gucci ရဲ႕ Vintage Dress ကို ၀တ္ဆင္ထားတာ ေတြ႔ရမွာပါ။ အသားေရာင္ Bodycon Mini Dress ပံုစံမ်ိဳး ျဖစ္တဲ့ Gucci Dress ဟာဆိုရင္ ေရွ႕ကၾကည့္ရင္ ပခံုးတစ္ျခမ္းေလ်ွာ၊ ေနာက္ေက်ာဘက္မွာ ေက်ာေျဗာင္ပံုစံမ်ိဳးဖန္တီးထားၿပီးေတာ့ တလက္လက္ထေနေအာင္ ေရႊေရာင္ သမ္းတဲ့ ေက်ာက္ေတြ အမ်ားႀကီး သံုးထားတာျဖစ္ပါတယ္။ Gucci Dress ပါဆိုမွေတာ့ ဘယ္လိုေတြ မိုက္လဲဆိုတာ အေထြအထူး ညႊန္းစရာလိုမယ္မထင္ပါဘူးေနာ္။

Kylie Jenner's LaBourjoisie Jumpsuit

Kylie Jenner’s LaBourjoisie Jumpsuit

Kylie Jenner's LaBourjoisie Jumpsuit

Kylie Jenner’s LaBourjoisie Jumpsuit

၂၁ ႏွစ္ျပည့္ေမြးေန႔မွာ Kylie Jenner တစ္ေယာက္ ပန္းေရာင္ ၀တ္စံုႏွစ္စံုကို ၀တ္ဆင္ခဲ့ေပမယ့္  တကယ့္လူအမ်ားနဲ႔က်င္းပေနတဲ့ ပါတီကို သူမထြက္လာတဲ့အခ်ိန္မွာ ၀တ္ဆင္ခဲ့တာကေတာ့ ေမြးေန႔ပြဲအတြက္ LaBourjoisie က သီးသန္႔ဖန္တီးေပးထားတဲ့ ပန္းေရာင္ Jumpsuit ပါ။ အဲဒီပန္းေရာင္ Jumpsuit ဟာဆုိရင္ ၀တ္စံုတစ္စံုလံုးကို Swarovski  ေက်ာက္ေတြ စီၿပီး တလက္လက္ထေနေအာင္ကို ဘလင္းဘလင္းျဖစ္ေနခဲ့ပါတယ္။LaBourjoisie ရဲ႕ပန္းေရာင္ ၀တ္စံုဟာ ဖန္တီးဖို႔ ဆယ္ရက္အခ်ိန္ယူခဲ့ရၿပီးေတာ့ ဒီဇီုင္းခနဲ႔ လက္ခအပါအ၀င္ကို ေဒၚလာ ၈၀၀၀ တန္ဖုိးရွိပါတယ္။ပန္းေရာင္ Swarvoski Crystal ေတြကို Starburst Effect လို လံုး၀ တဖ်တ္ဖ်တ္လက္တာမ်ိဳး ရေအာင္ ဖန္တီးထားတာျဖစ္ပါတယ္တဲ့။

Peter Dundas 's Fuchsia Dress

Peter Dundas ‘s Fuchsia Dress

မိသားစုေမြးေန႔ဒင္နာမွာေတာ့ Kylie Jenner ရဲ႕ ဘလင္းဘလင္း၀တ္စံုေတြကို မေတြ႔ရေတာ့ပါဘူး။ နည္းနည္း အိုဗာတင္းတဲ့၀တ္စံုေတြကို လဲလိုက္ၿပီးေတာ့ Peter Dundas ရဲ႕ ပန္းဆီေရာင္ေတာက္ေတာက္ ပိုးဖဲသား Mini Dress ကို ၀တ္ဆင္လာတာ ေတြ႔ရမွာျဖစ္ပါတယ္။ အမွတ္တမဲ႔ဆုိရင္ ၀တ္စံုဒီဇိုင္းက ရိုးရိုးရွင္းရွင္းလို႔ ထင္ရေပမယ့္ ပခံုးနားမွာ မသိမသာေလး ခၽြန္ထားၿပီးေတာ့ ခါးနားမွာ ျပန္ယွက္ခ်ည္ထားကို ျမင္ရမွာပါ။ဘလင္းဘလင္းေတြ မပါေတာ့ေပမယ့္ အေရာင္နဲ႔ ဖမ္းစားထားတဲ့ ၀တ္စံုျဖစ္ပါတယ္။

Ref:elle.co.uk

Su Yi Htet (Akhayar)

[Unicode]

အသက် ၂၁ ပြည့်နှစ် မွေးနေ့မှာ Kylie Jenner ဝတ်ဆင်ခဲ့တဲ့ အမိုက်စား ဝတ်စုံအလန်းများ

အလန်းဇယား ဆယ်လီမမတစ်ယောက်ဖြစ်တဲ့ Kylie Jenner တစ်ယောက် သူမရဲ့ ၂၁ နှစ်ပြည့်မွေးနေ့ကို ပြီးခဲ့တဲ့ ရက်သတ္တပတ်အဆုံးမှာ ကျင်းပခဲ့ပါတယ်။ Kylie ဟာ L.A မှာ မိသားစုဒင်နာနဲ့ party အသေးစားလေးကျင်းပခဲ့တဲ့အပြင် Las Vegas မှာလည်း မွေးနေ့ပွဲကို ဆက်လက်ဆင်နွှဲခဲ့တာပါ။
ဒါ့အပြင် သူမရဲ့ ထုံးစံအတိုင်း တစ်ပွဲပြီး တစ်ပွဲမှာ မတူညီတဲ့ အလန်းစားဝတ်စုံတွေလည်း တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲဝတ်ဆင်ခဲ့ပါသေးတယ်။

Kylie Jenner wore Gucci Mini

Kylie Jenner wore Gucci Mini

မွေးနေ့ပါတီကို ဆင်နွှဲတဲ့ ဒုတိယမြောက်နေ့မှာ Kylie ဟာ Gucci ရဲ့ Vintage Dress ကို ဝတ်ဆင်ထားတာ တွေ့ရမှာပါ။ အသားရောင် Bodycon Mini Dress ပုံစံမျိုး ဖြစ်တဲ့ Gucci Dress ဟာဆိုရင် ရှေ့ကကြည့်ရင် ပခုံးတစ်ခြမ်းလျှော၊ နောက်ကျောဘက်မှာ ကျောဗြောင်ပုံစံမျိုးဖန်တီးထားပြီးတော့ တလက်လက်ထနေအောင် ရွှေရောင် သမ်းတဲ့ ကျောက်တွေ အများကြီး သုံးထားတာဖြစ်ပါတယ်။ Gucci Dress ပါဆိုမှတော့ ဘယ်လိုတွေ မိုက်လဲဆိုတာ အထွေအထူး ညွှန်းစရာလိုမယ်မထင်ပါဘူးနော်။

Kylie Jenner's LaBourjoisie Jumpsuit

Kylie Jenner’s LaBourjoisie Jumpsuit

Kylie Jenner's LaBourjoisie Jumpsuit

Kylie Jenner’s LaBourjoisie Jumpsuit

၂၁ နှစ်ပြည့်မွေးနေ့မှာ Kylie Jenner တစ်ယောက် ပန်းရောင် ဝတ်စုံနှစ်စုံကို ဝတ်ဆင်ခဲ့ပေမယ့် တကယ့်လူအများနဲ့ကျင်းပနေတဲ့ ပါတီကို သူမထွက်လာတဲ့အချိန်မှာ ဝတ်ဆင်ခဲ့တာကတော့ မွေးနေ့ပွဲအတွက် LaBourjoisie က သီးသန့်ဖန်တီးပေးထားတဲ့ ပန်းရောင် Jumpsuit ပါ။ အဲဒီပန်းရောင် Jumpsuit ဟာဆိုရင် ဝတ်စုံတစ်စုံလုံးကို Swarovski ကျောက်တွေ စီပြီး တလက်လက်ထနေအောင်ကို ဘလင်းဘလင်းဖြစ်နေခဲ့ပါတယ်။
အဲဒီပန်းရောင် ဝတ်စုံကို ဖန်တီးဖို့ ဆယ်ရက်အချိန်ယူခဲ့ရပြီးတော့ ဒီဇီုင်းခနဲ့ လက်ခအပါအဝင်ကို ဒေါ်လာ ၈၀၀၀ တန်ဖိုးရှိပါတယ်။ပန်းရောင် Swarvoski Crystal တွေကို Starburst Effect လို လုံး၀ တဖျတ်ဖျတ်လက်တာမျိုး ရအောင် ဖန်တီးထားတာဖြစ်ပါတယ်တဲ့။

Peter Dundas 's Fuchsia Dress

Peter Dundas ‘s Fuchsia Dress

မိသားစုမွေးနေ့ဒင်နာမှာတော့ Kylie Jenner ရဲ့ ဘလင်းဘလင်းဝတ်စုံတွေကို မတွေ့ရတော့ပါဘူး။ နည်းနည်း အိုဗာတင်းတဲ့ဝတ်စုံတွေကို လဲလိုက်ပြီးတော့ Peter Dundas ရဲ့ ပန်းဆီရောင်တောက်တောက် ပိုးဖဲသား Mini Dress ကို ဝတ်ဆင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အမှတ်တမဲ့ဆိုရင် ဝတ်စုံဒီဇိုင်းက ရိုးရိုးရှင်းရှင်းလို့ ထင်ရပေမယ့် ပခုံးနားမှာ မသိမသာလေး ချွန်ထားပြီးတော့ ခါးနားမှာ ပြန်ယှက်ချည်ထားကို မြင်ရမှာပါ။
ဘလင်းဘလင်းတွေမပါတော့ပေမယ့် အရောင်နဲ့ ဖမ်းစားထားတဲ့ ဝတ်စုံဖြစ်ပါတယ်။

Ref:elle.co.uk

Su Yi Htet (Akhayar)