[Zawgyi]

KiKi Challenge ဘယ်က အစပြုပြီး ဘယ်လို ကကြတာလဲ

လတ်တလော Online မှာ Kiki Challenge ဆိုတဲ့ အကတစ်မျိုး ခေတ်စားနေပါတယ်။ ဒီအကကို နိုင်ငံတကာမှာ Tik Tok မှာ လိုက်ကနေကြသလို မြန်မာနိုင်ငံမှာလည်း ဝါဆိုမိုးဦး၊ နေခြည်ဦး ၊ သုသု၊ အုပ်စိုးခန့်၊ သွန်းဆက်နဲ့ ဟိဏ်းသစ်တို့လို နာမည်ကျော်တွေက လိုက်ကခဲ့ကြပါတယ်။

KiKi Challenge မှာပါတဲ့ သီချင်းဟာ Rapper အဆိုတော် Drake ရဲ့ သီချင်းဖြစ်ပြီး နာမည်က “In My Feelings” ဖြစ်တဲ့အတွက်  #InMyFeelingsChallenge လို့လည်း ခေါ်ပါတယ်။

ကကြခုန်ကြတဲ့ ပုံကတော့ သိတဲ့အတိုင်း သီချင်းအလိုက်နဲ့ ဖြည်းဖြည်းချင်းမောင်းနေတဲ့ ကားပေါ်ကနေ ဆင်းပြီး ကတာပါပဲ။ ကပြီးရင်တော့ ကားထဲ ပြန်ဝင်တဲ့ ပုံစံလုပ်ပါတယ်။

ဒီ Kiki Challenge စခဲ့တာကတော့ အွန်လိုင်းမှာ နာမည်ကြီးတစ်ယောက်လည်း ဖြစ်၊ Comedian တစ်ယောက်လည်း ဖြစ်တဲ့ Shiggy က ကားတွေရှုပ်နေတဲလမ်းမှာ စပြီး ကပြခဲ့ရာကနေ စတာပါ။ Video ရဲ့ Caption ကိုလည်း ‘KEKE DO YOU LOVE ME?’ လို့ တပ်ထားခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ လူမှုကွန်ရက်မှာ ချက်ချင်းပျံ့နှံ့သွားပြီး ဟောလီးဝုဒ်နာမည်ကျော်မင်းသား Will Smith ကအစ KiKi Challenge ကို ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဒါပေမယ့် ဒီ Challenge အကဟာ ကားတစ်ဘက်ကို ဆင်းပြီး ကရတာ ဖြစ်တဲ့အတွက် တစ်ဖက်က လာတဲ့ ကားနဲ့ ချိတ်မိနိုင်တာ ဒါမှမဟုတ်လည်း ကားအရှိန်များတုန်းဆင်းရင် ချော်လဲပြီး ထိခိုက်ဒဏ်ရာရနိုင်တာတွေကြောင့်

အိန္ဒိယမှာရှိတဲ့ Mumbai Police ကတော့ KiKi Challenge ကို  သတိပေးချက်ထုတ်ပြန်ထားရပါတယ်။ဒါကြောင့် ကလည်း က၊ ကိုယ့်အန္တရာယ်လည်း ကိုယ်ကြည့်ကြပါလို့ အခရာက အချစ်ကလေးတွေကို သတိပေးလိုက်ချင်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : hindustantimes.com