၂၀၁၇ခုႏွစ္ရဲ့ Billboard Music Awards ဆုေပးပြဲၾကီးကေတာ့ Las Vegas မွာရွိတဲ့ T Mobile Arena ရုံမွာ ေမလ ၂၁ ရက္  တနဂၤေႏြေန႔ကပဲ က်င္းပျပီးစီးသြားျပီ ျဖစ္ပါတယ္ခင္ဗ်ာ။

ဒီပြဲအတြက္ ဆန္ကာတင္စာရင္းကုိေတာ့ ဧျပီလ ၁၀ ရက္ ၂၀၁၇ ခုႏွစ္ထဲက ထုတ္ျပန္ထားတာျဖစ္ျပီး အဲဒီစာရင္းထဲမွာ  The Chain Smokers ၊ Beyonce’ ၊ Twenty One Pilots တို႔လို နာမည္ၾကီးေတြ ပါဝင္ခဲ့ပါတယ္။ ဒီႏွစ္အတြက္ ပြဲအစီအစဥ္တင္ဆက္သူေတြအျဖစ္ Luda Cris နဲ႔ Venessa Hudgens တို႔က တင္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။

ဒီႏွစ္ BBMA (Billboard Music Awards) ရဲ့ ထူးျခားခ်က္ ၂ ခုကေတာ့ Drake တစ္ေယာက္ ရွိသမွ်ဆုေတြ သိမ္းၾကံဳးရယူျပီး ဆု ၁၃ ဆုနဲ႔ စံခ်ိန္ခ်ိဳးေအာင္ပြဲခံသြားတာနဲ႔ Celine Dion ဟာ My Heart Will Go On သီခ်င္းကို တစ္ေက်ာ့ျပန္ အေကာင္းဆံုးေဖ်ာ္ေျဖျပသြားျပီး ပရိသတ္ေတြရဲ့ စိတ္ႏွလံုးကို သိမ္းပိုက္သြားျခင္းပဲ ျဖစ္ပါတယ္။

ေဖ်ာ္ေျဖေရးေတြကလည္း အမုိက္စားေတြပါဗ်ာ။ Nicki Minaj ၊ Jason Derulo ၊ David Guetta ၊ Lil’ Wayne ၊ Camila Cabello ၊ The Chain Smokers ၊ Julia Michaels ၊ Ed Sheeran ၊ Miley Cyrus ၊ Lorde ၊ Sam Hunt ၊ Celine Dion ၊ Imagine Dragons ၊ Drake ၊ Halsey ၊ John Legend ၊ Bruno Mars စတဲ့ ဒိတ္ဒိတ္ၾကဲေတြခ်ည္း အမိုက္စား Performance ေတြနဲ႔ ေဖ်ာ္ေျဖေပးခဲ့ၾကပါတယ္။

Celine ဟာ အျဖဴေရာင္ လက္ေဖာင္းအၾကီးၾကီးနဲ႔ ဂါဝန္ရွည္ကို ဆင္ျမန္းထားျပီး သူစတင္သီဆိုခ်ိန္က စျပီးေတာ့ လီယိုနာဒိုနဲ႔ ကိတ္ဝင္းစလက္တို႔ ပါဝင္သရုပ္ေဆာင္ထားတဲ့ Titanic ဇာတ္ကားရဲ့ ဇာတ္ဝင္ခန္းေတြကို ေနာက္ခံျပသေပးေနခဲ့တာ ျဖစ္ပါတယ္။ Celine ရဲ့ အခုထိ ေကာင္းျမဲေကာင္းဆဲ အသံအင္အားနဲ႔ ရင္သပ္ရႈေမာဖြယ္ေဖ်ာ္ေျဖႏုိင္ခဲ့မႈေၾကာင့္ အစီအစဥ္တင္ဆက္သူတစ္ေယာက္ျဖစ္တဲ့ Venessa Hudgens ေတာင္ မ်က္ရည္ဝဲခဲ့ရျပီး ပရိသတ္ေတြနဲ႔ တျခားနာမည္ၾကီး အဆိုေတာ္ေတြဟာဆိုရင္ သူ႔ေဖ်ာ္ေျဖမႈအျပီးမွာ မတ္တတ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳခဲ့ၾကရပါတယ္။

ဆုေၾကျငာတဲ့အခါမွာေတာ့ Top Artist ၊ Top Billboard 200 Artist ၊ Top Song Sales Artist စတဲ့ ထိပ္တန္းဆုေတြအပါအဝင္ ဆု ၁၃ ဆုကို Drake တစ္ေယာက္ သိမ္းပိုက္သြားခဲ့တာ ျဖစ္ပါတယ္။ ဒီဆုေတြကိုေတာ့ သူ႔အေနနဲ႔ ဆန္ကာတင္စာရင္းမွာ ပါတဲ့ အျခားနာမည္ၾကီး The Weeknd ၊ Justin Biebers ၊ Rihanna တို႔ကို ေက်ာ္ျဖတ္ျပီး ရရွိခဲ့တာ ျဖစ္ပါတယ္။

Top Female Artist ကိုေတာ့ Beyonce’ က ရရွိသြားျပီး အဖြဲ႔လိုက္ဆုကိုေတာ့ Twenty One Pilots က ရရွိသြားခဲ့ပါတယ္။ Top Collaboration (အေကာင္းဆုံုးေပါင္းစည္းသီဆုိမႈ)ဆုကိုေတာ့ The Chain Smokers နဲ႔ Halsey တို႔သီဆိုထားတဲ့ “Closer” သီခ်င္းက ရရွိျပီးေတာ့ Top Rock Song ကိုေတာ့ Twenty One Pillot က “Heathens”နဲ႔ ရရွိသြားပါတယ္ခင္ဗ်ာ။

ေအာက္မွာေတာ့ Celine Dion ရဲ့ Titanic ဇာတ္ဝင္ေတး “My Heart Will Go On” သီခ်င္း သီဆုိေဖ်ာ္ေျဖပံုကိုလည္း ရွုစားၾကည့္ၾကပါဦး။

 

Unicode Version

၂၀၁၇ခုနှစ်ရဲ့ Billboard Music Awards ဆုပေးပွဲကြီးကတော့ Las Vegas မှာရှိတဲ့ T Mobile Arena ရုံမှာ မေလ ၂၁ ရက် တနင်္ဂနွေနေ့ကပဲ ကျင်းပပြီးစီးသွားပြီ ဖြစ်ပါတယ်ခင်ဗျာ။

ဒီပွဲအတွက် ဆန်ကာတင်စာရင်းကိုတော့ ဧပြီလ ၁၀ ရက် ၂၀၁၇ ခုနှစ်ထဲက ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီစာရင်းထဲမှာ The Chain Smokers ၊ Beyonce’ ၊ Twenty One Pilots တို့လို နာမည်ကြီးတွေ ပါဝင်ခဲ့ပါတယ်။ ဒီနှစ်အတွက် ပွဲအစီအစဉ်တင်ဆက်သူတွေအဖြစ် Luda Cris နဲ့ Venessa Hudgens တို့က တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ် BBMA (Billboard Music Awards) ရဲ့ ထူးခြားချက် ၂ ခုကတော့ Drake တစ်ယောက် ရှိသမျှဆုတွေ သိမ်းကြုံးရယူပြီး ဆု ၁၃ ဆုနဲ့ စံချိန်ချိုးအောင်ပွဲခံသွားတာနဲ့ Celine Dion ဟာ My Heart Will Go On သီချင်းကို တစ်ကျော့ပြန် အကောင်းဆုံးဖျော်ဖြေပြသွားပြီး ပရိသတ်တွေရဲ့ စိတ်နှလုံးကို သိမ်းပိုက်သွားခြင်းပဲ ဖြစ်ပါတယ်။

ဖျော်ဖြေရေးတွေကလည်း အမိုက်စားတွေပါဗျာ။ Nicki Minaj ၊ Jason Derulo ၊ David Guetta ၊ Lil’ Wayne ၊ Camila Cabello ၊ The Chain Smokers ၊ Julia Michaels ၊ Ed Sheeran ၊ Miley Cyrus ၊ Lorde ၊ Sam Hunt ၊ Celine Dion ၊ Imagine Dragons ၊ Drake ၊ Halsey ၊ John Legend ၊ Bruno Mars စတဲ့ ဒိတ်ဒိတ်ကြဲတွေချည်း အမိုက်စား Performance တွေနဲ့ ဖျော်ဖြေပေးခဲ့ကြပါတယ်။

Celine ဟာ အဖြူရောင် လက်ဖောင်းအကြီးကြီးနဲ့ ဂါဝန်ရှည်ကို ဆင်မြန်းထားပြီး သူစသီဆိုချိန်က စပြီးတော့ လီယိုနာဒိုနဲ့ ကိတ်ဝင်းစလက်တို့ရဲ့ Titanic ဇာတ်ဝင်ခန်းတွေကို နောက်ခံပြသပေးနေခဲ့တာ ဖြစ်ပါတယ်။ Celine ရဲ့ အခုထိ ကောင်းမြဲကောင်းဆဲ အသံအင်အားနဲ့ ရင်သပ်ရှုမောဖွယ်ဖျော်ဖြေနိုင်ခဲ့မှုကြောင့် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Venessa Hudgens တောင် မျက်ရည်ဝဲခဲ့ရပြီး ပရိသတ်တွေနဲ့ တခြားနာမည်ကြီး အဆိုတော်တွေဟာဆိုရင် သူ့ဖျော်ဖြေမှုအပြီးမှာ မတ်တတ်ရပ် လက်ခုပ်တီး ဂုဏ်ပြုခဲ့ကြရပါတယ်။

ဆုကြေငြာတဲ့အခါမှာတော့ Top Artist ၊ Top Billboard 200 Artist ၊ Top Song Sales Artist စတဲ့ ထိပ်တန်းဆုတွေအပါအဝင် ဆု ၁၃ ဆုကို Drake တစ်ယောက် သိမ်းပိုက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီဆုတွေကိုတော့ သူ့အနေနဲ့ ဆန်ကာတင်စာရင်းမှာ ပါတဲ့ အခြားနာမည်ကြီး The Weeknd ၊ Justin Biebers ၊ Rihanna တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

Top Female Artist ကိုတော့ Beyonce’ က ရရှိသွားပြီး အဖွဲ့လိုက်ဆုကိုတော့ Twenty One Pilots က ရရှိသွားခဲ့ပါတယ်။ Top Collaboration (အကောင်းဆုံုးပေါင်းစည်းသီဆိုမှု)ဆုကိုတော့ The Chain Smokers နဲ့ Halsey တို့သီဆိုထားတဲ့ “Closer” သီချင်းက ရရှိပြီးတော့ Top Rock Song ကိုတော့ Twenty One Pillot က “Heathens”နဲ့ ရရှိသွားပါတယ်ခင်ဗျာ။

အောက်မှာတော့ Celine Dion ရဲ့ Titanic ဇာတ်ဝင်တေး “My Heart Will Go On” သီချင်း သီဆိုဖျော်ဖြေပုံကိုလည်း ရှုစားကြည့်ကြပါဦး။

 

ရိုးလူ (အခရာ)

www.akhayar.com