[ZawGyi]

ဘီလ်ံနာဘဝထက္တစ္လကို ၁၂ ေဒၚလာဝင္ေငြရခဲ႔တဲ႔အခ်ိန္ကို ပိုေပ်ာ္တယ္လုိ႔ေျပာတဲ႔ Jack Ma

ေအာင္ျမင္မႈရျပီးေငြေၾကးခ်မ္းသာသြားတဲ႔လူေတာ္ေတာ္မ်ားမ်ားက အခ်ိန္ၾကာလာတဲ႔အခါ ဟိုတုန္းကအခ်ိန္ေတြျပန္မက္ေမာတယ္၊ အရင္လုိလြတ္လပ္ေပါ႔ပါးမႈေတြျပန္ရခ်င္တယ္ဆိုတာမ်ိဳးေတြ တမ္းတမ္းတတေျပာေလ႔ရွိၾကတာေတြ႔ရမွာပါ။ တကယ္ေတာ႔လည္း လူတစ္ေယာက္ေအာင္ျမင္ခ်မ္းသာလာတဲ႔အခါ၊ ေနရာတစ္ခုေရာက္လာတဲ႔အခါ သူ႔မွာထမ္းေဆာင္ထားရတဲ႔တာဝန္ေတြ၊ ေခါင္းထဲထည္႔ထားရမယ္႔အရာေတြ၊ လည္ပတ္ေနရမယ္႔ လုပ္ငန္းေတြကအမ်ားၾကီး။ ေပါေပါမ်ားမ်ားရွိလာရင္ သိပ္တန္ဖိုးရွိတယ္မထင္ေတာ႔သလုိပဲ ေငြေၾကးေတြေပါလာျပန္ေတာ႔ ျဖဳန္းစရာေနရာရွားလာ ေငြသံုးရတာသိပ္ျပီးေပ်ာ္စရာမေကာင္းေတာ႔တာမ်ိဳးလည္းရွိၾကပါေသးတယ္။
Alibaba တည္ေထာင္သူ၊ တရုတ္သန္းၾကြယ္သူေဌး Jack Ma ကလည္း ဘီလ်ံနာျဖစ္လာခ်ိန္ သူ႔ရဲ႕စိတ္ခံစားခ်က္နဲ႔ ေပ်ာ္ရႊင္မႈဆိုတဲ႔အရာအေပၚကိုသံုးသပ္ ေျပာျပဖူးပါတယ္။ သူ႔အေၾကာင္းေတာ႔ အားလံုးလည္းသိၾကျပီးသလို အခက္အခဲေတြၾကားထဲကေန မဆုတ္မနစ္ၾကိဳးစားမႈေတြနဲ႔ သန္းၾကြယ္သူေဌးျဖစ္လာခဲ႔သူပါ။ သူကေရာ ဘဝမွာဘယ္အခ်ိန္ကိုအေပ်ာ္ရႊင္ဆံုးလုိ႔ ေျပာခဲ႔ပါသလဲ။ ေငြေၾကးခ်မ္းသာတိုင္း ေပ်ာ္ရႊင္ရသလားဆုိတာသူကအေျဖေပးခဲ႔ပါတယ္။

HP Pavilion

HP Pavilion

HP Pavilion အေၾကာင္း အေသးစိတ္သိရွိရန္ 

သူ႔အေနနဲ႔ဘဝမွာတကယ္ေပ်ာ္ရႊင္ခဲ႔ရတဲ႔အခ်ိန္ဟာ တစ္လကို ၁၂ ေဒၚလာသာရတဲ႔ အဂၤလိပ္စာဆရာအျဖစ္ အသက္ေမြးတဲ႔အခ်ိန္ပါတဲ႔။ Jack Ma ဟာ ၁၉၈၈ ခုနစ္မွာတရုတ္ႏိုင္ငံက သူ႔ရဲ႕ေမြးရပ္ေျမ Hangzhou ျမိဳ႕ေလးမွာ အဂၤလိပ္စာဆရာအျဖစ္ အသက္ေမြးပါတယ္။ အဲဒီအခ်ိန္က သူဟာ တစ္လကို ၁၂ ေဒၚလာသာရပါတယ္။ သူ႔အေၾကာင္း ရိုက္ထားတဲ႔ Documentary “Crocodile in the Yangtze” ထဲမွာလည္း ဒီအခ်က္ကိုေဖာ္ျပထားပါတယ္။

ဒီအခ်ိန္ကာလဟာ သူ႔ရဲ႕ဘဝမွာအေပ်ာ္ဆံုးအခ်ိန္ပါပဲလုိ႔ Economics Club of New York မွာသူကေျပာခဲ႔တာပါ။

“ခင္ဗ်ားမွာ ေငြသိပ္မရွိဘူးဆိုရင္ ဒါကိုဘယ္လုိခြဲျခမ္းျပီးသံုးစြဲရမလဲဆုိတာ ခင္ဗ်ားေကာင္းေကာင္းသိတယ္။ ဒါေပမဲ႔ ခင္ဗ်ားမွာ ၁ ဘီလီယံရွိလာျပီဆုိရင္ေတာ႔ အဲဒီေငြေၾကးနဲ႔အတူ တာဝန္ေတြတြဲပါလာျပီ။ လူေတြခင္ဗ်ားအေပၚယံုၾကည္မႈေၾကာင္႔ ဒီေငြေတြျဖစ္လာတာပါ။ ဒီေငြေတြဟာခင္ဗ်ားအေပၚထားတဲ႔ယံုၾကည္မႈေတြမို႔ ခင္ဗ်ားမွာတာဝန္ယူရမယ္႔အရာေတြရွိလာျပီ” လို႔သူကေျပာခဲ႔ပါတယ္။ ဒါက Alibaba ရဲ႕ IPO (initial public offering) နဲ႔ပတ္သက္ဆက္ႏြယ္ျပီး ေျပာခဲ႔တာပါ။

Jack Ma အေနနဲ႔ သန္းၾကြယ္သူေဌးျဖစ္ရျခင္းရဲ႕ပင္ပန္းမႈေတြနဲ႔သူ႔ဘဝရဲ႔ေပ်ာ္ရႊင္စရာအေကာင္းဆံုးအခ်ိန္ေတြအေၾကာင္းကို ဖြင္႔ဟခဲ႔တာဟာ ဒါကပထမဆံုးအၾကိမ္ေတာ႔မဟုတ္ပါဘူး။ နယူးေယာ႔ခ္မွာက်င္းပတဲ႔ Clinton Global Initiative မွာတုန္းကလည္း အဂၤလိပ္စာဆရာအျဖစ္အလုပ္လုပ္ခဲ႔တဲ႔ကာလေတြဟာ ဘဝမွာအေပ်ာ္ဆံုးေန႔ရက္ေတြလို႔ေျပာခဲ႔ဖူးပါတယ္။

” ေငြ တစ္သန္းေလာက္ခ်မ္းသာတယ္ဆုိတာက ကံေကာင္းတဲ႔သူလုိ႔ေျပာလုိ႔ရေသးတယ္ဗ်။ ဒါေပမဲ႔ ဆယ္သန္းေလာက္ရွိလာခ်ိန္က်ရင္ေတာ႔ ခင္ဗ်ားဒုကၡေရာက္ျပီပဲ” လို႔ သူဆိုဖူးပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

ဒါေၾကာင္႔ သူေဌးၾကီးေတြျဖစ္သြားတုိင္း အရမ္းကိုေပ်ာ္ေနရေတာ႔မယ္လုိ႔ မယူဆပါနဲ႔။ ေနေပ်ာ္ စားေပ်ာ္တဲ႔အေနအထားတစ္ခုနဲ႔ ကိုယ္႔အလုပ္ကိုဂုဏ္ယူမိတဲ႔အခ်ိန္၊ စိတ္ေပ်ာ္ရႊင္ေနခ်ိန္ဟာလည္း ကိုယ္႔ဘဝမွာအေအာင္ျမင္ဆံုးအခ်ိန္ပါပဲ။
တကယ္ေတာ႔ ဘဝဆုိတာတုိတုိေလးမို႔ တန္ဖိုးရွိတဲ႔အလုပ္ေတြလုပ္ရင္း စိတ္ခ်မ္းသာစြာေနသြားႏိုင္ဖို႔သာ အေရးၾကီးပါတယ္။ စိတ္ခ်မ္းသာေပ်ာ္ရႊင္မႈအတြက္ ေငြေၾကးကပမာဏတစ္ခုအထိအေရးပါေနျပန္ေတာ႔ကား ေငြကရွာတာေတာ႔ရွာေနရမွာပါ။ ဒါေပမဲ႔ ေငြအတြက္နဲ႔ဘာကိုမွမျမင္ ေငြေနာက္ပဲလိုက္ျပီးေပ်ာ္စရာအခ်ိန္ေတြကို မ်က္ကြယ္မျပဳမိေစဖုိ႔ေတာ႔ လိုတယ္မဟုတ္ပါလား။

www.akhayar.com

[Unicode]

ဘီလျံနာဘဝထက်တစ်လကို ၁၂ ဒေါ်လာဝင်ငွေရခဲ့တဲ့အချိန်ကို ပိုပျော်တယ်လို့ပြောတဲ့ Jack Ma

အောင်မြင်မှုရပြီးငွေကြေးချမ်းသာသွားတဲ့လူတော်တော်များများက အချိန်ကြာလာတဲ့အခါ ဟိုတုန်းကအချိန်တွေပြန်မက်မောတယ်၊ အရင်လိုလွတ်လပ်ပေါ့ပါးမှုတွေပြန်ရချင်တယ်ဆိုတာမျိုးတွေ တမ်းတမ်းတတပြောလေ့ရှိကြတာတွေ့ရမှာပါ။ တကယ်တော့လည်း လူတစ်ယောက်အောင်မြင်ချမ်းသာလာတဲ့အခါ၊ နေရာတစ်ခုရောက်လာတဲ့အခါ သူ့မှာထမ်းဆောင်ထားရတဲ့တာဝန်တွေ၊ ခေါင်းထဲထည့်ထားရမယ့်အရာတွေ၊ လည်ပတ်နေရမယ့် လုပ်ငန်းတွေကအများကြီး။ ပေါပေါများများရှိလာရင် သိပ်တန်ဖိုးရှိတယ်မထင်တော့သလိုပဲ ငွေကြေးတွေပေါလာပြန်တော့ ဖြုန်းစရာနေရာရှားလာ ငွေသုံးရတာသိပ်ပြီးပျော်စရာမကောင်းတော့တာမျိုးလည်းရှိကြပါသေးတယ်။
Alibaba တည်ထောင်သူ၊ တရုတ်သန်းကြွယ်သူဌေး Jack Ma ကလည်း ဘီလျံနာဖြစ်လာချိန် သူ့ရဲ့စိတ်ခံစားချက်နဲ့ ပျော်ရွှင်မှုဆိုတဲ့အရာအပေါ်ကိုသုံးသပ် ပြောပြဖူးပါတယ်။ သူ့အကြောင်းတော့ အားလုံးလည်းသိကြပြီးသလို အခက်အခဲတွေကြားထဲကနေ မဆုတ်မနစ်ကြိုးစားမှုတွေနဲ့ သန်းကြွယ်သူဌေးဖြစ်လာခဲ့သူပါ။ သူကရော ဘဝမှာဘယ်အချိန်ကိုအပျော်ရွှင်ဆုံးလို့ ပြောခဲ့ပါသလဲ။ ငွေကြေးချမ်းသာတိုင်း ပျော်ရွှင်ရသလားဆိုတာသူကအဖြေပေးခဲ့ပါတယ်။

HP Pavilion

HP Pavilion

HP Pavilion အကြောင်း အသေးစိတ်သိရှိရန် 

သူ့အနေနဲ့ဘဝမှာတကယ်ပျော်ရွှင်ခဲ့ရတဲ့အချိန်ဟာ တစ်လကို ၁၂ ဒေါ်လာသာရတဲ့ အင်္ဂလိပ်စာဆရာအဖြစ် အသက်မွေးတဲ့အချိန်ပါတဲ့။ Jack Ma ဟာ ၁၉၈၈ ခုနစ်မှာတရုတ်နိုင်ငံက သူ့ရဲ့မွေးရပ်မြေ Hangzhou မြို့လေးမှာ အင်္ဂလိပ်စာဆရာအဖြစ် အသက်မွေးပါတယ်။ အဲဒီအချိန်က သူဟာ တစ်လကို ၁၂ ဒေါ်လာသာရပါတယ်။ သူ့အကြောင်း ရိုက်ထားတဲ့ Documentary “Crocodile in the Yangtze” ထဲမှာလည်း ဒီအချက်ကိုဖော်ပြထားပါတယ်။

ဒီအချိန်ကာလဟာ သူ့ရဲ့ဘဝမှာအပျော်ဆုံးအချိန်ပါပဲလို့ Economics Club of New York မှာသူကပြောခဲ့တာပါ။

“ခင်ဗျားမှာ ငွေသိပ်မရှိဘူးဆိုရင် ဒါကိုဘယ်လိုခွဲခြမ်းပြီးသုံးစွဲရမလဲဆိုတာ ခင်ဗျားကောင်းကောင်းသိတယ်။ ဒါပေမဲ့ ခင်ဗျားမှာ ၁ ဘီလီယံရှိလာပြီဆိုရင်တော့ အဲဒီငွေကြေးနဲ့အတူ တာဝန်တွေတွဲပါလာပြီ။ လူတွေခင်ဗျားအပေါ်ယုံကြည်မှုကြောင့် ဒီငွေတွေဖြစ်လာတာပါ။ ဒီငွေတွေဟာခင်ဗျားအပေါ်ထားတဲ့ယုံကြည်မှုတွေမို့ ခင်ဗျားမှာတာဝန်ယူရမယ့်အရာတွေရှိလာပြီ” လို့သူကပြောခဲ့ပါတယ်။ ဒါက Alibaba ရဲ့ IPO (initial public offering) နဲ့ပတ်သက်ဆက်နွယ်ပြီး ပြောခဲ့တာပါ။

Jack Ma အနေနဲ့ သန်းကြွယ်သူဌေးဖြစ်ရခြင်းရဲ့ပင်ပန်းမှုတွေနဲ့သူ့ဘဝရဲ့ပျော်ရွှင်စရာအကောင်းဆုံးအချိန်တွေအကြောင်းကို ဖွင့်ဟခဲ့တာဟာ ဒါကပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ နယူးယော့ခ်မှာကျင်းပတဲ့ Clinton Global Initiative မှာတုန်းကလည်း အင်္ဂလိပ်စာဆရာအဖြစ်အလုပ်လုပ်ခဲ့တဲ့ကာလတွေဟာ ဘဝမှာအပျော်ဆုံးနေ့ရက်တွေလို့ပြောခဲ့ဖူးပါတယ်။

” ငွေ တစ်သန်းလောက်ချမ်းသာတယ်ဆိုတာက ကံကောင်းတဲ့သူလို့ပြောလို့ရသေးတယ်ဗျ။ ဒါပေမဲ့ ဆယ်သန်းလောက်ရှိလာချိန်ကျရင်တော့ ခင်ဗျားဒုက္ခရောက်ပြီပဲ” လို့ သူဆိုဖူးပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကွောငျး အသေးစိတျကွည့ျရနျ

ဒါကြောင့် သူဌေးကြီးတွေဖြစ်သွားတိုင်း အရမ်းကိုပျော်နေရတော့မယ်လို့ မယူဆပါနဲ့။ နေပျော် စားပျော်တဲ့အနေအထားတစ်ခုနဲ့ ကိုယ့်အလုပ်ကိုဂုဏ်ယူမိတဲ့အချိန်၊ စိတ်ပျော်ရွှင်နေချိန်ဟာလည်း ကိုယ့်ဘဝမှာအအောင်မြင်ဆုံးအချိန်ပါပဲ။
တကယ်တော့ ဘဝဆိုတာတိုတိုလေးမို့ တန်ဖိုးရှိတဲ့အလုပ်တွေလုပ်ရင်း စိတ်ချမ်းသာစွာနေသွားနိုင်ဖို့သာ အရေးကြီးပါတယ်။ စိတ်ချမ်းသာပျော်ရွှင်မှုအတွက် ငွေကြေးကပမာဏတစ်ခုအထိအရေးပါနေပြန်တော့ကား ငွေကရှာတာတော့ရှာနေရမှာပါ။ ဒါပေမဲ့ ငွေအတွက်နဲ့ဘာကိုမှမမြင် ငွေနောက်ပဲလိုက်ပြီးပျော်စရာအချိန်တွေကို မျက်ကွယ်မပြုမိစေဖို့တော့ လိုတယ်မဟုတ်ပါလား။

www.akhayar.com