[Zawgyi]






Ref; GSMArena
ncTori95 (Akhayar)
www,akhayar.com

[Unicode]

ASUS ROG Gaming စမတ်ဖုန်းရဲ့ အမိုက်စား Wallpaper တွေကိုသင့်ဖုန်းမှာအသုံးပြုလို့ရပြီ

Asus ရဲ့ ROG စမတ်ဖုန်းကတော့ Gaming စမတ်ဖုန်းတွေထဲမှာ ရှားပါးပြီးလူကြိုက်များတဲ့ စမတ်ဖုန်းတစ်လုံးအနေနဲ့ရပ်တည်နေပါတယ်။ အဲ့ဒီဖုန်းဟာ နိုင်ငံတကာဈေးကွက်မှာအခုချိန်ထိ အလွယ်တစ်ကူဝယ်ယူလို့မရသေးသလို အမေရိကန်လိုနိုင်ငံမျိုးမှာတောင် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ဝယ်ယူနိုင်မယ်လို့လည်းသိရပါတယ်။ အဲ့ဒီလို ရှားရှားပါးပါးဖုန်းတစ်လုံးမှာ အရမ်းမိုက်တဲ့ Wallpaper တွေပါဝင်နေတာ စိတ်ဝင်စားဖို့ကောင်းရုံမက၊ အခွင့်အရေးရမယ်ဆို Download ပြုလုပ်ပြီးဖုန်းမှာသုံးကြည့်သင့်တယ်လို့ဆိုရမှာပါ။ XDA ရဲ့ Developer တွေကတော့ အဲ့ဒီအခွင့်အရေးကို Android စမတ်ဖုန်းအသုံးပြုသူတွေအားလုံးအတွက်ထုတ်ပေးလိုက်ပါပြီ။

ဒီနေရာမှာ Download ပြုလုပ်နိုင်ပါတယ်။

အောက်မှာ နမူနာပုံတွေ ဖော်ပြလိုက်ပါတယ်။

Asus ရဲ့ ROG စမတ်ဖုန်းမှာအသုံးပြုတဲ့ Display က AMOLED အမျိုးအစားဖြစ်တာကြောင့် သူ့ရဲ့ Wallpaper တွေဟာများသောအားဖြင့် Black Background တွေအသုံးများပါတယ်။ (Black Value ကောင်းမွန်တဲ့ AMOLED Display ကြောင့်ဖြစ်ပါတယ်) အကယ်၍သင့်ရဲ့ဖုန်းသာ AMOLED Display အသုံးပြုထားတယ်ဆိုရင်တော့ ဒီ Wallpaper တွေကိုမဖြစ်မနေစမ်းသပ်အသုံးပြုကြည့်ဖို့ အကြံပြုပါတယ်။

Ref; GSMArena
ncTori95 (Akhayar)
www,akhayar.com