This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ ဆာဘီးယားနဲ႔ ပြဲကို လြဲေခ်ာ္မယ့္ ေဒါက္ဂလက္ေကာ္စတာ

ေကာ္စတာရီကာကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အုပ္စုေနာက္ဆံုးပြဲအျဖစ္ ကစားရမယ့္ ဆာဘီးယားနဲ႔ ပြဲစဥ္ကို ဘရာဇီးလ္ ေတာင္ပံကစားသမား ေဒါက္ဂလက္ေကာ္စတာ Douglas Costa လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။ ဆာဘီးယားနဲ႔ ပြဲစဥ္ကို ေဒါက္ဂလက္ေကာ္စတာ Douglas Costa ေသခ်ာေပါက္ လြဲေခ်ာ္မွာျဖစ္ေၾကာင္း ဘရာဇီးလ္အသင္းက သတင္းထုတ္ျပန္ခဲ့သလို အသင္းဆရာဝန္ ရိုဒရီဂိုလက္စ္မာ Rodrigo Lasmar ကလည္း ဒဏ္ရာကို အတည္ျပဳေပးခဲ့ပါတယ္။ လက္စ္မာ Lasmar က “ေကာ္စတာရီကာနဲ႔ ပြဲအၿပီးမွာ သူ႔ရဲ႕ညာဘက္တံေကာက္ေၾကာက နာက်င္မႈေဝဒနာကို ခံစားေနရတယ္လို႔ ကၽြန္ေတာ့္ကို အသိေပးခဲ့တယ္။ စစ္ေဆးမႈေတြ ျပဳလုပ္အၿပီးမွာေတာ့ သူ႔ရဲ႕ ဒဏ္ရာက ဘယ္ဘက္ေျခေထာက္မွာ ျဖစ္ခဲ့တာပါ။ တံေကာက္ေၾကာ ဒဏ္ရာဆိုေပမယ့္ ကာလရွည္ အနားယူရဖို႔ မရွိဘဲ အေသးစား ၾကြက္သားဒဏ္ရာေလာက္သာ ရရွိခဲ့တာျဖစ္ပါတယ္”လို႔ မီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။

Douglas-Costa

Douglas-Costa

ဘရာဇီးလ္အသင္းမွာ ေဒါက္ဂလက္ေကာ္စတာ Douglas Costa အျပင္ ေနာက္ခံလူ ဒန္နီလို Danilo လည္း ဒဏ္ရာျပႆနာေၾကာင့္ ေမာ္စကိုၿမိဳ႕ကို လိုက္ပါရမွာမဟုတ္ဘဲ အသင္းအေျခခ်ေနထိုင္တဲ့ ဆိုခ်ီၿမိဳ႕မွာသာ အေပါ့စားေလ့က်င္းေရး အစီအစဥ္ေတြကို ျပဳလုပ္သြားရမွာ ျဖစ္ပါတယ္။ ေဒါက္ဂလက္ေကာ္စတာ Douglas Costa ရဲ႕ ဒဏ္ရာျပန္လည္ သက္သာလာမယ့္ ရက္အတိအက်ကို မသိရေသးေပမယ့္ အုပ္စုအဆင့္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ေတာ့ အသင္းနဲ႔ ျပန္လည္ပူးေပါင္းဖို႔ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာ ဘရာဇီးလ္အသင္းအေနနဲ႔ (၄)မွတ္ ရရွိထားၿပီး ဆာဘီးယားအသင္းက (၃)မွတ္ ရရွိထားတာျဖစ္လို႔ ထိပ္တိုက္ေတြ႕ဆံုေနတဲ့ အုပ္စုေနာက္ဆံုးပြဲစဥ္က(၂)သင္းလံုးအတြက္ အေရးပါေနတာျဖစ္ပါတယ္။ ဘရာဇီးလ္အသင္းနဲ႔ ဆာဘီးယားအသင္းရဲ႕ အုပ္စုေနာက္ဆံုးပြဲစဥ္ကို လာမယ့္ ဗုဒၶဟူးေန႔ ရုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕ရွိ Otkritie Arena ကြင္းမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။

REF:AS
Photo:Stadium Astro, Bavarian Football Works
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တံကောက်ကြော ဒဏ်ရာကြောင့် ဆာဘီးယားနဲ့ ပွဲကို လွဲချော်မယ့် ဒေါက်ဂလက်ကော်စတာ

ကော်စတာရီကာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် အုပ်စုနောက်ဆုံးပွဲအဖြစ် ကစားရမယ့် ဆာဘီးယားနဲ့ ပွဲစဉ်ကို ဘရာဇီးလ် တောင်ပံကစားသမား ဒေါက်ဂလက်ကော်စတာ Douglas Costa လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဆာဘီးယားနဲ့ ပွဲစဉ်ကို ဒေါက်ဂလက်ကော်စတာ Douglas Costa သေချာပေါက် လွဲချော်မှာဖြစ်ကြောင်း ဘရာဇီးလ်အသင်းက သတင်းထုတ်ပြန်ခဲ့သလို အသင်းဆရာဝန် ရိုဒရီဂိုလက်စ်မာ Rodrigo Lasmar ကလည်း ဒဏ်ရာကို အတည်ပြုပေးခဲ့ပါတယ်။ လက်စ်မာ Lasmar က “ကော်စတာရီကာနဲ့ ပွဲအပြီးမှာ သူ့ရဲ့ညာဘက်တံကောက်ကြောက နာကျင်မှုဝေဒနာကို ခံစားနေရတယ်လို့ ကျွန်တော့်ကို အသိပေးခဲ့တယ်။ စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာတော့ သူ့ရဲ့ ဒဏ်ရာက ဘယ်ဘက်ခြေထောက်မှာ ဖြစ်ခဲ့တာပါ။ တံကောက်ကြော ဒဏ်ရာဆိုပေမယ့် ကာလရှည် အနားယူရဖို့ မရှိဘဲ အသေးစား ကြွက်သားဒဏ်ရာလောက်သာ ရရှိခဲ့တာဖြစ်ပါတယ်”လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

Douglas-Costa

Douglas-Costa

ဘရာဇီးလ်အသင်းမှာ ဒေါက်ဂလက်ကော်စတာ Douglas Costa အပြင် နောက်ခံလူ ဒန်နီလို Danilo လည်း ဒဏ်ရာပြဿနာကြောင့် မော်စကိုမြို့ကို လိုက်ပါရမှာမဟုတ်ဘဲ အသင်းအခြေချနေထိုင်တဲ့ ဆိုချီမြို့မှာသာ အပေါ့စားလေ့ကျင်းရေး အစီအစဉ်တွေကို ပြုလုပ်သွားရမှာ ဖြစ်ပါတယ်။ ဒေါက်ဂလက်ကော်စတာ Douglas Costa ရဲ့ ဒဏ်ရာပြန်လည် သက်သာလာမယ့် ရက်အတိအကျကို မသိရသေးပေမယ့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာ ဘရာဇီးလ်အသင်းအနေနဲ့ (၄)မှတ် ရရှိထားပြီး ဆာဘီးယားအသင်းက (၃)မှတ် ရရှိထားတာဖြစ်လို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ အုပ်စုနောက်ဆုံးပွဲစဉ်က(၂)သင်းလုံးအတွက် အရေးပါနေတာဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းနဲ့ ဆာဘီးယားအသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို လာမယ့် ဗုဒ္ဓဟူးနေ့ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Otkritie Arena ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။

REF:AS
Photo:Stadium Astro, Bavarian Football Works
Aung Kyaw Wai (Akhayar)
www.akhayar.com