[Zawgyi]

ေဒါက္ဂလပ္စ္ေကာ္စတာကို အၿပီးသတ္ ေခၚယူခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္း

ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဘိုင္ယန္ျမဴးနစ္အသင္းကေန အငွားနဲ႔ ေခၚယူခဲ့တဲ့ ေတာင္ပံတိုက္စစ္ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa ကို ဂ်ဴဗင္တပ္စ္အသင္းက အၿပီးသတ္ ေခၚယူခဲ့ပါတယ္။ ဂ်ဴဗင္တပ္စ္အသင္းဟာ ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa အၿပီးသတ္ ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္အသင္းကို ေပါင္ (၃၅.၂)သန္း ေပးေခ်ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က အသက္ (၂၇)ႏွစ္အရြယ္ရွိ ေတာင္ပံတိုက္စစ္ ကစားသမား ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa ကို (၄)ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး အသင္းမွာ (၂၀၂၂)ခုႏွစ္အထိ ရွိေနမွာျဖစ္ေၾကာင္း ဂ်ဴဗင္တပ္စ္အသင္းပိုင္ Twitter ကေန တရားဝင္ ထုတ္ျပန္ခဲ့ပါတယ္။

Juventus-sign-Douglas-Costa-on-permanent-deal

Juventus-sign-Douglas-Costa-on-permanent-deal

ဂ်ဴဗင္တပ္စ္အသင္းဟာ ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa ရဲ႕ စာခ်ဳပ္သစ္နဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ထုတ္ျပန္ျခင္း မရွိေသးဘဲ အသင္းက အၿပီးသတ္ ေခၚယူႏိုင္ခဲ့တာကိုသာ ေဖာ္ျပခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေဒါက္ဂလပ္စ္ေကာ္စတာ Douglas Costa အေနနဲ႔ ၿပိဳင္ပြဲစံု (၆)ဂိုးအထိ သြင္းယူေပးခဲ့ကာ ဂိုးဖန္တီးမႈ (၁၄)ႀကိမ္အထိ ျပဳလုပ္ေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး အခုအခ်ိန္မွာ ဘရာဇီးလ္အသင္းနဲ႔အတူ ကမၻာ႔ဖလားၿပိဳင္ပြဲအတြက္ ေလ့က်င့္မႈေတြ ျပဳလုပ္ေနပါတယ္။

REF:BBC Sport
Photo:Juventus Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဒေါက်ဂလပ်စ်ကော်စတာကို အပြီးသတ် ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa ကို ဂျူဗင်တပ်စ်အသင်းက အပြီးသတ် ခေါ်ယူခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa အပြီးသတ် ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် (၃၅.၂)သန်း ပေးချေခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အသက် (၂၇)နှစ်အရွယ်ရှိ တောင်ပံတိုက်စစ် ကစားသမား ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa ကို (၄)နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး အသင်းမှာ (၂၀၂၂)ခုနှစ်အထိ ရှိနေမှာဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းပိုင် Twitter ကနေ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

Juventus-sign-Douglas-Costa-on-permanent-deal

Juventus-sign-Douglas-Costa-on-permanent-deal

ဂျူဗင်တပ်စ်အသင်းဟာ ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa ရဲ့ စာချုပ်သစ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိသေးဘဲ အသင်းက အပြီးသတ် ခေါ်ယူနိုင်ခဲ့တာကိုသာ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျူဗင်တပ်စ်အသင်းအတွက် ဒေါက်ဂလပ်စ်ကော်စတာ Douglas Costa အနေနဲ့ ပြိုင်ပွဲစုံ (၆)ဂိုးအထိ သွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု (၁၄)ကြိမ်အထိ ပြုလုပ်ပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး အခုအချိန်မှာ ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။

REF:BBC Sport
Photo:Juventus Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com