[Zawgyi]

၀ိုင္ဂယ္လ္ Weigl အတြက္ေျပာင္းေရႊ႕ေၾကးသတ္မွတ္လိုက္တဲ႔ ေဒါ႔မြန္

ဂ်ာမန္ဘြန္ဒစ္လီဂါကလပ္ ေဒါ႔မြန္အသင္းဟာ အသင္းရဲ႕လူငယ္ကြင္းလယ္လူ ၀ိုင္ဂယ္လ္ Weigl အတြက္ ေျပာင္းေရႊ႕ေၾကး သတ္မွတ္လိုက္တယ္လို႔ သိရပါတယ္။ ေဒါ႔မြန္အသင္းဟာ ၀ိုင္ဂယ္လ္ Weigl ရဲ႕တန္ေၾကးကို ေပါင္(၆၈)သန္း သတ္မွတ္လိုက္တာျဖစ္ျပီး ၀ိုင္ဂယ္လ္ Weigl ကိုေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးအသင္းက စိတ္၀င္စားေနခဲ႔တာပဲျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ အသက္(၃၃)ႏွစ္အရြယ္ ရိွျပီျဖစ္သူ ကြင္းလယ္လူ ဖာနန္ဒင္ဟို Fernandinho ရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ၀ိုင္ဂယ္လ္ Weigl ကိုစိတ္၀င္စားေနခဲ႔တာျဖစ္ျပီး လာမယ္႔ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလမွာ ကမ္းလွမ္းသြားဖို႔ရိွေနပါတယ္။

Weigl

Weigl

အသက္(၂၃)ႏွစ္အရြယ္ရိွျပီျဖစ္သူ ဂ်ာမနီကြင္းလယ္လူ ၀ိုင္ဂယ္လ္ Weigl ဟာ လက္ရိွအခ်ိန္ထိ ေဒါ႔မြန္အသင္းအတြက္ ပြဲေပါင္း(၁၂၇)ပြဲကစားထားျပီး (၂)ဂိုးသြင္းယူထားပါတယ္။

၀ိုင္ဂယ္လ္ Weigl ဟာ ဂ်ာမနီလက္ေရြးစင္အသင္းအတြက္ ပြဲစဥ္(၅)ပြဲပါ၀င္ ကစားေပးထားသူျဖစ္ပါတယ္။ ၀ိုင္ဂယ္လ္ Weigl ရဲ႕အေျပာင္းအေရႊ႕ဘာေတြဆက္ျဖစ္လာမလဲဆိုတာကိုေတာ႔ ေစာင္႔ၾကည္႔သြားၾကရပါလိမ္႔မယ္။

Ref: Goal.com
Photo: Squawka , Lattenkreuz
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဝိုင်ဂယ်လ် Weigl အတွက်ပြောင်းရွှေ့ကြေးသတ်မှတ်လိုက်တဲ့ ဒေါ့မွန်

ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းဟာ အသင်းရဲ့လူငယ်ကွင်းလယ်လူ ဝိုင်ဂယ်လ် Weigl အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။ ဒေါ့မွန်အသင်းဟာ ဝိုင်ဂယ်လ် Weigl ရဲ့တန်ကြေးကို ပေါင်(၆၈)သန်း သတ်မှတ်လိုက်တာဖြစ်ပြီး ဝိုင်ဂယ်လ် Weigl ကိုခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းက စိတ်ဝင်စားနေခဲ့တာပဲဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အသက်(၃၃)နှစ်အရွယ် ရှိပြီဖြစ်သူ ကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဝိုင်ဂယ်လ် Weigl ကိုစိတ်ဝင်စားနေခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းသွားဖို့ရှိနေပါတယ်။

Weigl

Weigl

အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ဂျာမနီကွင်းလယ်လူ ဝိုင်ဂယ်လ် Weigl ဟာ လက်ရှိအချိန်ထိ ဒေါ့မွန်အသင်းအတွက် ပွဲပေါင်း(၁၂၇)ပွဲကစားထားပြီး (၂)ဂိုးသွင်းယူထားပါတယ်။

ဝိုင်ဂယ်လ် Weigl ဟာ ဂျာမနီလက်ရွေးစင်အသင်းအတွက် ပွဲစဉ်(၅)ပွဲပါဝင် ကစားပေးထားသူဖြစ်ပါတယ်။ ဝိုင်ဂယ်လ် Weigl ရဲ့အပြောင်းအရွှေ့ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်သွားကြရပါလိမ့်မယ်။

Ref: Goal.com
Photo: Squawka , Lattenkreuz
Ko Kyue(Akhayar)
www.akhayar.com