[Zawgyi]

ေဒါ႔မြန္အသင္းမွာ ေစာင္႔ၾကည္႔ရမယ္႔ အဂၤလန္ၾကယ္ပြင္႔ ( သို႔ ) ဆန္ခ်ိဳ Sancho

ဆန္ခ်ိဳ Sancho ဆိုတဲ႔ နာမည္တစ္ခုဟာ ပရိသတ္ေတြအတြက္ တစိမ္းဆန္ဆန္ျဖစ္ေနမွာကေတာ႔ အေသအခ်ာပါပဲ။ သူဟာ ဂ်ာမန္ဘြန္ဒစ္လီဂါကလပ္ ေဒါ႔မြန္အသင္းရဲ႕ အသက္(၁၈)နွစ္အရြယ္သာရိွေသးတဲ႔ အဂၤလန္လူငယ္ ကစားသမားတစ္ဦးပါ။ အဂၤလန္လူငယ္ကစားသမားတစ္ဦးဟာ အသက္ငယ္ငယ္နဲ႔ ျပည္ပထြက္ကစားတယ္ဆိုတာ ထူးဆန္းတဲ႔ အေနအထားလို႔ေျပာလို႔ရပါတယ္။ အဂၤလန္ကစားသမားအမ်ားစုဟာ ျပည္ပထြက္ကစားရင္ က်ရံႈးၾကတာကမ်ားျပီး ေအာင္ျမင္မႈရတဲ႔ ကစားသမားဆိုတာ မက္မန္နာမန္ McManaman နဲ႔ ဟားဂေရ႕ဗ္Hargreaves တို႔ေလာက္သာရိွလို႔ လက္ခ်ိဳးေရလို႔ ေတာင္ရပါတယ္။ လက္ရိွမွာ ေျခစြမ္းေကာင္းေတြျပသေနတဲ႔ ဆန္ခ်ိဳကေတာ႔ ေအာင္ျမင္တဲ႔ကစားသမား စာရင္းမွာပါ၀င္လာမလားဆိုတာ စိတ္၀င္စားစရာပါပဲ။

Sancho

Sancho

ကစားသမားဘ၀အစကို ၀က္ဖို႔ဒ္နဲ႔ မန္စီးတီးအသင္းေတြမွာ စတင္ခဲ႔တဲ႔ ဆန္ခ်ိဳဟာ ၂၀၁၇ ခုႏွစ္အေရာက္မွာေတာ႔ ေဒါ႔မြန္အသင္းကိုေရာက္ရိွခဲ႔ပါတယ္။ ဆန္ခ်ိဳဟာ ျပီးခဲ႔တဲ႔ေဘာလံုးရာသီထဲက ေဒါ႔မြန္အသင္းရဲ႕ ပြဲစဥ္ေတြမွာ ရံဖန္ရံခါ၀င္ေရာက္ကစားေနခဲ႔ပါျပီ။ ဒီႏွစ္ေဘာလံုးရာသီအစမွာေတာ႔ ဆန္ခ်ိဳရဲ႕ေျခစြမ္းဟာ တိုးတက္မႈေတြရိွလာခဲ႔ျပီး အသင္းၾကီးေတြရဲ႕ စိတ္၀င္စားျခင္းကိုခံခဲ႔ရပါတယ္။ ဒီလိုအေနအထားေတြေၾကာင္႔ ေဒါ႔မြန္အသင္းကလည္း ဆန္ခ်ိဳကို ျမန္ျမန္ဆန္ဆန္ပဲ (၂၀၂၂) ခုႏွစ္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ႔ပါတယ္။ ထင္ေပၚရင္စင္ေပၚကေကာက္ဆိုသလိုပဲ လူငယ္ေတြကို ေနရာေပးေလ႔ရိွတဲ႔ အဂၤလန္အသင္းရဲ႕ နည္းျပ ေဆာက္ဂိတ္ Southgate ဟာလည္း ဆန္ခ်ိဳကို ေရွ႕တစ္ပတ္ထဲမွာကစားမယ္႔ ႏိုင္ငံတကာပြဲစဥ္ေတြအတြက္ အဂၤလန္အသင္းရဲ႕လူစာရင္းမွာေရြးခ်ယ္ခဲ႔ပါတယ္။ ဆန္ခ်ိဳဟာ သက္တမ္းလိုက္ အဂၤလန္လူငယ္လက္ေရြးစင္အသင္းေတြမွာ ပါ၀င္ခဲ႔သူျဖစ္ေပမယ္႔ အဂၤလန္လက္ေရြးစင္အသင္းၾကီးမွာေတာ႔ အခုမွပထမဆံုးေရြးခ်ယ္ခံခဲ႔ရတာပါ။ ေဒါ႔မြန္အသင္းရဲ႕ ေက်ာနံပါတ္(၇) အဂၤလန္လူငယ္တုိက္စစ္ကစားသမား ဆန္ခ်ိဳဟာ ဘယ္အဆင္႔ထိ ေတာက္ပႏိုင္မလဲဆိုတာ စိတ္၀င္စားဖို႔ေကာင္းေနျပီး သူေရွ႕ကျပည္ပမွာ ေအာင္ျမင္မႈရတဲ႔ အဂၤလိပ္ကစားသမားေတြရဲ႕ ေျခရာကိုလိုက္ႏိုင္မလားကို ေစာင္႔ၾကည္႔ၾကရပါလိမ္႔မယ္။

အဂၤလန္လက္ေရြးစင္အသင္း လူစာရင္း

Goalkeepers: Jordan Pickford (Everton), Marcus Bettinelli (Fulham), Jack Butland (Stoke), Alex McCarthy (Southampton)

Defenders: Trent Alexander-Arnold (Liverpool), Joe Gomez (Liverpool), Harry Maguire (Leicester), Danny Rose (Tottenham), Luke Shaw (Manchester United), John Stones (Manchester City), James Tarkowski (Burnley), Kieran Trippier (Tottenham), Kyle Walker (Manchester City)

Midfielders: Nathaniel Chalobah (Watford), Ross Barkley (Chelsea), Eric Dier (Tottenham), Jordan Henderson (Liverpool), James Maddison (Leicester), Mason Mount (Derby), Jadon Sancho (Borussia Dortmund), Harry Winks (Tottenham)

Forwards: Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Danny Welbeck (Arsenal)

Ref: Wikipedia , Sportskeeda
Photo: US Sports Guru , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဒေါ့မွန်အသင်းမှာ စောင့်ကြည့်ရမယ့် အင်္ဂလန်ကြယ်ပွင့် ( သို့ ) ဆန်ချို Sancho

ဆန်ချို Sancho ဆိုတဲ့ နာမည်တစ်ခုဟာ ပရိသတ်တွေအတွက် တစိမ်းဆန်ဆန်ဖြစ်နေမှာကတော့ အသေအချာပါပဲ။ သူဟာ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ အင်္ဂလန်လူငယ် ကစားသမားတစ်ဦးပါ။ အင်္ဂလန်လူငယ်ကစားသမားတစ်ဦးဟာ အသက်ငယ်ငယ်နဲ့ ပြည်ပထွက်ကစားတယ်ဆိုတာ ထူးဆန်းတဲ့ အနေအထားလို့ပြောလို့ရပါတယ်။ အင်္ဂလန်ကစားသမားအများစုဟာ ပြည်ပထွက်ကစားရင် ကျရှုံးကြတာကများပြီး အောင်မြင်မှုရတဲ့ ကစားသမားဆိုတာ မက်မန်နာမန် McManaman နဲ့ ဟားဂရေ့ဗ်Hargreaves တို့လောက်သာရှိလို့ လက်ချိုးရေလို့ တောင်ရပါတယ်။ လက်ရှိမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဆန်ချိုကတော့ အောင်မြင်တဲ့ကစားသမား စာရင်းမှာပါဝင်လာမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Sancho

Sancho

ကစားသမားဘဝအစကို ဝက်ဖို့ဒ်နဲ့ မန်စီးတီးအသင်းတွေမှာ စတင်ခဲ့တဲ့ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်အရောက်မှာတော့ ဒေါ့မွန်အသင်းကိုရောက်ရှိခဲ့ပါတယ်။ ဆန်ချိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီထဲက ဒေါ့မွန်အသင်းရဲ့ ပွဲစဉ်တွေမှာ ရံဖန်ရံခါဝင်ရောက်ကစားနေခဲ့ပါပြီ။ ဒီနှစ်ဘောလုံးရာသီအစမှာတော့ ဆန်ချိုရဲ့ခြေစွမ်းဟာ တိုးတက်မှုတွေရှိလာခဲ့ပြီး အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။ ဒီလိုအနေအထားတွေကြောင့် ဒေါ့မွန်အသင်းကလည်း ဆန်ချိုကို မြန်မြန်ဆန်ဆန်ပဲ (၂၀၂၂) ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။ ထင်ပေါ်ရင်စင်ပေါ်ကကောက်ဆိုသလိုပဲ လူငယ်တွေကို နေရာပေးလေ့ရှိတဲ့ အင်္ဂလန်အသင်းရဲ့ နည်းပြ ဆောက်ဂိတ် Southgate ဟာလည်း ဆန်ချိုကို ရှေ့တစ်ပတ်ထဲမှာကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာရွေးချယ်ခဲ့ပါတယ်။ ဆန်ချိုဟာ သက်တမ်းလိုက် အင်္ဂလန်လူငယ်လက်ရွေးစင်အသင်းတွေမှာ ပါဝင်ခဲ့သူဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာတော့ အခုမှပထမဆုံးရွေးချယ်ခံခဲ့ရတာပါ။ ဒေါ့မွန်အသင်းရဲ့ ကျောနံပါတ်(၇) အင်္ဂလန်လူငယ်တိုက်စစ်ကစားသမား ဆန်ချိုဟာ ဘယ်အဆင့်ထိ တောက်ပနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပြီး သူရှေ့ကပြည်ပမှာ အောင်မြင်မှုရတဲ့ အင်္ဂလိပ်ကစားသမားတွေရဲ့ ခြေရာကိုလိုက်နိုင်မလားကို စောင့်ကြည့်ကြရပါလိမ့်မယ်။

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်း

Goalkeepers: Jordan Pickford (Everton), Marcus Bettinelli (Fulham), Jack Butland (Stoke), Alex McCarthy (Southampton)

Defenders: Trent Alexander-Arnold (Liverpool), Joe Gomez (Liverpool), Harry Maguire (Leicester), Danny Rose (Tottenham), Luke Shaw (Manchester United), John Stones (Manchester City), James Tarkowski (Burnley), Kieran Trippier (Tottenham), Kyle Walker (Manchester City)

Midfielders: Nathaniel Chalobah (Watford), Ross Barkley (Chelsea), Eric Dier (Tottenham), Jordan Henderson (Liverpool), James Maddison (Leicester), Mason Mount (Derby), Jadon Sancho (Borussia Dortmund), Harry Winks (Tottenham)

Forwards: Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Danny Welbeck (Arsenal)

Ref: Wikipedia , Sportskeeda
Photo: US Sports Guru , The Independent
Ko Kyue(Akhayar)
www.akhayar.com