ဒေါ့မွန်အသင်းရောင်းချခဲ့တဲ့ နာမည်ကျော်ကစားသမားများ

ဒေါ့မွန်အသင်းဟာ ဂျာမန်ဘောလုံးလောကရဲ့ အစဉ်အလာကြီးတဲ့ ကလပ်အသင်းတစ်သင်းပါ။ ကစားသမားကောင်းတွေထွက်ပေါ်လေ့ရှိတဲ့ အသင်းဖြစ်ပြီး အဲဒီ ကစားသမားကောင်းတွေကို ရောင်းချတတ်တဲ့ ကလပ်အသင်းအဖြစ်လည်း နာမည်ကြီးပါတယ်။ ဒေါ့မွန်အသင်းဟာ သူတို့ရဲ့ကစားသမားတွေကို ငွေကြေးကြောင့် ရောင်းထုတ်တာမျိုးမဟုတ်ပဲ ကစားသမားတွေရဲ့ နောက်တစ်ဆင့်ကို တက်ချင်တဲ့ အလိုဆန္ဒအရသာ ရောင်းချခဲ့ရတာပါ။ ဒါပမေယ့် ရောင်းချခဲ့တဲ့ နာမည်ကျော်ကစားသမားတွေက များပြားခဲ့တာကြောင့် Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟမ်မဲလ် Hummels

Hummels

ဒေါ့မွန်အသင်းခံစစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ခဲ့တဲ့ ဟမ်မဲလ် Hummels ဟာ ဒေါ့မွန်အသင်းရဲ့ အကောင်းဆုံးအချိန်တွေတုန်းက အဓိကနေရာမှာရှိခဲ့တဲ့ ကစားသမားတစ်ဦးပါ။ အသင်းနဲ့ အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု(၂)ကြိမ်အပါအ၀င် ဂျာမန်ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့တဲ့ ဟမ်မဲလ် ဟာ ၂၀၁၆ ခုနှစ်မှာတော့ အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

(၂) ဂွန်ဒိုဂန် Gundagon

Gundagon

ဂွန်ဒိုဂန် Gundagon ဟာလည်း ဒါ့မွန်အသင်းရဲ့ အကောင်းဆုံးအချိန်တွေတုန်းက အသင်းရဲ့ကွင်းလယ်မှာ ခြေစွမ်းကောင်းတွေကိုပြသခဲ့သူပါ။ အသင်းနဲ့ အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု အပါအ၀င် ဂျာမန်ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့တဲ့ ဂွန်ဒိုဂန်ကို ခေါ်ယူဖို့ မန်ယူအသင်းက စိတ်ဝင်စားခဲ့ပေမယ့် ၂၀၁၆ ခုနှစ်မှာတော့ ဂွန်ဒိုဂန် ဟာ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

(၃) မစ်ခီတာရန် Mkhitaryan

Mkhitaryan

ဘွန်ဒစ်လီဂါ Players’ Player of the Season နဲ့ ဘွန်ဒစ်လီဂါ Assist Leader ဆုတွေကို ၂၀၁၅ – ၂၀၁၆ ဘောလုံးရာသီက ရရှိခဲ့တဲ့အထိ မစ်ခီတာရန် Mkhitaryan ဟာလည်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းဆိုသလိုပဲ ဒေါ့မွန်အသင်းဟာ မစ်ခီတာရန် ကို ၂၀၁၆ ခုနှစ်မှာ မန်ယူအသင်းဆီကို လက်လွှတ်ခဲ့ရပါတယ်။

(၄) လီဝန်ဒေါစကီး Lewandowski

Lewandowski

ဒေါ့မွန်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်ခဲ့တဲ့ လီဝန်ဒေါစကီး Lewandowski ဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၁၈၇)ပွဲမှာ (၁၀၃)ဂိုးသွင်းယူခဲ့ပါတယ်။ အသင်းနဲ့ အတူ ဘွန်ဒစ်လီဂါချန်ပီယံဆု(၂)ကြိမ်အပါအ၀င် ဂျာမန်ပြည်တွင်းဖလားအားလုံးကို ရယူနိုင်ခဲ့တဲ့ လီဝန်ဒေါစကီး ဟာ ၂၀၁၄ ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

(၅) ဒမ္ဘီလီ Dembélé

Dembele

ပြင်သစ်လူငယ် တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembélé ကတော့ ဒေါ့မွန်အသင်းမှာ ဘာမှတောင် သိပ်မလုပ်ပြလိုက်ရဘူးလို့ ပြောရမှာပါ။ ဒေါ့မွန်အသင်းမှာ တစ်ရာသီသာ ကစားခဲ့ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒမ်ဘီလီ ဟာ ဒေါ့မွန်အသင်းနဲ့အတူ ဂျာမန်ပိုကယ်ဖလားကိုတော့ ရရှိခဲ့ပါတယ်။

(၆) အူဘာမီယန်း Aubameyang

Aubameyang

လီဝန်ဒေါစကီး နောက်ပိုင်း ဒေါ့မွန်အသင်းရဲ့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်ခဲ့တဲ့ အူဘာမီယန်း Aubameyang ဟာ အသင်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပေမယ့် အသင်းကနေ ထွက်ခွာဖို့အတွက် ပရော်ဖက်ရှင်နယ်မဆန်တဲ့ အပြုအမူတွေကို ပြုလုပ်ခဲ့ပါတယ်။ အူဘာမီယန်း ဟာ အသင်းနဲ့ အတူဆုဖလားအောင်မြင်မှုတွေလည်း ရရှိခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

Ref: Sportskeeda
Photo: Goal.com , The Independent , Metro , Sporting News , Pinterest 
Ko Kyue(Akhayar)
www.akhayar.com