[Zawgyi]

အေဖေတြ နဲ႔တူတဲ့ ဆယ္ေက်ာ္သက္ေတးသံရွင္မေလး သံုးေယာက္

ေတးသံရွင္ဖခင္ေတြနဲ႔ဝါသနာတူ ရုပ္တူတဲ့ သမီးေလးေတြရွိၾကပါတယ္။ သူတို႔ေတြကေတာ့ အခုဆယ္ေက်ာ္သက္အရြယ္ေလးေတြ ျဖစ္ၾကၿပီး အနုပညာဝါသနာရွင္ေလးေတြ အေနနဲ႔ လုပ္ေဆာင္ေနၾကတာေတြ ကိုလည္း ေတြ႕ျမင္ရပါတယ္။ ပညာေရးကိုလည္း လုပ္ေဆာင္ေနၾကသလို သူတို႔ဝါသနာပါတဲ့ အလုပ္ေတြကိုလည္း ေျဖးေျဖးခ်င္းနဲ႕ စနစ္တက်လုပ္ေဆာင္ေနတာကို ေတြ႔ရတာလည္း ျဖစ္ပါတယ္။ ဖခင္ခ်စ္တဲ့ အေဖခ်စ္သမီးေလးေတြျဖစ္သလို ဖခင္နဲ႕လည္းဝါသနာတူတဲ့ သမီးေလးေတြကေတာ့ …..

ဂေရဟမ္နဲ႔ သမီးေလးျဖစ္သူ ပန္းေရာင္ျခယ္

အေဖျဖစ္သူ ဂေရဟမ္နဲ႔ရုပ္ခ်င္းဆင္သလို ဝါသနာပါတူတဲ့ သမီးေလးကေတာ့ ပန္းေရာင္ျခယ္ပါပဲ။

အေဖနဲ႔ သမီးေလးနွစ္ေယာက္

 

ပန္းေရာင္ျခယ္

အေဖတူသမီးႀကီး ပန္းေရာင္ျခယ္

ဖခင္ျဖစ္သူေရာမိခင္ျဖစ္သူေရာ နွစ္ေယာက္စလံုးရဲ ႔သည္းသည္းလႈပ္ခ်စ္ျခင္း ကို ညီအစ္မနွစ္ေယာက္ျဖစ္တဲ့ ပန္းေရာင္ျခယ္နဲ႔ ပန္းသြန္းျခယ္တို႔ ကရရွိထားၾကေပမယ့္လည္း သမီးႀကီးျဖစ္သူ ပန္းေရာင္ျခယ္ကေတာ့ အေဖနဲ႔ ေတာ္ေတာ္တူတာကိုလည္း ေတြ႔ရပါတယ္။

အေဖနဲ႔အတူတူ သီဆိုထားတဲ့ Wake Up Daddy ဆိုတဲ့ အေခြလည္း ထြက္ရွိထားသလို ခ်စ္ဖို႔ေကာင္းတဲ့အေဖတူသမီးေလး ပန္းေရာင္ျခယ္ကလည္း ေတးသီခ်င္းသီဆိုျခင္းအေတြ အျပင္အခုဆိုရင္ အနုပညာအလုပ္ေတြျဖစ္တဲ့ ေၾကာ္ျငာဓါတ္ပံုေတြရိုက္ကူးျခင္း နဲ႔ ေၾကာ္ျငာပစၥည္းေတြ အတြက္ Brand Ambassador တစ္ဦးအေနနဲ႔ပါလုပ္ေဆာင္ၿပီး ဝါသနာပါတဲ့ အနုပညာအလုပ္ေတြကိုလည္း လုပ္ေဆာင္ေနသူတစ္ဦးျဖစ္ပါတယ္။

 

အငဲ ရဲ ႔သမီးလမင္းခ

Rock အဆိုေတာ္ႀကီး အငဲရဲ ႔သမီးႀကီး လမင္းခ ဟာဆိုရင္လည္း ဖခင္နဲ႔အေတာ္ေတာ္ကိုတူပါတယ္။ ဖခင္ျဖစ္သူ လိုပဲ သီခ်င္းေတြသီဆိုရတာကို နွစ္သက္သလို ကူး…ကူ.. ဆိုတဲ့ ေတးစီးရီးအေခြလည္း ထြက္ရွိထားပါတယ္။

အငဲ မွာ သမီးနွစ္ေယာက္ရွိတဲ့အထဲမွ သမီးႀကီးလမင္းခ ကေတာ့ အေဖျဖစ္သူနဲ႔ ပိုတူတယ္လို႔ ထင္မိပါတယ္။

အဆိုေတာ္ အဲလက္စ္ နဲ႔ သမီးေလး Dora Alex

Dora ကလည္း အေဖျဖစ္သူလိုပါပဲ သီခ်င္းဆိုရတာကို ဝါသနာပါပါတယ္။ ရုပ္ကေတာ့အေမနဲ႔ဆင္တူပါတယ္။ အဲလက္စ္မွာ သားတစ္ေယာက္ ၊ သမီးတစ္ေယာက္ရွိၿပီး သားေလးကေတာ့ အေဖနဲ႔ ရုပ္ခ်င္းဆင္ ပါတယ္။

ထူးျခားစြာနဲ႔ ပဲ သူတို႔နွစ္ေယာက္ကလည္း အျမႊာေမာင္နွမ ေတြျဖစ္ပါတယ္။ သားျဖစ္သူေရာ သမီးျဖစ္သူမွာပါ သီခ်င္း ဆိုဝါသနာပါတာကိုလည္း ေတြ႔ရပါတယ္။

Dora ရဲ ႔သီခ်င္းေခြထြက္ဖုိ႔လည္း ရွိသလို သီခ်င္း ၈ ပုဒ္ပါဝင္မယ္လို႔လည္း သိရပါတယ္။ အေခြရဲ ႔နာမည္ေလး ကေတာ့ First Things First လို႔ေခၚပါတယ္။

Photo Credit: Dora Alex Facebook Page ၊ Lah Min Kha Facebook ၊ Pan Yaung Chel Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

အဖေတွေ နဲ့တူတဲ့ ဆယ်ကျော်သက်တေးသံရှင်မလေး သုံးယောက်

တေးသံရှင်ဖခင်တွေနဲ့ဝါသနာတူ ရုပ်တူတဲ့ သမီးလေးတွေရှိကြပါတယ်။ သူတို့တွေကတော့ အခုဆယ်ကျော်သက်အရွယ်လေးတွေ ဖြစ်ကြပြီး အနုပညာဝါသနာရှင်လေးတွေ အနေနဲ့ လုပ်ဆောင်နေကြတာ ကိုလည်း တွေ့မြင်ရပါတယ်။ ပညာရေးကိုလည်း လုပ်ဆောင်နေကြသလို သူတို့ဝါသနာပါတဲ့ အလုပ်တွေကိုလည်း ဖြေးဖြေးချင်းနဲ့ စနစ်တကျလုပ်ဆောင်နေတာကို တွေ့ရတာလည်း ဖြစ်ပါတယ်။ ဖခင်ချစ်တဲ့ အဖေချစ်သမီးလေးတွေဖြစ်သလို ဖခင်နဲ့လည်းဝါသနာတူတဲ့ သမီးလေးတွေကတော့ …..

ဂရေဟမ်နဲ့ သမီးလေးဖြစ်သူ ပန်းရောင်ခြယ်

အဖေဖြစ်သူ ဂရေဟမ်နဲ့ရုပ်ချင်းဆင်သလို ဝါသနာပါတူတဲ့ သမီးလေးကတော့ ပန်းရောင်ခြယ်ပါပဲ။

အဖေနဲ့ သမီးလေးနှစ်ယောက်

 

ပန်းရောင်ခြယ်

အဖေတူသမီးကြီး ပန်းရောင်ခြယ်

ဖခင်ဖြစ်သူရောမိခင်ဖြစ်သူရော နှစ်ယောက်စလုံးရဲ့သည်းသည်းလှုပ်ချစ်ခြင်း ကို ညီအစ်မနှစ်ယောက်ဖြစ်တဲ့ ပန်းရောင်ခြယ်နဲ့ ပန်းသွန်းခြယ်တို့ ကရရှိထားကြပေမယ့်လည်း သမီးကြီးဖြစ်သူ ပန်းရောင်ခြယ်ကတော့ အဖေနဲ့ တော်တော်တူတာကိုလည်း တွေ့ရပါတယ်။

အဖေနဲ့အတူတူ သီဆိုထားတဲ့ Wake Up Daddy ဆိုတဲ့ အခွေလည်း ထွက်ရှိထားသလို ချစ်ဖို့ကောင်းတဲ့အဖေတူသမီးလေး ပန်းရောင်ခြယ်ကလည်း တေးသီချင်းသီဆိုခြင်းအတွေ အပြင်အခုဆိုရင် အနုပညာအလုပ်တွေဖြစ်တဲ့ ကြော်ငြာဓါတ်ပုံတွေရိုက်ကူးခြင်း နဲ့ ကြော်ငြာပစ္စည်းတွေ အတွက် Brand Ambassador တစ်ဦးအနေနဲ့ပါလုပ်ဆောင်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလည်း လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။

 

အငဲ ရဲ့သမီးလမင်းခ

Rock အဆိုတော်ကြီး အငဲရဲ့သမီးကြီး လမင်းခ ဟာဆိုရင်လည်း ဖခင်နဲ့အတော်တော်ကိုတူပါတယ်။ ဖခင်ဖြစ်သူ လိုပဲ သီချင်းတွေသီဆိုရတာကို နှစ်သက်သလို ကူး…ကူ.. ဆိုတဲ့ တေးစီးရီးအခွေလည်း ထွက်ရှိထားပါတယ်။

အငဲ မှာ သမီးနှစ်ယောက်ရှိတဲ့အထဲမှ သမီးကြီးလမင်းခ ကတော့ အဖေဖြစ်သူနဲ့ ပိုတူတယ်လို့ ထင်မိပါတယ်။

အဆိုတော် အဲလက်စ် နဲ့ သမီးလေး Dora Alex

Dora ကလည်း အဖေဖြစ်သူလိုပါပဲ သီချင်းဆိုရတာကို ဝါသနာပါပါတယ်။ ရုပ်ကတော့အမေနဲ့ဆင်တူပါတယ်။ အဲလက်စ်မှာ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိပြီး သားလေးကတော့ အဖေနဲ့ ရုပ်ချင်းဆင် ပါတယ်။

ထူးခြားစွာနဲ့ ပဲ သူတို့နှစ်ယောက်ကလည်း အမြွှာမောင်နှမ တွေဖြစ်ပါတယ်။ သားဖြစ်သူရော သမီးဖြစ်သူမှာပါ သီချင်း ဆိုဝါသနာပါတာကိုလည်း တွေ့ရပါတယ်။

Dora ရဲ့သီချင်းခွေထွက်ဖို့လည်း ရှိသလို သီချင်း ၈ ပုဒ်ပါဝင်မယ်လို့လည်း သိရပါတယ်။ အခွေရဲ့နာမည်လေး ကတော့ First Things First လို့ခေါ်ပါတယ်။

Photo Credit: Dora Alex Facebook Page ၊ Lah Min Kha Facebook ၊ Pan Yaung Chel Facebook

ကြည်သာ (Akhayar)

www.akhayar.com