[Zawgyi]

ကုိယ့္ကုိယ္ကုိ မထက္ျမက္ဖူးလုိ႔ထင္ေနၿပီလား

တစ္ခါတေလမွာ ကုိယ့္ကုိယ္ကုိ မထက္ျမက္ဘူး၊ မေတာ္ဘူးလုိ႔ ထင္ေနတတ္ၾကပါတယ္။ ပတ္ဝန္းက်င္ ေဝဖန္မႈေတြကုိ ကုိယ့္တန္ဖုိး၊ ကုိယ့္အရည္အေသြးေတြလုိ႔ သတ္မွတ္ၾကပါတယ္။ လူေတြကလည္း ကုိယ့္ထမင္းကုိယ္စားၿပီး သူတစ္ပါးကုိ ကဲ့ရဲ႕ဖုိ႔ုဆိုရင္ ႏႈတ္သီးေကာင္းလ်ွာပါးေတြပဲေလ။ ပတ္ဝန္းက်င္က ေလွာင္ေျပာင္ေနတုန္းမွာ ကုိယ့္ခ်စ္သူကေတာင္ လက္တြဲျဖဳတ္တဲ့အခ်ိန္ေတြမွာဆုိ “ငါဟာ ဘာကုိမွ မစြမ္းေဆာင္ႏုိင္ေတာ့ဘူးလား” ဆုိၿပီး စိတ္ဓာတ္ေတြ က်ေနတတ္ပါတယ္။ တကယ္ေတာ့ ဒါေတြက အဆုံးအျဖတ္ေပးတာ မဟုတ္ပါဘူး။

ကုိယ့္အားသာခ်က္ သိေအာင္လုပ္

လူတုိင္းမွာ မတူညီတဲ့ အရည္အခ်င္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီအရည္အခ်င္းေတြကပဲ ကုိယ့္ကုိယ္ကုိသာမက လူ႕ေလာကႀကီးကုိေတာင္ သာယာလွပေစတယ္။ ကုိယ့္အားသာခ်က္က ဘာလဲဆုိတာ သိေအာင္ လုပ္ဖုိ႔လုိတယ္။  အဲဒီအားသာခ်က္က ကုိယ့္ဝါသနာနဲ႔ ထပ္တူက်ေနမယ္ဆုိရင္ ေသခ်ာေပါက္ေအာင္ျမင္ၿပီပဲေလ။ ခုိင္မာတဲ့ရည္မွန္းခ်က္ေတြ ကြ်မ္းက်င္တဲ့ပညာရပ္ေတြကုိ သိလာတဲ့အခါ ကုိယ့္ကုိယ္ကုိလည္း ယုံၾကည္မႈျမင့္တက္လာတယ္ေလ။ ပတ္ဝန္းက်င္က ေလတုိက္တာေတြလည္း ဂရုစုိက္စရာမလုိေတာ့ဘူး။

ဘယ္လုိ စဥ္းစားရမလဲ

ဒီေန႔ေခတ္မွာ ေအာင္ျမင္ေနတဲ့လူေတြအမ်ားစုက ပတ္ဝန္းက်င္ေဝဖန္မႈေတြ ေလာကဓံအရုိက္အခတ္ေတြ အနည္းနဲ႔အမ်ား ရင္ဆုိင္ခဲ့ၾကတာပဲေလ။ ေအာင္ျမင္မႈရဲ႕ေနာက္ကြယ္မွာ ပတ္ဝန္းက်င္က ရုိက္ခတ္တဲ့ ရင္နင့္စရာျဖစ္ရပ္ေတြ အမ်ားႀကီးရွိေနတာပဲေလ။ အထူးသိထားရမွာက ကုိယ္က ကုိယ္၊ ပတ္ဝန္းက်င္က ပတ္ဝန္းက်င္ပဲ။ ေလတုိက္တုိင္း ယိမ္းစရာမလုိဘူးေလ။

ဘယ္လုိ လုပ္ရမလဲ

ကုိယ္ဝါသနာပါတဲ့အလုပ္ကုိ ကြ်မ္းက်င္တဲ့နယ္ပယ္မွာ လုပ္သြားမယ္ဆုိရင္ ေအာင္ျမင္မွာေသခ်ာတာပဲေလ။ အဲဒီအခါက်မွ အရင္က မေကာင္းေျပာတဲ့လူေတြက ကုိယ့္ရဲ႕ေနာက္ကုိ ပ်ားပိတုန္းေတြလုိ တဖြဲဖြဲလုိက္ေနမွာပဲ။ ေအာင္ျမင္လာတဲအခါက်ရင္ ကုိယ့္ကုိ လက္ညွိဳးထုိးတဲ့လူေတြက လက္မျပန္ေထာင္လာမွာပဲေလ။ အဲဒီေတာ့ အခုခ်ိန္မွာ ခါးသီးမႈေတြ ရင္ဆုိင္ေနရလည္း စိတ္ဓာတ္မက်ဘဲနဲ႔ ကုိယ့္အားသာခ်က္ကုိ ဝါသနာအျဖစ္ ကူးေျပာင္းၿပီး ႀကိဳးစားလုိက္မယ္ဆုိရင္ ေသခ်ာေပါက္ေအာင္ျမင္မွာပါလုိ႔ ဆုိခ်င္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ကိုယ့်ကိုယ်ကို မထက်မြက်ဖူးလို့ထင်နေပြီလား

တစ်ခါတလေမှာ ကိုယ့်ကိုယ်ကို မထက်မြက်ဘူး၊ မတော်ဘူးလို့ ထင်နေတတ်ကြပါတယ်။ ပတ်ဝန်းကျင် ဝေဖန်မှုတွေကို ကိုယ့်တန်ဖိုး၊ ကိုယ့်အရည်အသွေးတွေလို့ သတ်မှတ်ကြပါတယ်။ လူတွေကလည်း ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါးကို ကဲ့ရဲ့ဖို့ုဆိုရင် နှုတ်သီးကောင်းလျှာပါးတွေပဲလေ။ ပတ်ဝန်းကျင်က လှောင်ပြောင်နေတုန်းမှာ ကိုယ့်ချစ်သူကတောင် လက်တွဲဖြုတ်တဲ့အချိန်တွေမှာဆို “ငါဟာ ဘာကိုမှ မစွမ်းဆောင်နိုင်တော့ဘူးလား” ဆိုပြီး စိတ်ဓာတ်တွေ ကျနေတတ်ပါတယ်။ တကယ်တော့ ဒါတွေက အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။

ကိုယ့်အားသာချက် သိအောင်လုပ်

လူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်။ အဲဒီအရည်အချင်းတွေကပဲ ကိုယ့်ကိုယ်ကိုသာမက လူ့လောကကြီးကိုတောင် သာယာလှပစေတယ်။ ကိုယ့်အားသာချက်က ဘာလဲဆိုတာ သိအောင် လုပ်ဖို့လိုတယ်။  အဲဒီအားသာချက်က ကိုယ့်ဝါသနာနဲ့ ထပ်တူကျနေမယ်ဆိုရင် သေချာပေါက်အောင်မြင်ပြီပဲလေ။ ခိုင်မာတဲ့ရည်မှန်းချက်တွေ ကျွမ်းကျင်တဲ့ပညာရပ်တွေကို သိလာတဲ့အခါ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုမြင့်တက်လာတယ်လေ။ ပတ်ဝန်းကျင်က လေတိုက်တာတွေလည်း ဂရုစိုက်စရာမလိုတော့ဘူး။

ဘယ်လို စဉ်းစားရမလဲ

ဒီနေ့ခေတ်မှာ အောင်မြင်နေတဲ့လူတွေအများစုက ပတ်ဝန်းကျင်ဝေဖန်မှုတွေ လောကဓံအရိုက်အခတ်တွေ အနည်းနဲ့အများ ရင်ဆိုင်ခဲ့ကြတာပဲလေ။ အောင်မြင်မှုရဲ့နောက်ကွယ်မှာ ပတ်ဝန်းကျင်က ရိုက်ခတ်တဲ့ ရင်နင့်စရာဖြစ်ရပ်တွေ အများကြီးရှိနေတာပဲလေ။ အထူးသိထားရမှာက ကိုယ်က ကိုယ်၊ ပတ်ဝန်းကျင်က ပတ်ဝန်းကျင်ပဲ။ လေတိုက်တိုင်း ယိမ်းစရာမလိုဘူးလေ။

ဘယ်လို လုပ်ရမလဲ

ကိုယ်ဝါသနာပါတဲ့အလုပ်ကို ကျွမ်းကျင်တဲ့နယ်ပယ်မှာ လုပ်သွားမယ်ဆိုရင် အောင်မြင်မှာသေချာတာပဲလေ။ အဲဒီအခါကျမှ အရင်က မကောင်းပြောတဲ့လူတွေက ကိုယ့်ရဲ့နောက်ကို ပျားပိတုန်းတွေလို တဖွဲဖွဲလိုက်နေမှာပဲ။ အောင်မြင်လာတဲအခါကျရင် ကိုယ့်ကို လက်ညှိုးထိုးတဲ့လူတွေက လက်မပြန်ထောင်လာမှာပဲလေ။ အဲဒီတော့ အခုချိန်မှာ ခါးသီးမှုတွေ ရင်ဆိုင်နေရလည်း စိတ်ဓာတ်မကျဘဲနဲ့ ကိုယ့်အားသာချက်ကို ဝါသနာအဖြစ် ကူးပြောင်းပြီး ကြိုးစားလိုက်မယ်ဆိုရင် သေချာပေါက်အောင်မြင်မှာပါလို့ ဆိုချင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။