[Zawgyi]

ေမတၱာစိတ္နဲ႔ စဥ္းစားၾကမယ္ဆိုတဲ့စကားကို ငယ္ငယ္တုန္းကေတာ့ နားမလည္ခဲ့ဘူး။ အရာရာကို ေမတၱာစိတ္ေလးနဲ႔ စဥ္းစားဖို႔ဆိုတာကလည္း မျဖစ္နိုင္ဘူးလို႔ ကၽြန္မက ေတြးခဲ့တာကိုး။ ၿပီးေတာ့ ေမတၱာဆိုတာ လူတိုင္းနဲ႔မတန္ဘူးလို႔လည္း ယူဆမိပါေသးတယ္။

တကယ္ေတာ့ အဲဒီအေတြးဟာ ကိုယ့္ကိုယ္ကို ကန္႔သတ္လိုက္တဲ့ အေတြးပါလားဆိုတာကို ခုလိုအသက္ ၄၀ ေက်ာ္ၿပီးခ်ိန္မွာေတာ့ ေကာင္းစြာ သေဘာေပါက္လာခဲ့ပါၿပီ။ ကၽြန္မအေနနဲ႔ လူတစ္ဦးအေပၚမွာ ေအာ္… ငါ႔ေမတၱာနဲ႔မတန္တဲ့သူလို႔ ေတြးမိၿပီဆိုရင္၊ ကိုယ္ဟာ ဒီလူ႔အေပၚမွာ ေမတၱာမထားႏိုင္ေသးလို႔ဆိုတာကို သေဘာေပါက္နားလည္လာရပါတယ္။

သူ႔ကို နားလည္မေပးႏိုင္ေသးလို႔ပဲျဖစ္ျဖစ္၊ သူ႔အေပၚ မၾကည္မလင္ျဖစ္ေနတဲ႔စိတ္ ရွိေနလို႔ပဲျဖစ္ျဖစ္ သူ႔အေပၚကို ခင္မင္တဲ့စိတ္မရွိလို႔ပဲျဖစ္ျဖစ္ ကိုယ့္မွာ ေမတၱာစိတ္ဆိုတာ မေပၚပါဘူး။

ကိုယ္ခင္မင္တဲ့သူေတြကို ေမတၱာစိတ္ဝင္တယ္။ ကိုယ့္သားသမီးေတြအေပၚကို ေမတၱာစိတ္ဝင္တယ္ဆိုတာ ထူးဆန္းလွတာ မဟုတ္ပါဘူး။ ကိုယ္ခ်စ္တဲ့သူေတြအေပၚ ေမတၱာစိတ္ဝင္ေအာင္ အားထုတ္ႀကိဳးပမ္းရတာမွ မဟုတ္တာ။

ကၽြန္မတို႔က ေန႔စဥ္ကိုယ့္ပတ္ဝန္းက်င္က မိသားစုဝင္ေတြကိုေတာ့ ေမတၱာထားႏိုင္တာ မဆန္းပါဘူး။ လုပ္ငန္းခြင္ထဲမွာေတာ့ ကိုယ့္ကို လိုလားတဲ့သူရွိနိုင္မယ္။ သူတို႔ကိုေတာ့ ကိုယ္ကလည္း ျပန္ၿပီး ေမတၱာတရားနဲ႔ ဆက္ဆံလို႔ရပါတယ္။

ကိုယ္ခင္တဲ့သူ ခ်စ္တဲ့သူေတြအေပၚကို ေမတၱာစိတ္ထားႏိုင္တာကို ကိုယ့္မွာ ေမတၱာတရားႀကီးမားေနၿပီ။ ေမတၱာတရားရွိေနၿပီလို႔ မဆိုႏိုင္ေသးဘူးလို႔ မွတ္သားခဲ့ရပါတယ္။

ကိုယ့္မွာ ေမတၱာစိတ္ဘယ္ေလာက္ရွိသလဲဆိုတာ ေသခ်ာသိဖို႔ဆိုရင္ေတာ့ ကိုယ့္ကို တိုက္ခိုက္ခဲ့ဖူးတဲ့သူ၊ ကိုယ့္ကို ပ်က္ဆီးရာ ပ်က္ဆီးေၾကာင္း ၾကံစည္ဖူးတဲ့သူ ေျပာရရင္ ကိုယ့္ရဲ႕ရန္သူေတြအေပၚကို ေမတၱာထားႏိုင္ရဲ႕လား ဆိုတာကို ဆန္းစစ္ၾကည့္ဖို႔ လိုပါသတဲ့။ရန္သူကိုေတာင္ ေမတၱာ ထားနိုင္တယ္ဆိုရင္ေတာ႔ …… ကိုယ္ဟာ ေမတၱာတရားေၾကာင့္ ေအးခ်မ္းၿပီလို႔ ဆိုႏိုင္ပါသလဲ။

ရန္သူကိုေတာင္ ေမတၱာထားရမယ္ဆိုတာကို ငယ္တုန္းက ကၽြန္မလက္မခံခဲ့ပါဘူး။ ကိုယ့္ကိုတိုက္ခိုက္ပါတယ္ဆိုတဲ့ ရန္သူကို ဘယ္႔ႏွယ္လုပ္ၿပီး ေမတၱာထားနိုင္ပါ့မလဲ မျဖစ္ႏိုင္ဘူးလို႔ေတြးပါတယ္။ ဒါေပမဲ႔ ဘာသာေရးအသိနဲ႔ သတိရွိလာတဲ့အခါမွာေတာ့ ေမတၱာစိတ္ဆိုတာကို နားလည္လာမိတယ္။

တစ္ေယာက္အေပၚတစ္ေယာက္ သူ႔အက်ိဳးကို လိုလားတဲ့စိတ္ဟာ ေမတၱာစိတ္ပါလားလို႔ သိလာရတဲ့အခါ ရန္သူကိုလည္း ေမတၱာထားဖို႔ မခက္ေတာ့ဘူးလို႔ နားလည္လာမိတယ္။

ကၽြန္မတို႔အေနနဲ႔ လက္က်န္ဘဝေလးကို ေအးခ်မ္းစြာနဲ႔ ေနထိုင္ရွင္သန္သြားခ်င္တယ္ဆိုရင္ေတာ့ ေမတၱာစိတ္ ႀကီးမားတဲ့သူျဖစ္ေအာင္၊ ေနာက္ဆုံး ရန္သူကိုေတာင္ ေမတၱာထားႏိုင္တဲ့ကိုယ္ျဖစ္ေအာင္ ႀကိဳးစားအားထုတ္ဖို႔ လိုတယ္လို႔ ကၽြန္မ နားလည္လက္ခံလာခဲ့ပါတယ္။

ရန္သူကို ေမတၱာထားႏိုင္ဖို႔ဆိုတာ တကယ္ေတာ့ မလြယ္ပါဘူး။ ဒါေပမဲ့ ေလ့က်င့္ယူရင္ေတာ့ ရႏိုင္တာပါပဲ။ ဘယ္လိုေလ့က်င့္ရမလဲလို႔ စဥ္းစားတဲ့အခါ ပထမဆုံး ကိုယ့္လုပ္ငန္းခြင္ကေန စတင္ေလ့က်င့္တာက အေကာင္းဆုံးျဖစ္ႏိုင္မလားလို႔လည္း စဥ္းစားမိပါတယ္။

အရင္ဆုံး ကိုယ့္ရဲ႕စိတ္ထဲမွာ ဘယ္သူ႔ကိုမဆို ေမတၱာထားမယ္လို႔႔ စိတ္ဆုံးျဖတ္ထားၿပီးသားျဖစ္ဖို႔ လိုပါတယ္။ ဒါကိုပဲ သတိရတိုင္းေတြးပါ။ ပါးစပ္ကလည္း ဘယ္သူ႔ကိုမဆို ေမတၱာထားမယ္။ ေစတနာ ထားမယ္လို႔ အခါအားေလ်ာ္စြာ ရြတ္ေပးျခင္းအားျဖင့္ ကိုယ့္ရဲ႕အသိစိတ္မွာေရာ၊ မသိစိတ္မွာပါ စြဲထင္ ေစပါတယ္။ ဒါ့အျပင္ ေနာက္တစ္ဆင့္အေနနဲ႔ ကိုယ့္ကိုမလိုလားတဲ့ ကိုယ့္ကိုေျခထိုးတတ္တဲ့သူေတြလည္း လုပ္ငန္းထဲမွာ ရွိႏိုင္တာပဲ။

ဘယ္လိုပဲရွိရွိ ကိုယ္နဲ႔ေတြ႔တဲ့သူ၊ စကားေျပာတဲ့သူ၊ ကိုယ္နဲ႔တစ္မိုးေအာက္ထဲမွာ အတူတူေနရတဲ့သူတိုင္းကို ေမတၱာထားၿပီး ဆက္ဆံမယ္လို႔ ဆုံးျဖတ္လိုက္ရင္ ဒီေန႔ကစၿပီး ေလ့က်င့္မယ္ဆို ျဖစ္ႏိုင္မွာပါ။

မည္သူ႔ကိုမဆို ျပဳံဳးျပတာမ်ိဳး၊ ၿပီးရင္ ယဥ္ေက်းသိမ္ေမြ႔စြာ နႈတ္ဆက္တာမ်ိဳးနဲ႔ စတင္လို႔ရပါတယ္။ ကိုယ့္အေပၚ သူတို႔ ဘယ္လိုတုန္႔ျပန္မလဲဆိုတာ အာရုံမထားပါနဲ႔၊ သူတို႔ရဲ႕တုန္႔ျပန္မႈအေပၚမွာ ကိုယ္က အာရုံထားမိတယ္ဆိုရင္ သူတို႔ရဲ႕တုန္႔ျပန္မႈကိုလိုက္ၿပီး ကိုယ့္ရဲ႕ေမတၱာစိတ္ထားဖို႔ ခက္ခဲသြားနိုင္တယ္ မဟုတ္လား။ အဲဒါေၾကာင့္ ကိုယ္ရဲ႕နႈတ္ဆက္မႈအေပၚမွာပဲ အာရုံစိုက္တာ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ယူဆပါတယ္။

ေနာက္ ကိုယ့္ကိုတိုက္ခိုက္တဲ့သူ၊ သူက ကိုယ့္ကို ရန္သူလို႔ သတ္မွတ္ထားတဲ့သူကိုလည္း ကိုယ္က စၿပီး ျပံဳးျပပါ။ နႈတ္ဆက္ပါ။ သူတို႔အေနနဲ႔ ကိုယ့္အျပံဳးကို မတုန္႔ျပန္ဘူးဆိုရင္ေတာင္ ကိုယ့္အျပံဳးကို မစြန္႔လႊတ္လိုက္ပါနဲ႔ေနာ္။

ၿပီးေတာ့ သူ႔ကို ေမတၱာစိတ္ျဖစ္ေစဖို႔အတြက္ သူ႔ေနရာကေန ကိုယ္ဝင္ၿပီး ကိုယ္ခ်င္းစာၾကည့္ေပးလိုက္မယ္ဆိုရင္ သူ႔အေပၚ ကရုဏာစိတ္ ျဖစ္သြားပါတယ္။ ေမတၱာထားတယ္ဆိုတာက ကရုဏာစိတ္ မေပၚဘဲနဲ႔ ထားလို႔မရပါဘူး။

အဲဒါေၾကာင့္ ကရုဏာစိတ္ ရွိသြားၿပီဆိုရင္ေတာ့ သူ႔အေပၚကိုလည္း ေမတၱာထားဖို႔ မခက္ေတာ့ပါဘူး။ ကရုဏာစိတ္မေပၚေသးဘူးဆိုရင္လည္း သူ႔အေပၚကိုယ္က ကိုယ္ခ်င္းမစာႏိုင္ေသးဘူးလို႔ နားလည္ရပါတယ္။ ဒါေၾကာင့္ ကိုယ္ခ်င္းစာႏိုင္ေအာင္ ႀကိဳးစားရင္းနဲ႔ ကိုယ့္ရဲ႕ေမတၱာစိတ္ ႀကီးမားက်ယ္ျပန္႔လာေအာင္ ေလ့က်င့္လို႔ရနိုင္မယ္လို႔ ယုံၾကည္မိပါတယ္။

အဲဒီလို နည္းလမ္းေတြနဲ႔လည္း ကိုယ့္ကို ေနာက္ေက်ာကေန ဓါးထိုးတဲ့သူေတြ၊ ကိုယ့္ကို ပ်က္ဆီးေအာင္ ၾကံစည္တဲ့သူေတြ၊ ကိုယ့္ကို အလကားေနရင္း ၾကည့္မရေအာင္ျဖစ္ေနတဲ့သူေတြ၊ ကိုယ့္ကို နိမ့္က် သြားေစခ်င္တဲ့သူေတြ စတဲ့သူေတြကို ေခါင္းစဥ္မခြဲေတာ့ဘဲနဲ႔ … ဘယ္သူ႔ကိုမဆို ေမတၱာစိတ္ထားလို႔ ရပါၿပီလို႔ ယုံၾကည္မိတယ္။

ေမတၱာတရား ထားႏိုင္သမွ်ထားဖို႔ပဲ စဥ္းစားပါတယ္။ ေမတၱာတရားထားျခင္းအားျဖင့္ အရႈံးဆိုတာ မရွိဘူးလို႔လည္း ယုံတယ္။ ေလာကမွာ ေမတၱာတရားေလာက္ အေကာင္းဆုံးဆိုတာလည္း မရွိပါဘူးလို႔ လည္းလက္ခံထားပါတယ္။

ဒါေၾကာင့္ ဘဝကို ေအးခ်မ္းစြာ ျဖတ္သန္းရွင္သန္ဖို႔နည္းလမ္းတစ္ခုျဖစ္တဲ့ ေမတၱာထားႏိုင္ျခင္းကို ေလ့က်င့္ ေမြးျမဴရင္း ကိုယ့္ဘဝကိုယ္ ကယ္တင္ႏိုင္မယ္လို႔ ယုံၾကည္မိပါတယ္။

ေက်းဇူးတင္ပါတယ္ရွင္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

HGID_KV_Ads_Square

www.akhayar.com

[Unicode]

မေတ္တာစိတ်နဲ့ စဉ်းစားကြမယ်ဆိုတဲ့စကားကို ငယ်ငယ်တုန်းကတော့ နားမလည်ခဲ့ဘူး။ အရာရာကို မေတ္တာစိတ်လေးနဲ့ စဉ်းစားဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူးလို့ ကျွန်မက တွေးခဲ့တာကိုး။ ပြီးတော့ မေတ္တာဆိုတာ လူတိုင်းနဲ့မတန်ဘူးလို့လည်း ယူဆမိပါသေးတယ်။

တကယ်တော့ အဲဒီအတွေးဟာ ကိုယ့်ကိုယ်ကို ကန့်သတ်လိုက်တဲ့ အတွေးပါလားဆိုတာကို ခုလိုအသက် ၄၀ ကျော်ပြီးချိန်မှာတော့ ကောင်းစွာ သဘောပေါက်လာခဲ့ပါပြီ။ ကျွန်မအနေနဲ့ လူတစ်ဦးအပေါ်မှာ အော်… ငါ့မေတ္တာနဲ့မတန်တဲ့သူလို့ တွေးမိပြီဆိုရင်၊ ကိုယ်ဟာ ဒီလူ့အပေါ်မှာ မေတ္တာမထားနိုင်သေးလို့ဆိုတာကို သဘောပေါက်နားလည်လာရပါတယ်။

သူ့ကို နားလည်မပေးနိုင်သေးလို့ပဲဖြစ်ဖြစ်၊ သူ့အပေါ် မကြည်မလင်ဖြစ်နေတဲ့စိတ် ရှိနေလို့ပဲဖြစ်ဖြစ် သူ့အပေါ်ကို ခင်မင်တဲ့စိတ်မရှိလို့ပဲဖြစ်ဖြစ် ကိုယ့်မှာ မေတ္တာစိတ်ဆိုတာ မပေါ်ပါဘူး။

ကိုယ်ခင်မင်တဲ့သူတွေကို မေတ္တာစိတ်ဝင်တယ်။ ကိုယ့်သားသမီးတွေအပေါ်ကို မေတ္တာစိတ်ဝင်တယ်ဆိုတာ ထူးဆန်းလှတာ မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူတွေအပေါ် မေတ္တာစိတ်ဝင်အောင် အားထုတ်ကြိုးပမ်းရတာမှ မဟုတ်တာ။

ကျွန်မတို့က နေ့စဉ်ကိုယ့်ပတ်ဝန်းကျင်က မိသားစုဝင်တွေကိုတော့ မေတ္တာထားနိုင်တာ မဆန်းပါဘူး။ လုပ်ငန်းခွင်ထဲမှာတော့ ကိုယ့်ကို လိုလားတဲ့သူရှိနိုင်မယ်။ သူတို့ကိုတော့ ကိုယ်ကလည်း ပြန်ပြီး မေတ္တာတရားနဲ့ ဆက်ဆံလို့ရပါတယ်။

ကိုယ်ခင်တဲ့သူ ချစ်တဲ့သူတွေအပေါ်ကို မေတ္တာစိတ်ထားနိုင်တာကို ကိုယ့်မှာ မေတ္တာတရားကြီးမားနေပြီ။ မေတ္တာတရားရှိနေပြီလို့ မဆိုနိုင်သေးဘူးလို့ မှတ်သားခဲ့ရပါတယ်။

ကိုယ့်မှာ မေတ္တာစိတ်ဘယ်လောက်ရှိသလဲဆိုတာ သေချာသိဖို့ဆိုရင်တော့ ကိုယ့်ကို တိုက်ခိုက်ခဲ့ဖူးတဲ့သူ၊ ကိုယ့်ကို ပျက်ဆီးရာ ပျက်ဆီးကြောင်း ကြံစည်ဖူးတဲ့သူ ပြောရရင် ကိုယ့်ရဲ့ရန်သူတွေအပေါ်ကို မေတ္တာထားနိုင်ရဲ့လား ဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါသတဲ့။ရန်သူကိုတောင် မေတ္တာ ထားနိုင်တယ်ဆိုရင်တော့ …… ကိုယ်ဟာ မေတ္တာတရားကြောင့် အေးချမ်းပြီလို့ ဆိုနိုင်ပါသလဲ။

ရန်သူကိုတောင် မေတ္တာထားရမယ်ဆိုတာကို ငယ်တုန်းက ကျွန်မလက်မခံခဲ့ပါဘူး။ ကိုယ့်ကိုတိုက်ခိုက်ပါတယ်ဆိုတဲ့ ရန်သူကို ဘယ့်နှယ်လုပ်ပြီး မေတ္တာထားနိုင်ပါ့မလဲ မဖြစ်နိုင်ဘူးလို့တွေးပါတယ်။ ဒါပေမဲ့ ဘာသာရေးအသိနဲ့ သတိရှိလာတဲ့အခါမှာတော့ မေတ္တာစိတ်ဆိုတာကို နားလည်လာမိတယ်။

တစ်ယောက်အပေါ်တစ်ယောက် သူ့အကျိုးကို လိုလားတဲ့စိတ်ဟာ မေတ္တာစိတ်ပါလားလို့ သိလာရတဲ့အခါ ရန်သူကိုလည်း မေတ္တာထားဖို့ မခက်တော့ဘူးလို့ နားလည်လာမိတယ်။

ကျွန်မတို့အနေနဲ့ လက်ကျန်ဘဝလေးကို အေးချမ်းစွာနဲ့ နေထိုင်ရှင်သန်သွားချင်တယ်ဆိုရင်တော့ မေတ္တာစိတ် ကြီးမားတဲ့သူဖြစ်အောင်၊ နောက်ဆုံး ရန်သူကိုတောင် မေတ္တာထားနိုင်တဲ့ကိုယ်ဖြစ်အောင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ကျွန်မ နားလည်လက်ခံလာခဲ့ပါတယ်။

ရန်သူကို မေတ္တာထားနိုင်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး။ ဒါပေမဲ့ လေ့ကျင့်ယူရင်တော့ ရနိုင်တာပါပဲ။ ဘယ်လိုလေ့ကျင့်ရမလဲလို့ စဉ်းစားတဲ့အခါ ပထမဆုံး ကိုယ့်လုပ်ငန်းခွင်ကနေ စတင်လေ့ကျင့်တာက အကောင်းဆုံးဖြစ်နိုင်မလားလို့လည်း စဉ်းစားမိပါတယ်။

အရင်ဆုံး ကိုယ့်ရဲ့စိတ်ထဲမှာ ဘယ်သူ့ကိုမဆို မေတ္တာထားမယ်လို့ စိတ်ဆုံးဖြတ်ထားပြီးသားဖြစ်ဖို့ လိုပါတယ်။ ဒါကိုပဲ သတိရတိုင်းတွေးပါ။ ပါးစပ်ကလည်း ဘယ်သူ့ကိုမဆို မေတ္တာထားမယ်။ စေတနာ ထားမယ်လို့ အခါအားလျော်စွာ ရွတ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့အသိစိတ်မှာရော၊ မသိစိတ်မှာပါ စွဲထင် စေပါတယ်။ ဒါ့အပြင် နောက်တစ်ဆင့်အနေနဲ့ ကိုယ့်ကိုမလိုလားတဲ့ ကိုယ့်ကိုခြေထိုးတတ်တဲ့သူတွေလည်း လုပ်ငန်းထဲမှာ ရှိနိုင်တာပဲ။

ဘယ်လိုပဲရှိရှိ ကိုယ်နဲ့တွေ့တဲ့သူ၊ စကားပြောတဲ့သူ၊ ကိုယ်နဲ့တစ်မိုးအောက်ထဲမှာ အတူတူနေရတဲ့သူတိုင်းကို မေတ္တာထားပြီး ဆက်ဆံမယ်လို့ ဆုံးဖြတ်လိုက်ရင် ဒီနေ့ကစပြီး လေ့ကျင့်မယ်ဆို ဖြစ်နိုင်မှာပါ။

မည်သူ့ကိုမဆို ပြုံးပြတာမျိုး၊ ပြီးရင် ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်တာမျိုးနဲ့ စတင်လို့ရပါတယ်။ ကိုယ့်အပေါ် သူတို့ ဘယ်လိုတုန့်ပြန်မလဲဆိုတာ အာရုံမထားပါနဲ့၊ သူတို့ရဲ့တုန့်ပြန်မှုအပေါ်မှာ ကိုယ်က အာရုံထားမိတယ်ဆိုရင် သူတို့ရဲ့တုန့်ပြန်မှုကိုလိုက်ပြီး ကိုယ့်ရဲ့မေတ္တာစိတ်ထားဖို့ ခက်ခဲသွားနိုင်တယ် မဟုတ်လား။ အဲဒါကြောင့် ကိုယ်ရဲ့နှုတ်ဆက်မှုအပေါ်မှာပဲ အာရုံစိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

နောက် ကိုယ့်ကိုတိုက်ခိုက်တဲ့သူ၊ သူက ကိုယ့်ကို ရန်သူလို့ သတ်မှတ်ထားတဲ့သူကိုလည်း ကိုယ်က စပြီး ပြုံးပြပါ။ နှုတ်ဆက်ပါ။ သူတို့အနေနဲ့ ကိုယ့်အပြုံးကို မတုန့်ပြန်ဘူးဆိုရင်တောင် ကိုယ့်အပြုံးကို မစွန့်လွှတ်လိုက်ပါနဲ့နော်။

ပြီးတော့ သူ့ကို မေတ္တာစိတ်ဖြစ်စေဖို့အတွက် သူ့နေရာကနေ ကိုယ်ဝင်ပြီး ကိုယ်ချင်းစာကြည့်ပေးလိုက်မယ်ဆိုရင် သူ့အပေါ် ကရုဏာစိတ် ဖြစ်သွားပါတယ်။ မေတ္တာထားတယ်ဆိုတာက ကရုဏာစိတ် မပေါ်ဘဲနဲ့ ထားလို့မရပါဘူး။

အဲဒါကြောင့် ကရုဏာစိတ် ရှိသွားပြီဆိုရင်တော့ သူ့အပေါ်ကိုလည်း မေတ္တာထားဖို့ မခက်တော့ပါဘူး။ ကရုဏာစိတ်မပေါ်သေးဘူးဆိုရင်လည်း သူ့အပေါ်ကိုယ်က ကိုယ်ချင်းမစာနိုင်သေးဘူးလို့ နားလည်ရပါတယ်။ ဒါကြောင့် ကိုယ်ချင်းစာနိုင်အောင် ကြိုးစားရင်းနဲ့ ကိုယ့်ရဲ့မေတ္တာစိတ် ကြီးမားကျယ်ပြန့်လာအောင် လေ့ကျင့်လို့ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။

အဲဒီလို နည်းလမ်းတွေနဲ့လည်း ကိုယ့်ကို နောက်ကျောကနေ ဓါးထိုးတဲ့သူတွေ၊ ကိုယ့်ကို ပျက်ဆီးအောင် ကြံစည်တဲ့သူတွေ၊ ကိုယ့်ကို အလကားနေရင်း ကြည့်မရအောင်ဖြစ်နေတဲ့သူတွေ၊ ကိုယ့်ကို နိမ့်ကျ သွားစေချင်တဲ့သူတွေ စတဲ့သူတွေကို ခေါင်းစဉ်မခွဲတော့ဘဲနဲ့ … ဘယ်သူ့ကိုမဆို မေတ္တာစိတ်ထားလို့ ရပါပြီလို့ ယုံကြည်မိတယ်။

မေတ္တာတရား ထားနိုင်သမျှထားဖို့ပဲ စဉ်းစားပါတယ်။ မေတ္တာတရားထားခြင်းအားဖြင့် အရှုံးဆိုတာ မရှိဘူးလို့လည်း ယုံတယ်။ လောကမှာ မေတ္တာတရားလောက် အကောင်းဆုံးဆိုတာလည်း မရှိပါဘူးလို့ လည်းလက်ခံထားပါတယ်။

ဒါကြောင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းရှင်သန်ဖို့နည်းလမ်းတစ်ခုဖြစ်တဲ့ မေတ္တာထားနိုင်ခြင်းကို လေ့ကျင့် မွေးမြူရင်း ကိုယ့်ဘဝကိုယ် ကယ်တင်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။

မေသင်္ကြန်ဟိန် (မြစ်မခ)

HGID_KV_Ads_Square

www.akhayar.com