[Zawgyi]

စင္ေပၚတင္ျပီး ဘုရားတစ္ဆူလို ကုိးကြယ္ခံေနရတဲ့ Donald Trump

အေမရိကန္သမၼတၾကီး ေဒၚနယ္ထရမ့္ပ္ရဲ႕ ေအာင္ျမင္မႈကေတာ့ ၾကီးလြန္းပါတယ္ဗ်ာ။ သူ႔လက္ထက္မွာ အေမရိကန္ႏုိင္ငံအေနနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္နဲ႔ ေဆြးေႏြးႏုိင္ခဲ့တာလည္း သမိုင္းဝင္ျဖစ္ရပ္ပါပဲ။

Donald Trump အေပၚ ေဝဖန္မႈေတြ ဘယ္လိုပဲ မ်ားေပမယ့္ အခုဆို သူ႔ဘုန္းတန္ခုိးဟာ စင္ေပၚတင္ျပီး ဘုရားလို ကိုးကြယ္ခံရတဲ့အထိ ၾကမ္းသြားခဲ့ပါျပီ။ အိႏိၵယႏုိင္ငံ Janagaon ခရိုင္မွာရွိတဲ့ Konne ရြာမွာ အသက္ ၃၁ႏွစ္ရွိျပီျဖစ္တဲ့ Bussa Krishna ဆိုတဲ့ လူတစ္ေယာက္ဟာ Donald Trump ကို စင္ေပၚတင္ျပီး ကိုးကြယ္ေနပါတယ္။

Trump Worshiped as God

Trump Worshiped as God

Bussa Krishna ဟာ Trump ကို ဘယ္ေလာက္ေတာင္ ၾကည္ညိဳသလဲဆိုရင္ သြားေလရာမွာေတာင္ Trump ရဲ႕ ဓာတ္ပံုကို သယ္သြားတတ္ပါတယ္။ ဒါတင္မဟုတ္ဘဲ Trump ရဲ႕ ဓာတ္ပံုေရွ႕မွာ ရွိခုိးဝတ္ျပဳတာ၊ မန္းမႈတ္တာနဲ႔ တရားထုိင္တာေတြလည္း ဝတ္မပ်က္ျပဳပါတယ္။

Bussa Krishna ဒီလို လုပ္ေနတဲ့အတြက္ သူ႔မိသားစုနဲ႔ ရြာသားေတြက သူ႔ကို ရူးေနတယ္ထင္ၾကျပီး စိတ္ကုဆရာဝန္ဆီ သြားခုိင္းခဲ့ပါတယ္။ ဒါေပမယ့္ Bussa Krishna ကေတာ့ ‘ကၽြန္ေတာ္ကေတာ့ စိတ္ေရာဂါကုဆရာဝန္ဆီသြားဖို႔ မလိုပါဘူး။ ျဖစ္ခ်င္းျဖစ္ရင္ ကၽြန္ေတာ့္ကို ေျပာတဲ့သူေတြကသာ သြားသင့္တာပါ။ Trump ဟာ ကၽြန္ေတာ့္အတြက္ေတာ့ ဘုရားျဖစ္ျပီး ပတ္ဝန္းက်င္က ေျပာေနတာေတြကုိ ဂရုမစိုက္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Trump Worshiped as God

Trump Worshiped as God

Bussaဟာ Trump ကို ဘုရားတစ္ဆူကို ဝတ္ျပဳကိုးကြယ္သလို သေဘာထားတာ ျဖစ္ျပီး Trump အတြက္ ဘုရားေက်ာင္းတစ္ခုကို ေနာက္ ၃ လကေန ၆ လအတြင္းမွာ ေဆာက္ေပးဖို႔ ၾကိဳးစားေနတဲ့ ၾကည္ညိဳစိတ္ၾကမ္းေထာ္ေနသူၾကီး ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : fedgeno.com
[Unicode]

စင်ပေါ်တင်ပြီး ဘုရားတစ်ဆူလို ကိုးကွယ်ခံနေရတဲ့ Donald Trump

အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်ပ်ရဲ့ အောင်မြင်မှုကတော့ ကြီးလွန်းပါတယ်ဗျာ။ သူ့လက်ထက်မှာ အမေရိကန်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဆွေးနွေးနိုင်ခဲ့တာလည်း သမိုင်းဝင်ဖြစ်ရပ်ပါပဲ။

Donald Trump အပေါ် ဝေဖန်မှုတွေ ဘယ်လိုပဲ များပေမယ့် အခုဆို သူ့ဘုန်းတန်ခိုးဟာ စင်ပေါ်တင်ပြီး ဘုရားလို ကိုးကွယ်ခံရတဲ့အထိ ကြမ်းသွားခဲ့ပါပြီ။ အိန္ဒိယနိုင်ငံ Janagaon ခရိုင်မှာရှိတဲ့ Konne ရွာမှာ အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Bussa Krishna ဆိုတဲ့ လူတစ်ယောက်ဟာ Donald Trump ကို စင်ပေါ်တင်ပြီး ကိုးကွယ်နေပါတယ်။

Trump Worshiped as God

Trump Worshiped as God

Bussa Krishna ဟာ Trump ကို ဘယ်လောက်တောင် ကြည်ညိုသလဲဆိုရင် သွားလေရာမှာတောင် Trump ရဲ့ ဓာတ်ပုံကို သယ်သွားတတ်ပါတယ်။ ဒါတင်မဟုတ်ဘဲ Trump ရဲ့ ဓာတ်ပုံရှေ့မှာ ရှိခိုးဝတ်ပြုတာ၊ မန်းမှုတ်တာနဲ့ တရားထိုင်တာတွေလည်း ဝတ်မပျက်ပြုပါတယ်။

Bussa Krishna ဒီလို လုပ်နေတဲ့အတွက် သူ့မိသားစုနဲ့ ရွာသားတွေက သူ့ကို ရူးနေတယ်ထင်ကြပြီး စိတ်ကုဆရာဝန်ဆီ သွားခိုင်းခဲ့ပါတယ်။ ဒါပေမယ့် Bussa Krishna ကတော့ ‘ကျွန်တော်ကတော့ စိတ်ရောဂါကုဆရာဝန်ဆီသွားဖို့ မလိုပါဘူး။ ဖြစ်ချင်းဖြစ်ရင် ကျွန်တော့်ကို ပြောတဲ့သူတွေကသာ သွားသင့်တာပါ။ Trump ဟာ ကျွန်တော့်အတွက်တော့ ဘုရားဖြစ်ပြီး ပတ်ဝန်းကျင်က ပြောနေတာတွေကို ဂရုမစိုက်ပါဘူး” လို့ ပြောခဲ့ပါတယ်။

Trump Worshiped as God

Trump Worshiped as God

Bussaဟာ Trump ကို ဘုရားတစ်ဆူကို ဝတ်ပြုကိုးကွယ်သလို သဘောထားတာ ဖြစ်ပြီး Trump အတွက် ဘုရားကျောင်းတစ်ခုကို နောက် ၃ လကနေ ၆ လအတွင်းမှာ ဆောက်ပေးဖို့ ကြိုးစားနေတဲ့ ကြည်ညိုစိတ်ကြမ်းထော်နေသူကြီး ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : fedgeno.com