[Zawgyi]

ေဒၚနယ္ထရမ့္ (Donald Trump) နဲ႔ ကင္ဂ်ံဳအန္ (Kim Jong-un) တုိ႔ စင္ကာပူမွာ ေတြ႔ဆံုမယ္

အားလံုးစိတ္ဝင္စားေနၾကတဲ႔ ေတြ႔ဆံုမႈတစ္ခုျဖစ္တဲ႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္ (Donald Trump) နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအန္ (Kim Jong-un) တို႔ေတြ႔ဆံုပြဲကို ဇြန္လ ၁၂ ရက္ေန႔မွာက်င္းပသြားမယ္လုိ႔သိရပါတယ္။ သူတုိ႔ရဲ႕ေတြ႔ဆံုပြဲကို စင္ကာပူႏိုင္ငံမွာ ျပဳလုပ္ဖို႔အတည္ျပဳသတ္မွတ္လုိက္ျပီျဖစ္ပါတယ္။ ဒီေတြ႔ဆံုပြဲက်င္းပမယ္႔သတင္းကို ေဒၚနယ္ထရမ့္ကသူ႔ရဲ႕ Twitter မွာေရးသားေဖာ္ျပထားတာပါ။ ကင္ဂ်ံဳအန္နဲ႔သူ႔ရဲ႕ေတြ႔ဆံုေဆြးေႏြးပြဲကို စင္ကာပူမွာက်င္းပသြားမယ္လို႔ေျပာထားျပီး ကမၻာ႔ျငိမ္းခ်မ္းေရးအတြက္ထူးျခားမႈတစ္ခုျဖစ္ေအာင္ ႏွစ္ဖက္စလံုးၾကိဳးစားၾကမွာပါလို႔ ေရးသားထားတာျဖစ္ပါတယ္။ ဒီေဆြးေႏြးပြဲအတြက္ကင္မ္က ထရမ့္ကိုဖိတ္ၾကားခဲ႔တာျဖစ္ျပီး မတ္လအတြင္းမွာပဲ ဒီဖိတ္ၾကားစာကိုလက္ခံရရွိခဲ႔တာျဖစ္ပါတယ္။

Donald Trump Vs Kim Jong-un

Donald Trump Vs Kim Jong-un

အခုက်င္းပမယ္႔ေဆြးေႏြးပြဲဟာ အေမရိကန္သမၼတနဲ႔ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ ပထမဆံုးေတြ႔ဆံုမႈျဖစ္တာေၾကာင္႔ တစ္ကမၻာလံုးက အာရံုစိုက္ခံရတဲ႔ေဆြးေႏြးပြဲလည္းျဖစ္ပါတယ္။ အေမရိကန္ဘက္ကေတာ႔ ဒီေတြ႔ဆံုပြဲက်င္းပမယ္႔ႏိုင္ငံကို အခ်ိန္ယူစဥ္းစားခဲ႔ၾကျပီး ကိုရီးယားႏိုင္ငံရဲ႕စစ္မဲ႔ဇုန္၊ ဒါမွမဟုတ္ မြန္ဂိုႏိုင္ငံမွာက်င္းပဖုိ႔ ရည္မွန္းထားခဲ႔ပါတယ္။ ဒါေပမဲ႔ေနာက္ဆံုးမွာေတာ႔ စင္ကာပူႏိုင္ငံမွာ က်င္းပဖုိ႔ဆံုးျဖတ္ခဲ႔ၾကတာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

စင္ကာပူႏိုင္ငံကိုေရြးခ်ယ္ရတဲ႔အေၾကာင္းကေတာ႔ သူဟာၾကားေနႏိုင္ငံျဖစ္တဲ႔အျပင္ တရုတ္၊ ရုရွားလုိမ်ိဳးကြန္ျမဴနစ္ႏိုင္ငံေတြအျဖစ္ အျမင္မသက္ေရာက္တဲ႔ႏိုင္ငံျဖစ္ေနတာေၾကာင္႔ပါ။ စင္ကာပူႏိုင္ငံရဲ႕တည္ေနရာအေနအထားဟာလည္း ႏွစ္ဖက္လံုးအတြက္ အဆင္ေျပလုိ႔ျဖစ္ပါတယ္။ ကင္မ္ဟာ သူ႕ကိုယ္ပိုင္ေလယာဥ္နဲ႔ တရုတ္ႏိုင္ငံကေနတဆင္႔ စင္ကာပူကိုဦးတည္ပ်ံသန္းလာမွာျဖစ္ျပီး ၿမိဳ႕ေတာ္ျပံဳယမ္းကေန မိုင္ သုံးေထာင္ေက်ာ္ ပ်ံသန္းလာမွာပါ။ ထရမ္႔အေနနဲ႔ ျပီးခဲ႔တဲ႔တစ္ပတ္ကတည္းက ဒီေဆြးေႏြးပြဲအတြက္ အခ်ိန္နဲ႔ေန႔ရက္ကိုသတ္မွတ္ခဲ႔တာျဖစ္ျပီး ဒီေဆြးေႏြးပြဲကိုလက္ခံက်င္းပေပးမယ္႔ႏိုင္ငံေတြ အမ်ားၾကီးရွိေနေၾကာင္းကိုလည္း တြစ္တာကေနေျပာခဲ႔ပါေသးတယ္။

စင္ကာပူဝန္ၾကီးခ်ဳပ္လီရွန္လြန္း (Lee Hsien Loong)

စင္ကာပူဝန္ၾကီးခ်ဳပ္လီရွန္လြန္း (Lee Hsien Loong)

စင္ကာပူဝန္ၾကီးခ်ဳပ္လီရွန္လြန္း (Lee Hsien Loong) ကေတာ႔ စင္ကာပူအေနနဲ႔ ဒီေဆြးေႏြးပြဲကို လက္ခံက်င္းပခြင္႔ရျခင္းအတြက္ဝမ္းေျမာက္ပါေၾကာင္း၊ ျငိမ္းခ်မ္းေရးအတြက္ အေရးပါတဲ႔ေျခလွမ္းျဖစ္ပါေၾကာင္း၊ ေအာင္ျမင္မႈေတြရပါေစေၾကာင္းကိုလည္း ထရန္႔ရဲ႕ေၾကညာခ်က္ေအာက္မွာ ေရးသားထားတာေတြ႔ရပါတယ္။

Lee-Hsien-Loong-Reply

Lee-Hsien-Loong-Reply

ဒီေတြ႔ဆံုပြဲအတြက္အတည္ျပဳျခင္းဟာ အေမရိကန္အက်ဥ္းသား  သုံးေယာက္ကို ေျမာက္ကိုရီးယားကလြတ္ေျမာက္ခြင္႔ေပးလုိက္ျပီး ရက္ပိုင္းအတြင္းမွာပဲ ျဖစ္လာခဲ႔တာပါ။ ဒီလိုအေကာင္းဘက္ကိုဦးတည္လာတဲ႔ေျဖေလွ်ာ႔မႈေတြေၾကာင္႔ လက္ရွိက်င္းပမယ္႔ေဆြးေႏြးပြဲမွာလည္း ျငိမ္းခ်မ္းေရးအတြက္ထူးျခားမႈေတြေဖာ္ေဆာင္လာဖုိ႔ကို ေမွ်ာ္မွန္းထားၾကပါတယ္။

North Korea Frees Three American Prisoners

North Korea Frees Three American Prisoners

ထရမ့္အေနနဲ႔လည္း ကၽြန္ေတာ္တုိ႔ေျခလွမ္းအသစ္ေတြစတင္ပါမယ္။ လက္ရွိအေနအထားဟာအဓိပၸါယ္ျပည္႔ဝတဲ႔ အခြင္႔အေရးေကာင္းတစ္ခုပါ။ ဒါေၾကာင္႔ ေကာင္းေသာအေျခအေနဘက္ကို ဦးတည္မယ္လုိ႔ ေျပာၾကားခဲ႔တာျဖစ္ပါတယ္။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ဇြန္လ (၁၂) ရက္ေန႔မွာ က်င္းပမယ္႔ေဆြးေႏြးပြဲအျပီးမွာေတာ႔ ဘယ္လိုသေဘာတူညီခ်က္ေတြခ်မွတ္ျပီး ျငိမ္းခ်မ္းေရးအတြက္ဘယ္လုိေျပာင္းအလဲေတြျပဳလုပ္သြားမလဲဆုိတာ စိတ္ဝင္တစားေစာင္႔ၾကည္႔ရဦးမွာပါ။

Photo Credit – Getty Images, Times

www.akhayar.com

[Unicode]

ဒေါ်နယ်ထရမ့် (Donald Trump) နဲ့ ကင်ဂျုံအန် (Kim Jong-un) တို့ စင်ကာပူမှာ တွေ့ဆုံမယ်

အားလုံးစိတ်ဝင်စားနေကြတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်တဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် (Donald Trump) နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် (Kim Jong-un) တို့တွေ့ဆုံပွဲကို ဇွန်လ ၁၂ ရက်နေ့မှာကျင်းပသွားမယ်လို့သိရပါတယ်။ သူတို့ရဲ့တွေ့ဆုံပွဲကို စင်ကာပူနိုင်ငံမှာ ပြုလုပ်ဖို့အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲကျင်းပမယ့်သတင်းကို ဒေါ်နယ်ထရမ့်ကသူ့ရဲ့ Twitter မှာရေးသားဖော်ပြထားတာပါ။ ကင်ဂျုံအန်နဲ့သူ့ရဲ့တွေ့ဆုံဆွေးနွေးပွဲကို စင်ကာပူမှာကျင်းပသွားမယ်လို့ပြောထားပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်ထူးခြားမှုတစ်ခုဖြစ်အောင် နှစ်ဖက်စလုံးကြိုးစားကြမှာပါလို့ ရေးသားထားတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲအတွက်ကင်မ်က ထရမ့်ကိုဖိတ်ကြားခဲ့တာဖြစ်ပြီး မတ်လအတွင်းမှာပဲ ဒီဖိတ်ကြားစာကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်။

Donald Trump Vs Kim Jong-un

Donald Trump Vs Kim Jong-un

အခုကျင်းပမယ့်ဆွေးနွေးပွဲဟာ အမေရိကန်သမ္မတနဲ့မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်တာကြောင့် တစ်ကမ္ဘာလုံးက အာရုံစိုက်ခံရတဲ့ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ ဒီတွေ့ဆုံပွဲကျင်းပမယ့်နိုင်ငံကို အချိန်ယူစဉ်းစားခဲ့ကြပြီး ကိုရီးယားနိုင်ငံရဲ့စစ်မဲ့ဇုန်၊ ဒါမှမဟုတ် မွန်ဂိုနိုင်ငံမှာကျင်းပဖို့ ရည်မှန်းထားခဲ့ပါတယ်။ ဒါပေမဲ့နောက်ဆုံးမှာတော့ စင်ကာပူနိုင်ငံမှာ ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတာပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

စင်ကာပူနိုင်ငံကိုရွေးချယ်ရတဲ့အကြောင်းကတော့ သူဟာကြားနေနိုင်ငံဖြစ်တဲ့အပြင် တရုတ်၊ ရုရှားလိုမျိုးကွန်မြူနစ်နိုင်ငံတွေအဖြစ် အမြင်မသက်ရောက်တဲ့နိုင်ငံဖြစ်နေတာကြောင့်ပါ။ စင်ကာပူနိုင်ငံရဲ့တည်နေရာအနေအထားဟာလည်း နှစ်ဖက်လုံးအတွက် အဆင်ပြေလို့ဖြစ်ပါတယ်။ ကင်မ်ဟာ သူ့ကိုယ်ပိုင်လေယာဉ်နဲ့ တရုတ်နိုင်ငံကနေတဆင့် စင်ကာပူကိုဦးတည်ပျံသန်းလာမှာဖြစ်ပြီး မြို့တော်ပြုံယမ်းကနေ မိုင် သုံးထောင်ကျော် ပျံသန်းလာမှာပါ။ ထရမ့်အနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက ဒီဆွေးနွေးပွဲအတွက် အချိန်နဲ့နေ့ရက်ကိုသတ်မှတ်ခဲ့တာဖြစ်ပြီး ဒီဆွေးနွေးပွဲကိုလက်ခံကျင်းပပေးမယ့်နိုင်ငံတွေ အများကြီးရှိနေကြောင်းကိုလည်း တွစ်တာကနေပြောခဲ့ပါသေးတယ်။

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsien Loong)

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsien Loong)

စင်ကာပူဝန်ကြီးချုပ်လီရှန်လွန်း (Lee Hsien Loong) ကတော့ စင်ကာပူအနေနဲ့ ဒီဆွေးနွေးပွဲကို လက်ခံကျင်းပခွင့်ရခြင်းအတွက်ဝမ်းမြောက်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် အရေးပါတဲ့ခြေလှမ်းဖြစ်ပါကြောင်း၊ အောင်မြင်မှုတွေရပါစေကြောင်းကိုလည်း ထရန့်ရဲ့ကြေညာချက်အောက်မှာ ရေးသားထားတာတွေ့ရပါတယ်။

Lee-Hsien-Loong-Reply

Lee-Hsien-Loong-Reply

ဒီတွေ့ဆုံပွဲအတွက်အတည်ပြုခြင်းဟာ အမေရိကန်အကျဉ်းသား  သုံးယောက်ကို မြောက်ကိုရီးယားကလွတ်မြောက်ခွင့်ပေးလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဖြစ်လာခဲ့တာပါ။ ဒီလိုအကောင်းဘက်ကိုဦးတည်လာတဲ့ဖြေလျှော့မှုတွေကြောင့် လက်ရှိကျင်းပမယ့်ဆွေးနွေးပွဲမှာလည်း ငြိမ်းချမ်းရေးအတွက်ထူးခြားမှုတွေဖော်ဆောင်လာဖို့ကို မျှော်မှန်းထားကြပါတယ်။

North Korea Frees Three American Prisoners

North Korea Frees Three American Prisoners

ထရမ့်အနေနဲ့လည်း ကျွန်တော်တို့ခြေလှမ်းအသစ်တွေစတင်ပါမယ်။ လက်ရှိအနေအထားဟာအဓိပ္ပါယ်ပြည့်ဝတဲ့ အခွင့်အရေးကောင်းတစ်ခုပါ။ ဒါကြောင့် ကောင်းသောအခြေအနေဘက်ကို ဦးတည်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

ဇွန်လ (၁၂) ရက်နေ့မှာ ကျင်းပမယ့်ဆွေးနွေးပွဲအပြီးမှာတော့ ဘယ်လိုသဘောတူညီချက်တွေချမှတ်ပြီး ငြိမ်းချမ်းရေးအတွက်ဘယ်လိုပြောင်းအလဲတွေပြုလုပ်သွားမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရဦးမှာပါ။

Photo Credit – Getty Images, Times

www.akhayar.com