[Zawgyi]

ရန္ကုန္မွာ နာမည္ႀကီးေနတဲ့ အျပံဳးခ်ိဳခ်ိဳနဲ႔ ဂ်ပန္ႀကီးရဲ႕ Don Don Oden ဂ်ပန္ဆိုင္ေလး

ခုတစ္ေလာ Facebook ေပၚမွာ အရမ္းမတရား ေခတ္စားေနတဲ့ ဂ်ပန္ Oden တုတ္ထိုးဆိုင္ေလး ရွိသဗ်။ နာမည္ႀကီးလြန္းလို႔ လူတိုင္း သြားစားေနၾကတာ ေရာင္းရလြန္းလို႔ ညဆို ေစာေစာေတာင္ဆိုင္ပိတ္ရသတဲ့။ ဘာလို႔မ်ားပါလိမ့္?

ေခတ္စားတယ္ဆိုတာ ဒီလို။ အဲ့ဒီ ဂ်ပန္တုတ္ထိုးဆိုင္ေလးကို ဖြင့္တာက ဂ်ပန္ႀကီးတစ္ေယာက္တည္း။ သူ႔ေၾကာင့္ပဲ ဒီဆိုင္ေလးက နာမည္ႀကီးလာရတယ္ေျပာရမယ္။

အဲ့ဒီဂ်ပန္ႀကီးက သိပ္ခ်စ္ဖို႔ေကာင္းတာဗ်ား။ ဆိုင္ထဲဝင္တာနဲ႔ျပံဳးရႊင္ေနေအာင္ ႀကိဳဆိုတယ္။ သူ႕ဗမာစကားမတတ္တေခါက္ေလးနဲ႔ ေကာင္းႏိုးရာရာအႀကိဳက္ေလးေရြးေပးတယ္။ ၿပီးရင္သူကိုယ္တိုင္ခ်က္ၿပီး ျမန္ျမန္ေကာင္းေကာင္းေလးျပင္ေပးတယ္။ ဒါပဲလားဆို မဟုတ္ေသးဘူးဗ်။ ျပန္ရင္ျပန္တဲ့အထိ သူအားခ်ိန္ေလးဆို ဆိုင္ေပါက္ထိ လိုက္ႏႈတ္ဆက္တယ္။ ဒီေလာက္ေဖာ္ေရြေစတနာေကာင္းမွေတာ့ ျပန္မလာဘဲေနခ်င္မလား..ေနာ့။

ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတဲ့ ဦးေလးႀကီးပါ။

ဆိုင္ပံုစံေလးေရာ?

ေျပာရရင္ဆိုင္ေလးက တကယ့္ကိုမွ ေသးေသးေလး။ အဝါနဲ႔ အျပာေဖ်ာ့ေဖ်ာ့အေရာင္ေလးေတြ ကစားထားတယ္။ သူ႕ဆိုင္ေလးဆိုတာလည္း တစ္ဆိုင္လံုးက ေသးေသးေလးေပမယ့္ တကယ့္ဂ်ပန္ၿမိဳ႕လယ္က ေနရာေလးေရာက္သြားသလိုကို ခ်စ္ဖို႔ေကာင္းတာ။ ဂ်ပန္႐ိုးရာ သီခ်င္းေလးေတြ ဖြင့္လို႔၊ အ႐ုပ္ေလးေတြ၊ ပန္းကန္ေလးေတြကအစ လိုခ်င္စရာကိုေကာင္းလို႔။ အရာရာ စိတ္ခ်မ္းသာစရာေလး။

ဘာေတြရလဲ?

ကဲ…အစားအစာအေၾကာင္းေျပာရရင္ေတာ့ အဓိကက Oden လို႔ ေခၚတဲ့ ဂ်ပန္တုတ္ထိုးေလးေတြကို ေရာင္းတယ္။ Laksa လို႔ေခၚတဲ့ မေလးရွားအုန္းႏို႔ေခါက္ဆြဲတို႔ ဝက္စင္းေကာခ်ဥ္စပ္ေခါက္ဆြဲတို႔ ေပါ့ေပါ့ပါးပါးစားစရာေလးေတြေရာင္းတယ္။ BBQ အကင္ေလးေတြလည္း ရတယ္။

ဘယ္ေစ်းရွိလဲ?

ေစ်းေတြအရင္ေျပာခ်င္လြန္းလို႔ စေျပာပါရေစဗ်ိဳ႕။ တုတ္ထိုးဆို တုတ္ထိပ္က အေရာင္အလိုက္ တစ္ေခ်ာင္း ၂၀၀၊ ၃၀၀၊ ၅၀၀ ။ က်န္တဲ့ပြဲေလးေတြက ၁၅၀၀ ဝန္းက်င္ေလးေတြပဲရွိတယ္။

ပြဲေသးဆို ပန္းကန္လံုးေသးေသးေလးနဲ႔ ခ်စ္စရာေကာင္းေအာင္ထည့္ေပးတယ္။ ေသးေပမယ့္အထင္မေသးနဲ႔ေနာ္။ ေဇာက္နက္တယ္ မ်ားမ်ားဆန္႔တယ္ အဟြင္း ဟြင္း…

ဘာစားေကာင္းလဲ ၫႊန္းမယ္ဗ်ိဳ႕..

အုန္းႏို႔ေခါက္ဆြဲႀကိဳက္တဲ့သူမ်ားရွိရင္ေလ ဒီဆိုင္ေလးက Laksa ကို မျဖစ္မေန စားၾကည့္သိလား။ ကိုယ္ေတြဗမာစာကေလးေခြေၾကာ္ေလးေတြေရာ Ramen ေခါက္ဆြဲသားလံုးေလးနဲ႔ အုန္းႏို႔ရည္ ေလးေလးဆိမ့္ဆိမ့္ေလးနဲ႔ ဘဲဥေလးတစ္ျခမ္းနဲ႔ စားလို႔ေကာင္းလိုက္တာ..ပြဲေသး ၁၅၀၀ တန္ေတာင္ ဗိုက္၀သဗ်။

Japanese Dan Dan Noodle ဆိုတာက ဝက္စင္းေကာနဲ႔ Ramen ပံုစံကိုမွ ခပ္စပ္စပ္ေလး။ စားရတာ ေခါက္ဆြဲလံုးေလး ရွလြတ္ရွလြတ္နဲ႔ စားရတာ အရသာထိမိတယ္။ အမွန္ေျပာရရင္ ဂ်ပန္ေခါက္ဆြဲေတြဆိုေတာ့ ကိုယ္ေတြဗမာေတြနဲ႔ ႀကိဳက္ပါ့မလားေပါ့။ ဘာလိုမွန္းမသိ လိုေနရင္ ဆက္ကိုမစားခ်င္ေတာ့တာမ်ိဳးေလ။

ဒီဂ်ပန္ႀကီးကေတာ့ လက္ရာက လံုးဝ ရွယ္ေကာင္းတာလို႔ေျပာရမယ္။ ေတာ္ေတာ္ေလးကို ေႂကြမိတဲ့ ဂ်ပန္စာေလးေတြပါပဲဗ်ာတို႔ေရ။

လူတိုင္း အမႊန္းတင္ေနၾကတဲ့ Oden တုတ္ထိုးေလးေတြကေတာ့ အခရာ့အတြက္ ပံုမွန္ပါပဲ။ ငါးအိုးစည္တို႔၊ ဝက္မိႈလံုးတို႔၊ ငါးဖယ္လံုးတို႔ အဲ့လို တုတ္ထိုးေလးေတြကို မုန္လာဥဟင္းခ်ိဳ အခ်ိဳေလးရယ္၊ ခ်ဥ္စပ္ေလးရယ္ ဟင္းခ်ိဳ၂မ်ိဳးေရြးၿပီး ေသာက္လို႔ရတယ္။ အခ်ဥ္ကေတာ့ ၃ မ်ိဳးေပးထားတယ္။ ေျပာင္းဖူး၊ ေရႊဖရံုတုတ္ထိုးေလးေတြပါရွိတယ္။

အဲ့ဒီ အေပၚက ပြဲေတြစား၊ ၾကက္ကင္ေလးတစ္ေခ်ာင္းစား၊ တုတ္ထိုး၆ေခ်ာင္းေလာက္အဝႀကိတ္၊ ဆိုဒါအေအးတစ္ခြက္ေသာက္တာေတာင္ လံုးဝ လံုးဝ တစ္ေသာင္းမေက်ာ္ခဲ့ပါဘူးဆို။ အဲ့ေလာက္ဆိုတာ ၃ေယာက္စားစာေလာက္ရွိတယ္ေလ။ ကဲ…မတန္ဘူးလားေျပာ။ ဘက္ဂ်က္အရလည္း ေတာ္ေတာ္ Safe ျဖစ္တယ္။

တျခား ေကာင္းတဲ့အခ်က္ေလးေတြက Wifi ေတာ္ေတာ္ႀကီး စြတ္ေကာင္းတယ္။ ဆိုင္ေလးက Instagramworthy Place ေလး။ ဆိုင္ေထာင့္က Don Don Oden ဆိုတဲ့ ဆိုင္းဘုတ္ေလးနဲ႔ ႐ိုက္ရင္ကို အထာက်ေနၿပီ။

က်န္တာေတြအသာထားၿပီး ဂ်ပန္ႀကီး ေဖာ္ေရြလြန္းတာနဲ႔တင္ စိတ္ေတြမတရားခ်မ္းသာခဲ့တဲ့ဆိုင္ေလးပါပဲ။

အရသာကလည္းေကာင္း၊ wifi ေလးလည္းေကာင္း၊ ေစ်းေလးကလည္း ေက်ာင္းသားလူငယ္ေတြကအစထိုင္လို႔ တန္တယ္ ေကာင္းတယ္ဆိုေတာ့ …

စားေသာက္ဆိုင္လုပ္ငန္းဆိုတာ အရသာနဲ႔ဝန္ေဆာင္မႈကို ေရာင္းရတာပါ။ အဲ့ဒီ ၂ခုလံုး ဟန္ခ်က္ညီမွ အဲ့စားေသာက္ဆိုင္ေရရွည္တိုးတက္ႏိုင္တာပါ။ ဒီေခတ္မွာ စိတ္ရင္းနဲ႔ ဝန္ေဆာင္မႈေပးတဲ့ဆိုင္ေတြ ရွားၿပီးရင္း ရွားလာတဲ့အခ်ိန္ ဂ်ပန္ႀကီးရဲ႕ Don Don ဆိုင္ေလးကေတာ့ လာတဲ့သူတိုင္း စိတ္ခ်မ္းခ်မ္းသာစားၿပီးျပန္ရတဲ့ ဆိုင္ေလးပါပဲ။

ကဲ…အခရာ့အႀကိဳက္ ဂ်ပန္ႀကီးရဲ႕ Don Don Oden ဆိုင္ေလးကို ေျမနီကုန္း City Mart နား shopping ထြက္ရင္၊ Strategy First မွာ သင္တန္းဆင္းရင္၊ ဒါမွမဟုတ္အဲ့နားေရာက္ခဲ့ရင္ သြားအားေပးၿပီး သူ႕ေဖာ္ေရြမႈေတြပိုက္ျပန္ခဲ့ပါဦးလို႔။

လိပ္စာကေတာ့ အမွတ္ ၄၊A ပေဒသာလမ္း၊ ေျမနီကုန္း၊ စမ္းေခ်ာင္းၿမိဳ႕နယ္ေနာ္။ ဪ…ဆိုင္က ခုဆို ညေစာေစာကုန္တတ္လို႔ မနက္ ၁၁ နာရီကေန ည ၈ေလာက္ထိပဲသြားၾကေနာ္။

ခ်စ္လွစြာေသာ
FoodieEi (Akhayar)

[Unicode]

ရန်ကုန်မှာ နာမည်ကြီးနေတဲ့ အပြုံးချိုချိုနဲ့ ဂျပန်ကြီးရဲ့ Don Don Oden ဂျပန်ဆိုင်လေး

ခုတစ်လော Facebook ပေါ်မှာ အရမ်းမတရား ခေတ်စားနေတဲ့ ဂျပန် Oden တုတ်ထိုးဆိုင်လေး ရှိသဗျ။ နာမည်ကြီးလွန်းလို့ လူတိုင်း သွားစားနေကြတာ ရောင်းရလွန်းလို့ ညဆို စောစောတောင်ဆိုင်ပိတ်ရသတဲ့။ ဘာလို့များပါလိမ့်?

ခေတ်စားတယ်ဆိုတာ ဒီလို။ အဲ့ဒီ ဂျပန်တုတ်ထိုးဆိုင်လေးကို ဖွင့်တာက ဂျပန်ကြီးတစ်ယောက်တည်း။ သူ့ကြောင့်ပဲ ဒီဆိုင်လေးက နာမည်ကြီးလာရတယ်ပြောရမယ်။

အဲ့ဒီဂျပန်ကြီးက သိပ်ချစ်ဖို့ကောင်းတာဗျား။ ဆိုင်ထဲဝင်တာနဲ့ပြုံးရွှင်နေအောင် ကြိုဆိုတယ်။ သူ့ဗမာစကားမတတ်တခေါက်လေးနဲ့ ကောင်းနိုးရာရာအကြိုက်လေးရွေးပေးတယ်။ ပြီးရင်သူကိုယ်တိုင်ချက်ပြီး မြန်မြန်ကောင်းကောင်းလေးပြင်ပေးတယ်။ ဒါပဲလားဆို မဟုတ်သေးဘူးဗျ။ ပြန်ရင်ပြန်တဲ့အထိ သူအားချိန်လေးဆို ဆိုင်ပေါက်ထိ လိုက်နှုတ်ဆက်တယ်။ ဒီလောက်ဖော်ရွေစေတနာကောင်းမှတော့ ပြန်မလာဘဲနေချင်မလား..နော့။

တော်တော်ချစ်ဖို့ကောင်းတဲ့ ဦးလေးကြီးပါ။

ဆိုင်ပုံစံလေးရော?

ပြောရရင်ဆိုင်လေးက တကယ့်ကိုမှ သေးသေးလေး။ အဝါနဲ့ အပြာဖျော့ဖျော့အရောင်လေးတွေ ကစားထားတယ်။ သူ့ဆိုင်လေးဆိုတာလည်း တစ်ဆိုင်လုံးက သေးသေးလေးပေမယ့် တကယ့်ဂျပန်မြို့လယ်က နေရာလေးရောက်သွားသလိုကို ချစ်ဖို့ကောင်းတာ။ ဂျပန်ရိုးရာ သီချင်းလေးတွေ ဖွင့်လို့၊ အရုပ်လေးတွေ၊ ပန်းကန်လေးတွေကအစ လိုချင်စရာကိုကောင်းလို့။ အရာရာ စိတ်ချမ်းသာစရာလေး။

ဘာတွေရလဲ?

ကဲ…အစားအစာအကြောင်းပြောရရင်တော့ အဓိကက Oden လို့ ခေါ်တဲ့ ဂျပန်တုတ်ထိုးလေးတွေကို ရောင်းတယ်။ Laksa လို့ခေါ်တဲ့ မလေးရှားအုန်းနို့ခေါက်ဆွဲတို့ ဝက်စင်းကောချဉ်စပ်ခေါက်ဆွဲတို့ ပေါ့ပေါ့ပါးပါးစားစရာလေးတွေရောင်းတယ်။ BBQ အကင်လေးတွေလည်း ရတယ်။

ဘယ်ဈေးရှိလဲ?

ဈေးတွေအရင်ပြောချင်လွန်းလို့ စပြောပါရစေဗျို့။ တုတ်ထိုးဆို တုတ်ထိပ်က အရောင်အလိုက် တစ်ချောင်း ၂၀၀၊ ၃၀၀၊ ၅၀၀ ။ ကျန်တဲ့ပွဲလေးတွေက ၁၅၀၀ ဝန်းကျင်လေးတွေပဲရှိတယ်။

ပွဲသေးဆို ပန်းကန်လုံးသေးသေးလေးနဲ့ ချစ်စရာကောင်းအောင်ထည့်ပေးတယ်။ သေးပေမယ့်အထင်မသေးနဲ့နော်။ ဇောက်နက်တယ် များများဆန့်တယ် အဟွင်း ဟွင်း…

ဘာစားကောင်းလဲ ညွှန်းမယ်ဗျို့..

အုန်းနို့ခေါက်ဆွဲကြိုက်တဲ့သူများရှိရင်လေ ဒီဆိုင်လေးက Laksa ကို မဖြစ်မနေ စားကြည့်သိလား။ ကိုယ်တွေဗမာစာကလေးခွေကြော်လေးတွေရော Ramen ခေါက်ဆွဲသားလုံးလေးနဲ့ အုန်းနို့ရည် လေးလေးဆိမ့်ဆိမ့်လေးနဲ့ ဘဲဥလေးတစ်ခြမ်းနဲ့ စားလို့ကောင်းလိုက်တာ..ပွဲသေး ၁၅၀၀ တန်တောင် ဗိုက်ဝသဗျ။

Japanese Dan Dan Noodle ဆိုတာက ဝက်စင်းကောနဲ့ Ramen ပုံစံကိုမှ ခပ်စပ်စပ်လေး။ စားရတာ ခေါက်ဆွဲလုံးလေး ရှလွတ်ရှလွတ်နဲ့ စားရတာ အရသာထိမိတယ်။ အမှန်ပြောရရင် ဂျပန်ခေါက်ဆွဲတွေဆိုတော့ ကိုယ်တွေဗမာတွေနဲ့ ကြိုက်ပါ့မလားပေါ့။ ဘာလိုမှန်းမသိ လိုနေရင် ဆက်ကိုမစားချင်တော့တာမျိုးလေ။

ဒီဂျပန်ကြီးကတော့ လက်ရာက လုံးဝ ရှယ်ကောင်းတာလို့ပြောရမယ်။ တော်တော်လေးကို ကြွေမိတဲ့ ဂျပန်စာလေးတွေပါပဲဗျာတို့ရေ။

လူတိုင်း အမွှန်းတင်နေကြတဲ့ Oden တုတ်ထိုးလေးတွေကတော့ အခရာ့အတွက် ပုံမှန်ပါပဲ။ ငါးအိုးစည်တို့၊ ဝက်မှိုလုံးတို့၊ ငါးဖယ်လုံးတို့ အဲ့လို တုတ်ထိုးလေးတွေကို မုန်လာဥဟင်းချို အချိုလေးရယ်၊ ချဉ်စပ်လေးရယ် ဟင်းချို၂မျိုးရွေးပြီး သောက်လို့ရတယ်။ အချဉ်ကတော့ ၃ မျိုးပေးထားတယ်။ ပြောင်းဖူး၊ ရွှေဖရုံတုတ်ထိုးလေးတွေပါရှိတယ်။

အဲ့ဒီ အပေါ်က ပွဲတွေစား၊ ကြက်ကင်လေးတစ်ချောင်းစား၊ တုတ်ထိုး၆ချောင်းလောက်အဝကြိတ်၊ ဆိုဒါအအေးတစ်ခွက်သောက်တာတောင် လုံးဝ လုံးဝ တစ်သောင်းမကျော်ခဲ့ပါဘူးဆို။ အဲ့လောက်ဆိုတာ ၃ယောက်စားစာလောက်ရှိတယ်လေ။ ကဲ…မတန်ဘူးလားပြော။ ဘက်ဂျက်အရလည်း တော်တော် Safe ဖြစ်တယ်။

တခြား ကောင်းတဲ့အချက်လေးတွေက Wifi တော်တော်ကြီး စွတ်ကောင်းတယ်။ ဆိုင်လေးက Instagramworthy Place လေး။ ဆိုင်ထောင့်က Don Don Oden ဆိုတဲ့ ဆိုင်းဘုတ်လေးနဲ့ ရိုက်ရင်ကို အထာကျနေပြီ။

ကျန်တာတွေအသာထားပြီး ဂျပန်ကြီး ဖော်ရွေလွန်းတာနဲ့တင် စိတ်တွေမတရားချမ်းသာခဲ့တဲ့ဆိုင်လေးပါပဲ။

အရသာကလည်းကောင်း၊ wifi လေးလည်းကောင်း၊ ဈေးလေးကလည်း ကျောင်းသားလူငယ်တွေကအစထိုင်လို့ တန်တယ် ကောင်းတယ်ဆိုတော့ …

စားသောက်ဆိုင်လုပ်ငန်းဆိုတာ အရသာနဲ့ဝန်ဆောင်မှုကို ရောင်းရတာပါ။ အဲ့ဒီ ၂ခုလုံး ဟန်ချက်ညီမှ အဲ့စားသောက်ဆိုင်ရေရှည်တိုးတက်နိုင်တာပါ။ ဒီခေတ်မှာ စိတ်ရင်းနဲ့ ဝန်ဆောင်မှုပေးတဲ့ဆိုင်တွေ ရှားပြီးရင်း ရှားလာတဲ့အချိန် ဂျပန်ကြီးရဲ့ Don Don ဆိုင်လေးကတော့ လာတဲ့သူတိုင်း စိတ်ချမ်းချမ်းသာစားပြီးပြန်ရတဲ့ ဆိုင်လေးပါပဲ။

ကဲ…အခရာ့အကြိုက် ဂျပန်ကြီးရဲ့ Don Don Oden ဆိုင်လေးကို မြေနီကုန်း City Mart နား shopping ထွက်ရင်၊ Strategy First မှာ သင်တန်းဆင်းရင်၊ ဒါမှမဟုတ်အဲ့နားရောက်ခဲ့ရင် သွားအားပေးပြီး သူ့ဖော်ရွေမှုတွေပိုက်ပြန်ခဲ့ပါဦးလို့။

လိပ်စာကတော့ အမှတ် ၄၊A ပဒေသာလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်နော်။ ဪ…ဆိုင်က ခုဆို ညစောစောကုန်တတ်လို့ မနက် ၁၁ နာရီကနေ ည ၈လောက်ထိပဲသွားကြနော်။

ချစ်လှစွာသော
FoodieEi (Akhayar)