[Zawgyi]
HP Spectre 13
HP Spectre 13
Acer Nitro 5
Acer Nitro 5
Redrose (Akhayar)
www.akhayar.com
[Unicode]
သြချလောက်စေမယ့် Dolce & Gabbana Runway Shoe Collection များ
ဖိနပ်လှလှလေးတွေစီးခွင့်ရဖို့က မိန်းကလေးတွေရဲ့ အိမ်မက်ပါ။ တစ်ချို့တွေက အိမ်မက်မက်ရင်း အဲဒီအိမ်မက်အနောက်ကိုပဲ အရူးအမူးနဲ့ စွဲလမ်းနေကြတယ်။ ဒီလိုမျိုးစွဲလမ်းစေတဲ့အကြောင်းအရင်းက ပျိုမေလေးတွေရဲ့ ခြေထောက်လေးတွေကို နာကျင်ခြင်းမရှိအောင်နဲ့ ကမ္ဘာပေါ်မှာ အလှဆုံး ခြေဖဝါးပိုင်ရှင်လေးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဖိနပ်လေးတွေကို ချုပ်ထားတဲ့ ဒီဇိုင်း၊ ဆင်ယင်ထားတဲ့ အလှကျောက်လေးတွေက အဓိက ရူူးသွပ်စေတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။
မိန်းကလေးတွေအားလုံးကို အရူးသွပ်စေဆုံး ဖြစ်စေတဲ့ ဖိနပ်လှလှလေးတွေထဲမှာမှ Dolce & Gabbana ရဲ့ Collection တွေက အရူးသွပ်စေနိုင်ဆုံးပါပဲ။ Dolce & Gabbana ဟာ Italian Luxury Fashion House ဖြစ်တဲ့အပြင် တည်ဆောက်သူလည်း တစ်ဖြစ် ဖန်တီးသူနှစ်ဦးလည်းဖြစ်တဲ့ Domenico Dolce နဲ့ Stefano Gabbana တို့ကိုယ်တိုင် ဒီဇိုင်းနဲ့ အလှအပတွေကို ကိုယ်တိုင်တီထွင်ထုတ်လုပ်တဲ့အတွက် Fan တွေကို ဘယ်တော့မှစိတ်မပျက်စေခဲ့ပါဘူး။
HP Spectre 13
HP Spectre 13
HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်
ဒီထဲမှာမှ သြချရလောက်စေတဲ့ Shoe Collection လည်းရှိလို့နေပါသေးတယ်။ အဲဒါကတော့ Dolce & Gabbana ရဲ့ Runway Shoe Collection တွေပါပဲ။
Dolce & Gabbana ရဲ့ Runway Shoe Collection တွေက သူ့ရဲ့ အခြားထွက်တဲ့ ဖိနပ်တွေနဲ့ ဒီဇိုင်းရော အသုံးပြုထားတဲ့ Accessories တွေရောအားလုံးက ကွဲထွက်နေတာကိုတွေ့ရှိရမှာပါ။ အသေးစိတ်ကိုဒီဇိုင်းထွင်ထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရောင်းချထားတဲ့ဈေးနှုန်းတွေကလည်း အမျိုးမျိုးကွဲပြားကြပါတယ်။ ယေဘုယျအားဖြင့်တော့ ဒေါ်လာ ၁၀၀၀ကြားမှာရှိပါတယ်။
Acer Nitro 5
Acer Nitro 5
Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်
Runway Shoe Collection ထဲမှာ အကြိုက်ဆုံးပြောပါဆိုရင်တော့ ဒီ ဒီဇိုင်း ၄မျိုးလို့ပြောရပါမယ်။
SANDAL IN PRINTED PATENT LEATHER WITH JEWEL BUCKLES
SANDAL IN PRINTED PATENT LEATHER WITH JEWEL BUCKLES
SANDAL IN PRINTED PATENT LEATHER WITH JEWEL BUCKLES
ဒီဒီဇိုင်းဟာ Leather အသားနဲ့ ချုပ်လုပ်ထားပါတယ်။ ဆွဲရေးထားတဲ့ဒီဇိုင်းဟာ Italy Museum Wall တွေမှာရေးဆွဲထားတဲ့ ဒီဇိုင်းတွေကို အခြေခံပြီး ရေးဆွဲထားတယ်လို့ ယူဆရပါတယ်။ ခြေထိပ်စီးနားမှာအလှဆင်ထားတဲ့ Buckel ခေါင်းမှာ ပါဝင်တဲ့ Jewel တွေဟာ Crystal တွေကို အသုံးပြုထားကြောင်းသိရှိရပါတယ်။
SLINGBACK IN SOFT LUREX WITH JEWEL HEEL
SLINGBACK IN SOFT LUREX WITH JEWEL HEEL
SLINGBACK IN SOFT LUREX WITH JEWEL HEEL
ဒီဖိနပ်လေးကတော့ ဒီဇိုင်းပိုင်မှာ ထူးခြားချက်မရှိလှပါဘူး။ ဒါပေမယ့် အရမ်းကို Simple ဖြစ်ပြီး Classic ဆန်လွန်းလှပါတယ်။ ဖိနပ်တစ်ခုလုံးကို Silver Lurex အသားကို အသုံးပြုပြီးတော့ ချုပ်လုပ်ထားပါတယ်။ ထိပ်ပိတ်ဖိနပ်ဒီဇိုင်းမျိုးဖန်တီးထားတဲ့အတွက် Elegant ဖြစ်လွန်းနေပါတယ်။ Heel အနောက်ဘက်မှာလည်း Pearls နဲ့ Crystal တွေနဲ့ အောက်အနားသိမ်းထားပါသေးတယ်။
JAQUARD PUMPS WITH EMBROIDERY
JAQUARD PUMPS WITH EMBROIDERY
JAQUARD PUMPS WITH EMBROIDERY
ဒီဖိနပ်ဒီဇိုင်းလေးဟာ Crystal လေးတွေနဲ့ ကိုယ်တိုင် လက်ချုပ်ပန်းထိုးထားတာဖြစ်ပါတယ်။ ဖိနပ်အနားသပ်ဇာလေးတွေအပြင် ဖိနပ်မှာအသုံးပြုထားတဲ့အသားကအစ အားလုံးဟာ Hand Made တွေချည်း်ဖြစ်ပါတယ်။ အတွင်း အောက်ခံSole ကိုုလည်း ရွှေရောင်Leather ကိုအသုံးပြုထားပြီး Pearl ကို Heel ရဲ့ Point Toe မှာ အလှဆင် ချုပ်လုပ်ထားတဲ့အတွက် လုံးဝ Luxury Royal Heel ဆိုတဲ့ခံစားမှုမျိုးအထိပါ ရစေပါတယ်။
SANDAL IN MIRRORED PATENT LEATHER WITH SCULPTED HEEL
SANDAL IN MIRRORED PATENT LEATHER WITH SCULPTED HEEL
SANDAL IN MIRRORED PATENT LEATHER WITH SCULPTED HEEL
နောက်ဆုံးအနေနဲ့အကြိုက်ဆုံးကတော့ SANDAL IN MIRRORED PATENT LEATHER WITH SCULPTED HEEL ပဲဖြစ်ပါတယ်။ သူ့ဒီဇိုင်းဟာရှင်းပါတယ်။ Glamour ဖြစ်တယ်။ High Fashion ပုံစံမျိုးကိုသွားတယ်။ Heel အနောက်ပိုင်းမှာ ဖန်တီးထားတဲ့ ဒီဇိုင်းဟာ Handmade ဒီဇိုင်းဖြစ်ပြီး ဖိနပ်တစ်ခုလုံးကို ရွှေရောင်အသုံးပြုထားတဲ့အတွက် Red Carpet တို့လို Event မျိုးတွေမှာ အလိုက်ဖက်ဆုံး Heel မျိုးဖြစ်ပါတယ်။
Redrose (Akhayar)
www.akhayar.com
Photo Credit: Dolce & Gabbana
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။