Dolby Atmos audio tools နဲ့ Dolby Vision imaging technology ဆိုတဲ့ နာမည်တွေကို နည်းပညာ၊ ရုပ်ရှင်နဲ့ ရင်းနှီးတဲ့သူတွေဆိုရင် ကြားဖူး၊ သိဖူးကြလောက်မှာပါ။ ဆန်ဖရန်စစ္စကိုမှာရှိတဲ့ Dolby Labs ဟာ ယခုအခါမှာ လက်ပ်တော့တွေကို ပိုမိုသေးငယ်တဲ့ Theater တွေအဖြစ်ပြောင်းလဲပေးဖို့အတွက် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

ကုမ္ပဏီရဲ့ ဒီနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ လက်ပ်တော့ထုတ်လုပ်သူတွေကို စပီကာတွေအတွက် ဒီဇိုင်းဆွဲပေးဖို့ တိုက်ရိုက်အလုပ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် Hardware partner အနေနဲ့ တရုတ်ထုတ်လုပ်ရေး Huawei ရဲ့ Huawei MateBook X အတွက်အလုပ်လုပ်ပေးထားပြီး ဒီနွေအစောပိုင်းမှာ ထုတ်လုပ်ထားတဲ့ ပစ္စည်းမှာပါဝင်တဲ့ Dolby-designed စပီကာတွေကြောင့် အသံထွက်အကောင်းဆုံးလက်ပ်တော့အဖြစ် မီဒီယာတွေက ရည်ညွှန်းခဲ့ပါတယ်။

PC OEM တွေအတွက်လည်း Dolby ဟာ နည်းပညာများစွာ ထောက်ပံ့ပေးခဲ့ကြောင်း ကုမ္ပဏီရဲ့ ပြောကြားချက်အရ သိရပါတယ်။

Dolby ရဲ့ Senior product မန်နေဂျာဖြစ်သူ Jeremiha Douglas ရဲ့ ပြောကြားချက်အရ ဒါဟာဆိုရင် ကုမ္ပဏီအနေနဲ့ consumer device system အတွက် အနက်ရှိုင်းဆုံး ပူးပေါင်းလုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ခဲ့တာပါ။ လက်ပ်တော့တွေရဲ့ ပါးလွှာပေါ့ပါးလာတဲ့ ဒီဇိုင်းတွေက သူတို့မှာ အသံစနစ်အတွက် အခန်းတွေလည်းနည်းပါးလာတယ်လို့ Douglas က ဆိုခဲ့ပါတယ်။

သူက Dolby အနေနဲ့ စပီကာတွေကို ဒီဇိုင်းထုတ်ပေးဖို့ လက်ပ်တော့မော်ဒယ်အမျိုးမျိုးကို သုတေသနလုပ်ခဲ့ရပြီး အများစုဟာ မညီမျှတဲ့ စတီရီယိုအသံထွက်စနစ်တွေနဲ့ ထုတ်လုပ်ထားကြောင်းတွေ့ခဲ့ကြတာပါ။ အထူးသဖြင့် လက်ပ်တော့တွေရဲ့ ဘယ်နဲ့ညာစပီကာတွေရဲ့ ထုတ်လုပ်သူတွေဟာမတူညီတာကြောင့် အသံထွက်မညီမှုတွေ ဖြစ်လာတယ်လို့ ပြောခဲ့တာပါ။

အသံထွက်ဘီလူးကြီးဝင်ရောက်လာတဲ့ လက်ပ်တော့နည်းပညာလောကမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။HGID_KV_Ads_Square

Joker (Akhayar)

Ref: The Verge