[ZawGyi]

ေငြေၾကးမကုန္က်ဘဲ ကုသိုလ္ေတြတိုးေစတဲ႔ အလွဴ ၇ မ်ိဳး

တခ်ိဳ႕ေတြက ေငြေၾကးမခ်မ္းသာလို႔ ဘုရားတည္ ၊ ေက်ာင္းေဆာက္ ကုသိုလ္ေကာင္းမႈေတြမျပဳႏိုင္ဘူးဆိုျပီး စိတ္ႏွလံုးမသာမယာျဖစ္တတ္ၾကပါတယ္။ တကယ္ေတာ႔လွဴတတ္ရင္ ကုသိုလ္ေတြတေပြ႔တပိုက္ သံသရာကိုယူေဆာင္သြားႏိုင္တဲ႔ ဘုရားေဟာၾကားတဲ႔ ျမတ္ေသာ ကုသိုလ္ ၇ မ်ိဳးရွိပါတယ္။ ေငြကုန္စရာမလို ကုသိုလ္ေတြေန႔တိုင္းရေစမယ္႔ လွဴဒါန္းနည္း ၇ မ်ိဳးကေတာ႔…

စိတ္ျဖင္႔အလွဴ

တစ္ဖက္သားကို စိတ္ပုပ္စိတ္ယုတ္မထားဘဲ အရိုးသားဆံုးဆက္ဆံျခင္းဟာလည္းအလွဴပါပဲ။ စိတ္ထဲမွာ သံသယမထားဘဲ အျမင္ၾကည္ၾကည္ထားမယ္ ၊ ပြင္႔ပြင္႔လင္းလင္း ေျပာဆုိဆက္ဆံမယ္ဆိုရင္ အျပန္အလွန္မိတ္ေဆြေကာင္းျဖစ္လာပါလိမ္႔မယ္။ ရင္းႏွီးပြင္႔လင္းမႈကို ခံစားရသူတိုင္းက စိတ္ၾကည္ႏူးရတာမို႔ ကိုယ္လည္းေနရင္းထိုင္ရင္းကုသိုလ္ရေနမွာပါ။ ဒီကုသိုလ္အက်ိဳးေၾကာင္႔ မိတ္ေဆြအတုအေယာင္ေတြနဲ႔လည္း ကင္းေဝးပါလိမ္႔မယ္။

ဟန္အမူအရာျဖင္႔အလွဴ

ကိုယ္႔ရဲ႕ယဥ္ေက်းတဲ႔ ကိုယ္ဟန္အမူအရာ ၊ ႏွစ္လိုဖြယ္အျပံဳးေၾကာင္႔တစ္ဖက္လူ ရင္ထဲခ်မ္းေျမ ႔သြားခဲ႔ရင္ ဒါဟာလည္း ကုသိုလ္တစ္ပါးပါ။ ကိုယ္႔အျပဳအမူေၾကာင္႔ တစ္ဖက္လူက ေႏြးေထြးမႈကိုခံစားသြားရမယ္ ၊ ေပ်ာ္ရႊင္သြားမယ္ဆိုရင္ ကိုယ္ပါစိတ္ေပ်ာ္ရႊင္ေက်နပ္မႈရတာေၾကာင္႔ ကိုယ္တိုင္လည္း စိတ္ၾကည္လင္ျပီး ကုသိုလ္တုိးပါတယ္။

အျမင္ျဖင္႔အလွဴ

သူတစ္ပါးအေပၚ ျမင္တဲ႔အျမင္မွာ ဆိုးကြက္ေတြခ်ည္းျမင္တတ္သူရွိသလို ေကာင္းကြက္ေလးေတြကို ပိုပိုသာသာျမင္ေပးတတ္သူလည္းရွိပါတယ္။ လူတိုင္းအေကာင္းအဆိုးဒြန္တြဲေနၾကတဲ႔အတြက္ ဆိုးကြက္ေတြကိုခ်ည္း ၾကည္႔ျပီးကဲ႔ရဲ႕ရႈတ္ခ်တာမ်ိဳး မလုပ္သင္႔ပါဘူး။ ေကာင္းကြက္ကိုသိျပီး ေမတၱာစိတ္ထားေပးႏိုင္မယ္ဆိုရင္ ကိုယ္႔အတြက္ကုသိုလ္ေတြတိုးေနပါျပီ။

လုပ္အားျဖင္႔အလွဴ

ဘယ္ေနရာမွာမဆို အမ်ားသူငါအဆင္ေျပဖို႔ ကိုယ္႔ခြန္အားကိုသံုးျပီးလွဴပါ။ ရံုးတစ္ရံုးမွာ ေရသန္႔ဘူးကုန္ေနလို႔ ေရသန္႔ဘူးအသစ္လဲေပးလိုက္တာဟာလည္း အလွဴပါပဲ။ တျခားသူေတြစိတ္ခ်မ္းေျမ႕စြာ အလုပ္လုပ္ႏိုင္ဖို႔ အခန္းကိုသန္႔ရွင္းေရးလုပ္ေပးတာဟာလည္း အလွဴပါပဲ။ လမ္းသြားလမ္းလာေတြအဆင္ေျပေစဖို႔ ေရအိုင္ထဲ အုတ္ခဲေလးေတြခ်ေပးလိုက္တာဟာလည္း အလွဴပါပဲ။ ကိုယ္႔လုပ္အားေၾကာင္႔ သူတစ္ပါးအဆင္ေျပသြားရင္ ၾကီးျမတ္တဲ႔အလွဴျဖစ္တာမို႔ ကုသိုလ္ယူတတ္ၾကဖို႔လိုပါတယ္။

ႏႈတ္ျဖင္႔အလွဴ

ကိုယ္႔ရဲ႕အားေပးစကားတစ္ခြန္းဟာ တစ္ဖက္လူအတြက္ ၾကီးမားတဲ႔ခြန္အားျဖစ္ေစတတ္ပါတယ္။ စိတ္ညစ္စရာၾကံဳေနတဲ႔ သူငယ္ခ်င္းကို အားေပးစကားေျပာတာမ်ိဳး ၊ ႏွစ္သိမ္႔ေပးတာမ်ိဳးက ကိုယ္႔အတြက္ ဘာမွအက်ိဳးရလဒ္မရွိတာမ်ိဳး မဟုတ္ပါဘူး။ သူစိတ္ေအးခ်မ္းသြားပံုကို ျမင္ရတာေၾကာင္႔ကိုယ္ပါ ေအးခ်မ္းပါတယ္။ ဒါဟာ ေငြမကုန္ဘဲရတဲ႔ ကုသိုလ္တစ္ပါးပါပဲ။

ေနရာထိုင္ခင္းအလွဴ

ဘတ္စကားေပၚမွာ ၊ ရထားေပၚမွာ ကိုယ္႔ေနရာကို လွဴျခင္းဟာလည္း ေငြေၾကးမကုန္တဲ႔အလွဴဒါနျဖစ္ပါတယ္။ ရဟန္းသံဃာ ၊ သက္ၾကီးရြယ္အို ၊ ကိုယ္ဝန္ေဆာင္ ၊ မသန္စြမ္းသူေတြနဲ႔ ကေလးသူငယ္ေတြကိုေနရာေပးလိုက္တာဟာ လူပီသမႈကိုျပသျခင္းသာမက ကုသိုလ္ကိုပါ ပါဆယ္ယူသြားႏိုင္တာျဖစ္ပါတယ္။

ေနအိမ္ျဖင္႔အလွဴ

ဒီလွဴဒါန္းနည္းကေတာ႔ မိမိရဲ႕အိမ္ေနရာမွာ တျခာသူမ်ားအားနားေနခြင္႔ျပဳျခင္းပဲျဖစ္ပါတယ္။ ကိုယ္႔အိမ္မွာ စုေဝးျပီး တရားဘာဝနာေဆြးေႏြးတာျဖစ္ေစ ၊ ေကာင္းရာေကာင္းက်ိဳး ျပဳလုပ္တာမ်ိဳးျဖစ္ေစ ၊ အလွဴအတန္းအတြက္ စုေဝးၾကတာပဲျဖစ္ေစ ကိုယ္႔အိမ္ေနရာကိုခဏတာလွဴဒါန္းတဲ႔အတြက္ ကုသို္လ္ရပါတယ္။ ဒါဟာလည္း ေငြကုန္ေၾကးက်မရွိတဲ႔ မြန္ျမတ္တဲ႔အလွဴပါပဲ။

ဒါေၾကာင္႔ ေငြေၾကးမတတ္ႏိုင္လို႔ အလွဴေတြမေပးႏိုင္လို႔ဆိုျပီး စိတ္ဆင္းရဲစရာမရွိဘဲ ဘုရားေဟာတရားမွာပါတဲ႔ ျမတ္ေသာအလွဴ ၇ မ်ိဳးကို က်င္႔သံုးလွဴဒါန္းႏိုင္ၾကပါတယ္ေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

ငွေကြေးမကုန်ကျဘဲ ကုသိုလ်တွေတိုးစေတဲ့ အလှူ ၇ မျိုး

တချို့တွေက ငွေကြေးမချမ်းသာလို့ ဘုရားတည် ၊ ကျောင်းဆောက် ကုသိုလ်ကောင်းမှုတွေမပြုနိုင်ဘူးဆိုပြီး စိတ်နှလုံးမသာမယာဖြစ်တတ်ကြပါတယ်။ တကယ်တော့လှူတတ်ရင် ကုသိုလ်တွေတပွေ့တပိုက် သံသရာကိုယူဆောင်သွားနိုင်တဲ့ ဘုရားဟောကြားတဲ့ မြတ်သော ကုသိုလ် ၇ မျိုးရှိပါတယ်။ ငွေကုန်စရာမလို ကုသိုလ်တွေနေ့တိုင်းရစေမယ့် လှူဒါန်းနည်း ၇ မျိုးကတော့…

စိတ်ဖြင့်အလှူ

တစ်ဖက်သားကို စိတ်ပုပ်စိတ်ယုတ်မထားဘဲ အရိုးသားဆုံးဆက်ဆံခြင်းဟာလည်းအလှူပါပဲ။ စိတ်ထဲမှာ သံသယမထားဘဲ အမြင်ကြည်ကြည်ထားမယ် ၊ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမယ်ဆိုရင် အပြန်အလှန်မိတ်ဆွေကောင်းဖြစ်လာပါလိမ့်မယ်။ ရင်းနှီးပွင့်လင်းမှုကို ခံစားရသူတိုင်းက စိတ်ကြည်နူးရတာမို့ ကိုယ်လည်းနေရင်းထိုင်ရင်းကုသိုလ်ရနေမှာပါ။ ဒီကုသိုလ်အကျိုးကြောင့် မိတ်ဆွေအတုအယောင်တွေနဲ့လည်း ကင်းဝေးပါလိမ့်မယ်။

ဟန်အမူအရာဖြင့်အလှူ

ကိုယ့်ရဲ့ယဉ်ကျေးတဲ့ ကိုယ်ဟန်အမူအရာ ၊ နှစ်လိုဖွယ်အပြုံးကြောင့်တစ်ဖက်လူ ရင်ထဲချမ်းမြေ့သွားခဲ့ရင် ဒါဟာလည်း ကုသိုလ်တစ်ပါးပါ။ ကိုယ့်အပြုအမူကြောင့် တစ်ဖက်လူက နွေးထွေးမှုကိုခံစားသွားရမယ် ၊ ပျော်ရွှင်သွားမယ်ဆိုရင် ကိုယ်ပါစိတ်ပျော်ရွှင်ကျေနပ်မှုရတာကြောင့် ကိုယ်တိုင်လည်း စိတ်ကြည်လင်ပြီး ကုသိုလ်တိုးပါတယ်။

အမြင်ဖြင့်အလှူ

သူတစ်ပါးအပေါ် မြင်တဲ့အမြင်မှာ ဆိုးကွက်တွေချည်းမြင်တတ်သူရှိသလို ကောင်းကွက်လေးတွေကို ပိုပိုသာသာမြင်ပေးတတ်သူလည်းရှိပါတယ်။ လူတိုင်းအကောင်းအဆိုးဒွန်တွဲနေကြတဲ့အတွက် ဆိုးကွက်တွေကိုချည်း ကြည့်ပြီးကဲ့ရဲ့ရှုတ်ချတာမျိုး မလုပ်သင့်ပါဘူး။ ကောင်းကွက်ကိုသိပြီး မေတ္တာစိတ်ထားပေးနိုင်မယ်ဆိုရင် ကိုယ့်အတွက်ကုသိုလ်တွေတိုးနေပါပြီ။

လုပ်အားဖြင့်အလှူ

ဘယ်နေရာမှာမဆို အများသူငါအဆင်ပြေဖို့ ကိုယ့်ခွန်အားကိုသုံးပြီးလှူပါ။ ရုံးတစ်ရုံးမှာ ရေသန့်ဘူးကုန်နေလို့ ရေသန့်ဘူးအသစ်လဲပေးလိုက်တာဟာလည်း အလှူပါပဲ။ တခြားသူတွေစိတ်ချမ်းမြေ့စွာ အလုပ်လုပ်နိုင်ဖို့ အခန်းကိုသန့်ရှင်းရေးလုပ်ပေးတာဟာလည်း အလှူပါပဲ။ လမ်းသွားလမ်းလာတွေအဆင်ပြေစေဖို့ ရေအိုင်ထဲ အုတ်ခဲလေးတွေချပေးလိုက်တာဟာလည်း အလှူပါပဲ။ ကိုယ့်လုပ်အားကြောင့် သူတစ်ပါးအဆင်ပြေသွားရင် ကြီးမြတ်တဲ့အလှူဖြစ်တာမို့ ကုသိုလ်ယူတတ်ကြဖို့လိုပါတယ်။

နှုတ်ဖြင့်အလှူ

ကိုယ့်ရဲ့အားပေးစကားတစ်ခွန်းဟာ တစ်ဖက်လူအတွက် ကြီးမားတဲ့ခွန်အားဖြစ်စေတတ်ပါတယ်။ စိတ်ညစ်စရာကြုံနေတဲ့ သူငယ်ချင်းကို အားပေးစကားပြောတာမျိုး ၊ နှစ်သိမ့်ပေးတာမျိုးက ကိုယ့်အတွက် ဘာမှအကျိုးရလဒ်မရှိတာမျိုး မဟုတ်ပါဘူး။ သူစိတ်အေးချမ်းသွားပုံကို မြင်ရတာကြောင့်ကိုယ်ပါ အေးချမ်းပါတယ်။ ဒါဟာ ငွေမကုန်ဘဲရတဲ့ ကုသိုလ်တစ်ပါးပါပဲ။

နေရာထိုင်ခင်းအလှူ

ဘတ်စကားပေါ်မှာ ၊ ရထားပေါ်မှာ ကိုယ့်နေရာကို လှူခြင်းဟာလည်း ငွေကြေးမကုန်တဲ့အလှူဒါနဖြစ်ပါတယ်။ ရဟန်းသံဃာ ၊ သက်ကြီးရွယ်အို ၊ ကိုယ်ဝန်ဆောင် ၊ မသန်စွမ်းသူတွေနဲ့ ကလေးသူငယ်တွေကိုနေရာပေးလိုက်တာဟာ လူပီသမှုကိုပြသခြင်းသာမက ကုသိုလ်ကိုပါ ပါဆယ်ယူသွားနိုင်တာဖြစ်ပါတယ်။

နေအိမ်ဖြင့်အလှူ

ဒီလှူဒါန်းနည်းကတော့ မိမိရဲ့အိမ်နေရာမှာ တခြာသူများအားနားနေခွင့်ပြုခြင်းပဲဖြစ်ပါတယ်။ ကိုယ့်အိမ်မှာ စုဝေးပြီး တရားဘာဝနာဆွေးနွေးတာဖြစ်စေ ၊ ကောင်းရာကောင်းကျိုး ပြုလုပ်တာမျိုးဖြစ်စေ ၊ အလှူအတန်းအတွက် စုဝေးကြတာပဲဖြစ်စေ ကိုယ့်အိမ်နေရာကိုခဏတာလှူဒါန်းတဲ့အတွက် ကုသိုလ်ရပါတယ်။ ဒါဟာလည်း ငွေကုန်ကြေးကျမရှိတဲ့ မွန်မြတ်တဲ့အလှူပါပဲ။

ဒါကြောင့် ငွေကြေးမတတ်နိုင်လို့ အလှူတွေမပေးနိုင်လို့ဆိုပြီး စိတ်ဆင်းရဲစရာမရှိဘဲ ဘုရားဟောတရားမှာပါတဲ့ မြတ်သောအလှူ ၇ မျိုးကို ကျင့်သုံးလှူဒါန်းနိုင်ကြပါတယ်နော်။

ဂျူဂျူး(အခရာ)

www.akhayar.com