[ZawGyi]

အဂၤလန္ကမၻာ႔ဖလားကိုကယ္ဆယ္ေပးခဲ႔တဲ႔ ေခြးေလး

ကမၻာ႔ဖလားသမိုင္းေၾကာင္းမွာ ထူးထူးျခားျခားေက်းဇူးတင္ရမယ္႔ေခြးေလးတစ္ေကာင္ရွိခဲ႔ဖူးတယ္ဆုိရင္ အ႔ံၾသသြားမလား။ ဒီလုိျဖစ္ရပ္ကတကယ္ရွိခဲ႔တာပါ။

၁၉၆၆ ခုနစ္မွာအဂၤလန္ဟာ ကမၻာ႔ဖလားကိုအိမ္ရွင္ႏိုင္ငံအျဖစ္လက္ခံက်င္းပခဲ႔ပါတယ္။ အိမ္ရွင္ႏိုင္ငံအသင္းအေနနဲ႔ကမၻာ႔ဖလားဆုတံဆိပ္ၾကီးကိုလည္း တာဝန္ယူထိန္းသိမ္းခဲ႔ရပါတယ္။ ဒါေပမဲ႔ မေမွ်ာ္လင္႔တဲ႔ျဖစ္ရပ္က သူတုိ႔ကိုဗ်ာမ်ားသြားေစခဲ႔ပါတယ္။

အဲဒီႏွစ္ကမၻာ႔ဖလားမွာဆုခ်မယ္႔ Jules Rimet Trophy ၾကီးကို Westminster မွာရွိတဲ႔ Methodist Central Hall မွာထိန္းသိမ္းထားခဲ႔တာျဖစ္ပါတယ္။ ဒါေပမဲ႔မတ္လ ၂၀ရက္ေန႔မွာေတာ႔ ဒီဆုတံဆိပ္ၾကီးဟာ အေစာင္႔၅ေယာက္ေစာင္႔ၾကပ္ေနတဲ႔ၾကားထဲကေန ေပ်ာက္ဆံုးသြားခဲ႔တာပါ။ သူခုိးေတြကအေဆာက္အအံုအေနာက္ဘက္ေနဖ်က္ဆီးခ်ိဳးေဖာက္ျပီး ဒီဆုတံဆိပ္ကိုခိုးသြားခဲ႔ၾကတာျဖစ္ပါတယ္။ ဒီလုိဆုတံဆိပ္ၾကီးေပ်ာက္ဆံုးသြားတဲ႔သတင္းက ျဗိတိန္သတင္းစာေတြမွာဟိုးေလးတေက်ာ္ျဖစ္ခဲ႔ျပီး FIFA ကလည္းဒါဟာအိမ္ရွင္ႏိုင္ငံမွာသာတာဝန္ရွိတယ္ မေပါ႔ေလ်ာ႔သင္႔ဘူးလုိ႔ အျပစ္တင္ခဲ႔ပါတယ္။ ခိုးယူသြားတဲ႔သူခုိးေတြက ေပါင္ ၁၅၀၀၀ နဲ႔ဆုတံဆိပ္ကိုလဲယူဖုိ႔ေျပာခဲ႔ေပမယ္႔ စေကာ႔တလန္ႏိုင္ငံသားေတြနဲ႔ေဘာလံုးသမားေတြကေတာ႔ အင္တင္တင္ပါ။ ရဲေတြကသူခုိးနဲ႔သူတုိ႔ၾကား ခ်ိတ္ဆက္ေပးတဲ႔ၾကားလူကိုဖမ္းမိခဲ႔ေပမယ္႔ ဆုတံဆိပ္ကိုေတာ႔ျပန္မရခဲ႔ပါဘူး။

Jules Rimet Trophy

Jules Rimet Trophy

အဲဒီအခ်ိန္မွာပဲ အသက္၄ႏွစ္အရြယ္ရွိျပီျဖစ္တဲ႔ ေခြးေလး Pickles ကကယ္တင္ရွင္ျဖစ္လာခဲ႔တာပါ။ မတ္လ ၂၇ ရက္ေန႔၊ လန္ဒန္ေတာင္ပိုင္းမွာ Pickles ကသူ႔သခင္ျဖစ္သူ David Corbett နဲ႔အတူလမ္းေလွ်ာက္ထြက္ေနတုန္း ျခံစည္းရိုးနားမွာအရာဝတၳဳတစ္ခုခုရွိေနတာကို သတိထားမိခဲ႔ပါတယ္။ Pickles ေလးကျခံစည္းရိုးနားကေန ၾကိဳးနဲ႔စည္းထားတဲ႔ပါဆယ္ထုပ္ေလးတစ္ထုပ္ကို ဆြဲယူလာခဲ႔ပါေလေရာ။ သူ႔သခင္က အထုပ္ကိုျဖည္ခ်လုိက္တဲ႔အခ်ိန္မွာေတာ႔ (အခရာပရိသတ္ၾကီးမွန္းထားတဲ႔အတုိင္းပဲ) Jules Rimet Trophy ၾကီးကိုေတြ႔ရေတာ႔တာပါပဲ။ ဘယ္ကေနဘယ္လုိဒီဆုတံဆိပ္ၾကီး အိမ္ျခံစည္းရိုးနားေရာက္ေနတယ္ဆုိတာေတာ႔ Corbett လည္းမသိခဲ႔ပါဘူး။ အဲဒါနဲ႔သူကရဲစခန္းသြားအပ္လိုက္ပါတယ္။

pickles-world-cup

pickles-world-cup

ဒီလုိနဲ႔ေခြးေလး Pickles ဟာတန္ဖုိးၾကီးလွတဲ႔ ဆုတံဆိပ္ၾကီးကိုရွာေဖြေပးတဲ႔ေကာင္ေလးအျဖစ္နဲ႔ မွတ္တမ္းဝင္လာခဲ႔တာပါ။ သူဟာ International Star ေလးအျဖစ္နဲ႔ တျခားေသာႏိုင္ငံေတြကိုလွည္႔လည္သြားလာရတဲ႔အျပင္ တစ္ႏွစ္စာ Dog Food ေတြရ၊ ေကၽြးခ်င္ေမြးခ်င္ေထာက္ပ႔ံခ်င္သူေတြအမ်ားၾကီးနဲ႔ ေကာင္းစားသြားပါတယ္။ Pickles ေလးအေၾကာင္းကိုလည္း The Spy With the Cold Nose ဆုိတဲ႔နာမည္နဲ႔မွတ္တမ္းရုပ္ရွင္ရိုက္ကူးခဲ႔ဖူးပါတယ္။ သူကတစ္ေန႔ကို အေမရိကန္ေဒၚလာ ၆၀၀ ေလာက္ဝင္ေငြရခဲ႔ျပီး သခင္ထက္ေတာင္ဝင္ေငြမ်ားသြားခဲ႔တာပါ။
အဲဒီႏွစ္ကမၻာ႔ဖလားမွာအိမ္ရွင္အသင္းကပဲ ကမၻာ႔ဖလားဆုၾကီးကိုဆြတ္ခူးႏိုင္ခဲ႔ေတာ႔ ကစားသမားေတြအားလံုးကဆုေပးပြဲအခမ္းအနားမွာ Pickles ကိုပါဖိတ္ၾကားျပီး ဆုတံဆိပ္ကိုသူ႔လွ်ာနဲ႔လွ်က္ေစခဲ႔တာျဖစ္ပါတယ္။ သခင္ျဖစ္တဲ႔ Corbett ကလည္း ဆုေငြေပါင္ ၃၀၀၀ ရခဲ႔ျပီး Surrey မွာေတာင္အိမ္ၾကီးတစ္လံုးဝယ္ႏိုင္သြားခဲ႔ပါတယ္။

england-win-worldcup-1966

england-win-worldcup-1966

ဒါေပမဲ႔ဝမ္းနည္းစရာေကာင္းတာက ၁၉၇၀ ကမၻာ႔ဖလားကိုျမင္ခြင္႔ရဖုိ႔အထိ Pickles ေလးအသက္မရွည္ခဲ႔သလုိ Jules Rimet Trophy ၾကီးဟာလည္းကံမေကာင္းခဲ႔ပါဘူး။ ၁၉၇၀ ခုနစ္မွာ ဘရာဇီးကကမၻာ႔ဖလားဆုကို ဆြတ္ခူးခဲ႔တဲ႔အတြက္ Jules Rimet Trophy ကိုဘရာဇီးကပိုင္ဆုိင္သြားခဲ႔ျပီး သူတုိ႔ႏိုင္ငံမွာထိန္းသိမ္းထားခဲ႔ပါတယ္။ ၁၉၇၄ ခုနစ္မွာ FIFA ကေနာက္ထပ္ဆုတံဆိပ္အသစ္ကိုေျပာင္းလဲအသံုးျပဳခဲ႔တဲ႔အတြက္ Jules Rimet Trophy ကေတာ႔ ဘရာဇီးမွာပဲအေျခတက်ရွိေနခဲ႔တာျဖစ္ပါတယ္။ ၁၉၈၃ ခုနစ္၊ ဒီဇင္ဘာလမွာ Jules Rimet Trophy ကထပ္မံအခိုးခံခဲ႔ရျပီး ခုခ်ိန္ထိျပန္လည္မေတြ႔ရွိရဘဲ ေပ်ာက္ဆံုးေနဆဲပါ။

ဘာပဲျဖစ္ျဖစ္ Pickles ေလးကေတာ႔ ကမၻာ႔ဖလားသမိုင္းမွာပါဝင္ႏိုင္ခဲ႔သူ၊ေခြးျဖစ္ေပမယ္႔ ကုသိုလ္ေကာင္းသူ၊သခင္ကိုေက်းဇူးဆပ္ခြင္႔ရခဲ႔တာမုိ႔ ကံေကာင္းလြန္းတဲ႔အေကာင္ေလးလုိ႔ဆုိရမွာပါ။

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

အင်္ဂလန်ကမ္ဘာ့ဖလားကိုကယ်ဆယ်ပေးခဲ့တဲ့ ခွေးလေး

ကမ္ဘာ့ဖလားသမိုင်းကြောင်းမှာ ထူးထူးခြားခြားကျေးဇူးတင်ရမယ့်ခွေးလေးတစ်ကောင်ရှိခဲ့ဖူးတယ်ဆိုရင် အံ့သြသွားမလား။ ဒီလိုဖြစ်ရပ်ကတကယ်ရှိခဲ့တာပါ။

၁၉၆၆ ခုနစ်မှာအင်္ဂလန်ဟာ ကမ္ဘာ့ဖလားကိုအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံအသင်းအနေနဲ့ကမ္ဘာ့ဖလားဆုတံဆိပ်ကြီးကိုလည်း တာဝန်ယူထိန်းသိမ်းခဲ့ရပါတယ်။ ဒါပေမဲ့ မမျှော်လင့်တဲ့ဖြစ်ရပ်က သူတို့ကိုဗျာများသွားစေခဲ့ပါတယ်။

အဲဒီနှစ်ကမ္ဘာ့ဖလားမှာဆုချမယ့် Jules Rimet Trophy ကြီးကို Westminster မှာရှိတဲ့ Methodist Central Hall မှာထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့မတ်လ ၂၀ရက်နေ့မှာတော့ ဒီဆုတံဆိပ်ကြီးဟာ အစောင့်၅ယောက်စောင့်ကြပ်နေတဲ့ကြားထဲကနေ ပျောက်ဆုံးသွားခဲ့တာပါ။ သူခိုးတွေကအဆောက်အအုံအနောက်ဘက်နေဖျက်ဆီးချိုးဖောက်ပြီး ဒီဆုတံဆိပ်ကိုခိုးသွားခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုဆုတံဆိပ်ကြီးပျောက်ဆုံးသွားတဲ့သတင်းက ဗြိတိန်သတင်းစာတွေမှာဟိုးလေးတကျော်ဖြစ်ခဲ့ပြီး FIFA ကလည်းဒါဟာအိမ်ရှင်နိုင်ငံမှာသာတာဝန်ရှိတယ် မပေါ့လျော့သင့်ဘူးလို့ အပြစ်တင်ခဲ့ပါတယ်။ ခိုးယူသွားတဲ့သူခိုးတွေက ပေါင် ၁၅၀၀၀ နဲ့ဆုတံဆိပ်ကိုလဲယူဖို့ပြောခဲ့ပေမယ့် စကော့တလန်နိုင်ငံသားတွေနဲ့ဘောလုံးသမားတွေကတော့ အင်တင်တင်ပါ။ ရဲတွေကသူခိုးနဲ့သူတို့ကြား ချိတ်ဆက်ပေးတဲ့ကြားလူကိုဖမ်းမိခဲ့ပေမယ့် ဆုတံဆိပ်ကိုတော့ပြန်မရခဲ့ပါဘူး။

Jules Rimet Trophy

Jules Rimet Trophy

အဲဒီအချိန်မှာပဲ အသက်၄နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခွေးလေး Pickles ကကယ်တင်ရှင်ဖြစ်လာခဲ့တာပါ။ မတ်လ ၂၇ ရက်နေ့၊ လန်ဒန်တောင်ပိုင်းမှာ Pickles ကသူ့သခင်ဖြစ်သူ David Corbett နဲ့အတူလမ်းလျှောက်ထွက်နေတုန်း ခြံစည်းရိုးနားမှာအရာဝတ္ထုတစ်ခုခုရှိနေတာကို သတိထားမိခဲ့ပါတယ်။ Pickles လေးကခြံစည်းရိုးနားကနေ ကြိုးနဲ့စည်းထားတဲ့ပါဆယ်ထုပ်လေးတစ်ထုပ်ကို ဆွဲယူလာခဲ့ပါလေရော။ သူ့သခင်က အထုပ်ကိုဖြည်ချလိုက်တဲ့အချိန်မှာတော့ (အခရာပရိသတ်ကြီးမှန်းထားတဲ့အတိုင်းပဲ) Jules Rimet Trophy ကြီးကိုတွေ့ရတော့တာပါပဲ။ ဘယ်ကနေဘယ်လိုဒီဆုတံဆိပ်ကြီး အိမ်ခြံစည်းရိုးနားရောက်နေတယ်ဆိုတာတော့ Corbett လည်းမသိခဲ့ပါဘူး။ အဲဒါနဲ့သူကရဲစခန်းသွားအပ်လိုက်ပါတယ်။

pickles-world-cup

pickles-world-cup

ဒီလိုနဲ့ခွေးလေး Pickles ဟာတန်ဖိုးကြီးလှတဲ့ ဆုတံဆိပ်ကြီးကိုရှာဖွေပေးတဲ့ကောင်လေးအဖြစ်နဲ့ မှတ်တမ်းဝင်လာခဲ့တာပါ။ သူဟာ International Star လေးအဖြစ်နဲ့ တခြားသောနိုင်ငံတွေကိုလှည့်လည်သွားလာရတဲ့အပြင် တစ်နှစ်စာ Dog Food တွေရ၊ ကျွေးချင်မွေးချင်ထောက်ပံ့ချင်သူတွေအများကြီးနဲ့ ကောင်းစားသွားပါတယ်။ Pickles လေးအကြောင်းကိုလည်း The Spy With the Cold Nose ဆိုတဲ့နာမည်နဲ့မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့ဖူးပါတယ်။ သူကတစ်နေ့ကို အမေရိကန်ဒေါ်လာ ၆၀၀ လောက်ဝင်ငွေရခဲ့ပြီး သခင်ထက်တောင်ဝင်ငွေများသွားခဲ့တာပါ။
အဲဒီနှစ်ကမ္ဘာ့ဖလားမှာအိမ်ရှင်အသင်းကပဲ ကမ္ဘာ့ဖလားဆုကြီးကိုဆွတ်ခူးနိုင်ခဲ့တော့ ကစားသမားတွေအားလုံးကဆုပေးပွဲအခမ်းအနားမှာ Pickles ကိုပါဖိတ်ကြားပြီး ဆုတံဆိပ်ကိုသူ့လျှာနဲ့လျှက်စေခဲ့တာဖြစ်ပါတယ်။ သခင်ဖြစ်တဲ့ Corbett ကလည်း ဆုငွေပေါင် ၃၀၀၀ ရခဲ့ပြီး Surrey မှာတောင်အိမ်ကြီးတစ်လုံးဝယ်နိုင်သွားခဲ့ပါတယ်။

england-win-world-cup-1966

england-win-world-cup-1966

ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ၁၉၇၀ ကမ္ဘာ့ဖလားကိုမြင်ခွင့်ရဖို့အထိ Pickles လေးအသက်မရှည်ခဲ့သလို Jules Rimet Trophy ကြီးဟာလည်းကံမကောင်းခဲ့ပါဘူး။ ၁၉၇၀ ခုနစ်မှာ ဘရာဇီးကကမ္ဘာ့ဖလားဆုကို ဆွတ်ခူးခဲ့တဲ့အတွက် Jules Rimet Trophy ကိုဘရာဇီးကပိုင်ဆိုင်သွားခဲ့ပြီး သူတို့နိုင်ငံမှာထိန်းသိမ်းထားခဲ့ပါတယ်။ ၁၉၇၄ ခုနစ်မှာ FIFA ကနောက်ထပ်ဆုတံဆိပ်အသစ်ကိုပြောင်းလဲအသုံးပြုခဲ့တဲ့အတွက် Jules Rimet Trophy ကတော့ ဘရာဇီးမှာပဲအခြေတကျရှိနေခဲ့တာဖြစ်ပါတယ်။ ၁၉၈၃ ခုနစ်၊ ဒီဇင်ဘာလမှာ Jules Rimet Trophy ကထပ်မံအခိုးခံခဲ့ရပြီး ခုချိန်ထိပြန်လည်မတွေ့ရှိရဘဲ ပျောက်ဆုံးနေဆဲပါ။

ဘာပဲဖြစ်ဖြစ် Pickles လေးကတော့ ကမ္ဘာ့ဖလားသမိုင်းမှာပါဝင်နိုင်ခဲ့သူ၊ခွေးဖြစ်ပေမယ့် ကုသိုလ်ကောင်းသူ၊သခင်ကိုကျေးဇူးဆပ်ခွင့်ရခဲ့တာမို့ ကံကောင်းလွန်းတဲ့အကောင်လေးလို့ဆိုရမှာပါ။

ဂျူဂျူး(Akhayar)

www.akhayar.com