[Zawgyi]

Pop ဘုရင္မ Madonna နဲ႔ ခြ်တ္စြပ္တူေအာင္ ႐ိုက္ကူးထားတဲ့ ဓါတ္ပံုေတြေၾကာင့္ နာမည္ႀကီးလာတဲ့ ေခြးေလး

ခုတေလာ လူမႈကြန္ရက္မွာ နာမည္ႀကီးေနတာကေတာ့ ကမ႓ာေက်ာ္ Pop အဆိုေတာ္ Madonna ရဲ႕ သီခ်င္း Album ဓါတ္ပံုေတြ၊ Music Video က ပံုေတြအတိုင္း ခြ်တ္စြပ္တူေအာင္ ဖန္တီးထားတဲ့ ေခြးပံုေလးေတြပဲျဖစ္ပါတယ္။

Vincent Flouret လို႔ ေခၚတဲ့ ျပင္သစ္ Fashion ဓါတ္ပံုဆရာတစ္ေယာက္က သူ႕ရဲ႕ ၆ ႏွစ္သားအရြယ္ ေခြးေလး Max ကို Madonna ႐ိုက္ကူးသလို ခြ်တ္စြပ္တူတဲ့ဓါတ္ပံုေတြ႐ိုက္ကူးၿပီး Instagram ေပၚတင္ခဲ့ရာမွ ခ်စ္စရာေကာင္းၿပီး ရယ္ရလြန္းတဲ့ ေခြးပံုေလးေတြေၾကာင့္ နာမည္ႀကီးခဲ့ပါတယ္။

Vincent ဟာ ၿမိဳ႕ေတာ္ေလလြင့္ေခြးေစာင့္ေရွာက္ေရးေဂဟာမွ ေခြးကေလးေတြကို ဓါတ္ပံု႐ိုက္ကူးေပးၿပီး ေမြးစားသူေပၚလာေအာင္ကူညီေပးရတဲ့ ေစတနာ့ဝန္ထမ္းတစ္ဦးပါ။

Vincent ဟာ Max ကို Madonna ရဲ႕ Music Video ေတြ၊ Album က ပံုေတြအတိုင္း မတူတူေအာင္ဆင္ေပးၿပီး “Maxdonna” ဆိုတဲ့ Portrait Photo Album ေလးတစ္ခု ႐ိုက္ကူးခဲ့တာျဖစ္ပါတယ္။

ဒီ Album ေလး႐ိုက္ကူးဖို႔ အခ်ိန္ ၈ လ ၾကာ ယူခဲ့ရတာျဖစ္ၿပီး Max ဝတ္ဆင္ဖို႔ လိုအပ္တဲ့ Madonna လို အဆင္တန္ဆာ၊ အဝတ္အစားေတြကိုေတာ့ ကိုယ္တိုင္ဖန္တီးခဲ့တာျဖစ္ပါတယ္။

“ကြ်န္ေတာ္ဟာ Madonna ရဲ႕ တကယ့္အမာခံပရိသတ္တစ္ေယာက္ပါ။ ဒီပံုေလးေတြ Max နဲ႔ ဖန္တီးရတဲ့ ရည္ရြယ္ခ်က္ကေတာ့ ကြ်န္ေတာ္ခ်စ္ျမတ္ႏိုးၿပီး ေလးစားရတဲ့ အႏုပညာရွင္ေတြကို ဂုဏ္ျပဳခ်င္တာမို႔ အမွတ္တရေလး ဖန္တီးထားတာပါ။ ဒါကို ကြ်န္ေတာ့္ အလုပ္နားေနခ်ိန္ေတြမွာ ဖန္တီးထားတာျဖစ္ၿပီး ဒီလိုဖန္တီးရျခင္းဟာလည္း ကြ်န္ေတာ့္အတြက္ ေပ်ာ္စရာ၊ ၾကည္ႏူးစရာအတိပါပဲ” လို႔ Vincent က ေျပာၾကားခဲ့ပါတယ္။

ဒီ Project ေလးဟာ ပရိသတ္ေတြၾကား ပ်ံ႕ႏွံ႕ခဲ့သလိုပဲ တစ္ဖက္တစ္လမ္းကလည္း အလႈဒါန ေၿမာက္ခဲ့ပါတယ္။ Vincent ဟာ “Maxdonna” ဆိုတဲ့ ဒီ Project ပံုရိပ္ေလးေတြေရာင္းခ်လို႔ရတဲ့ ေငြေတြအားလံုးကို Malawi က စြန္႔ပစ္ခံ မိဘမဲ့ကေလးေတြနဲ႔ ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ကေလးေတြအတြက္ အဓိက လႈဒါန္းေပးေနတဲ့ Madonna ရဲ႕ အလႈအတန္းအဖြဲ႕အစည္းကို ေပးလႈသြားမွာျဖစ္ပါတယ္။

ဒီ ပံုရိပ္ေလးေတြကို ျမင္မိရင္ Madonna တစ္ေယာက္ စိတ္ဆိုးသြားမလား ဟားတိုက္ေအာင္ရယ္မိမလား မေျပာတတ္ေပမယ့္ ေသခ်ာတာကေတာ့ သူမရဲ႕ Instagram Account မွာ “Like a Virgin” ဆိုတဲ့ Album Cover ကို Max ျပန္႐ိုက္ထားတဲ့ ပံုေလးကို တင္ထားၿပီး ခ်ီးေျမႇာက္ခဲ့ပါတယ္။

Madonna ရဲ႕ ဆင္တူပံုရိပ္ေတြနဲ႔ Max ဆိုတဲ့ ေခြးေလးဘယ္ေလာက္ေတာင္ Sexy က်ၿပီး လွလြန္းေနလဲဆိုတာ အားေပးလိုက္ၾကပါဦးေနာ္။

EiEiKhineMinn (Akhayar)

[Unicode]

Pop ဘုရင်မ Madonna နဲ့ ချွတ်စွပ်တူအောင် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကြောင့် နာမည်ကြီးလာတဲ့ ခွေးလေး

ခုတလော လူမှုကွန်ရက်မှာ နာမည်ကြီးနေတာကတော့ ကမ္ဘာကျော် Pop အဆိုတော် Madonna ရဲ့ သီချင်း Album ဓါတ်ပုံတွေ၊ Music Video က ပုံတွေအတိုင်း ချွတ်စွပ်တူအောင် ဖန်တီးထားတဲ့ ခွေးပုံလေးတွေပဲဖြစ်ပါတယ်။

Vincent Flouret လို့ ခေါ်တဲ့ ပြင်သစ် Fashion ဓါတ်ပုံဆရာတစ်ယောက်က သူ့ရဲ့ ၆ နှစ်သားအရွယ် ခွေးလေး Max ကို Madonna ရိုက်ကူးသလို ချွတ်စွပ်တူတဲ့ဓါတ်ပုံတွေရိုက်ကူးပြီး Instagram ပေါ်တင်ခဲ့ရာမှ ချစ်စရာကောင်းပြီး ရယ်ရလွန်းတဲ့ ခွေးပုံလေးတွေကြောင့် နာမည်ကြီးခဲ့ပါတယ်။

Vincent ဟာ မြို့တော်လေလွင့်ခွေးစောင့်ရှောက်ရေးဂေဟာမှ ခွေးကလေးတွေကို ဓါတ်ပုံရိုက်ကူးပေးပြီး မွေးစားသူပေါ်လာအောင်ကူညီပေးရတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးပါ။

Vincent ဟာ Max ကို Madonna ရဲ့ Music Video တွေ၊ Album က ပုံတွေအတိုင်း မတူတူအောင်ဆင်ပေးပြီး “Maxdonna” ဆိုတဲ့ Portrait Photo Album လေးတစ်ခု ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီ Album လေးရိုက်ကူးဖို့ အချိန် ၈ လ ကြာ ယူခဲ့ရတာဖြစ်ပြီး Max ဝတ်ဆင်ဖို့ လိုအပ်တဲ့ Madonna လို အဆင်တန်ဆာ၊ အဝတ်အစားတွေကိုတော့ ကိုယ်တိုင်ဖန်တီးခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်ဟာ Madonna ရဲ့ တကယ့်အမာခံပရိသတ်တစ်ယောက်ပါ။ ဒီပုံလေးတွေ Max နဲ့ ဖန်တီးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်ချစ်မြတ်နိုးပြီး လေးစားရတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုချင်တာမို့ အမှတ်တရလေး ဖန်တီးထားတာပါ။ ဒါကို ကျွန်တော့် အလုပ်နားနေချိန်တွေမှာ ဖန်တီးထားတာဖြစ်ပြီး ဒီလိုဖန်တီးရခြင်းဟာလည်း ကျွန်တော့်အတွက် ပျော်စရာ၊ ကြည်နူးစရာအတိပါပဲ” လို့ Vincent က ပြောကြားခဲ့ပါတယ်။

ဒီ Project လေးဟာ ပရိသတ်တွေကြား ပျံ့နှံ့ခဲ့သလိုပဲ တစ်ဖက်တစ်လမ်းကလည်း အလှုဒါန မြောက်ခဲ့ပါတယ်။ Vincent ဟာ “Maxdonna” ဆိုတဲ့ ဒီ Project ပုံရိပ်လေးတွေရောင်းချလို့ရတဲ့ ငွေတွေအားလုံးကို Malawi က စွန့်ပစ်ခံ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲချို့တဲ့လွန်းတဲ့ကလေးတွေအတွက် အဓိက လှုဒါန်းပေးနေတဲ့ Madonna ရဲ့ အလှုအတန်းအဖွဲ့အစည်းကို ပေးလှုသွားမှာဖြစ်ပါတယ်။

ဒီ ပုံရိပ်လေးတွေကို မြင်မိရင် Madonna တစ်ယောက် စိတ်ဆိုးသွားမလား ဟားတိုက်အောင်ရယ်မိမလား မပြောတတ်ပေမယ့် သေချာတာကတော့ သူမရဲ့ Instagram Account မှာ “Like a Virgin” ဆိုတဲ့ Album Cover ကို Max ပြန်ရိုက်ထားတဲ့ ပုံလေးကို တင်ထားပြီး ချီးမြှောက်ခဲ့ပါတယ်။

Madonna ရဲ့ ဆင်တူပုံရိပ်တွေနဲ့ Max ဆိုတဲ့ ခွေးလေးဘယ်လောက်တောင် Sexy ကျပြီး လှလွန်းနေလဲဆိုတာ အားပေးလိုက်ကြပါဦးနော်။

EiEiKhineMinn (Akhayar)