တူရကီနဲ႔ မြန္ဂိုလီးယားတို႔ အာဆီယံအဖြဲ႕ဝင္ျဖစ္လာႏိုင္ပါ့မလား

တူရကီနဲ႔ မြန္ဂိုလီးယား ႏိုင္ငံေတြက အာဆီယံအဖြဲ႕ဝင္အျဖစ္ ဝင္ခ်င္ေနၾကတယ္လို႔ ဖိလစ္ပိုင္သမၼတ ဒူတာေတးက ေျပာၾကားလိုက္တယ္ခင္ဗ်။ လက္ရွိဖိလစ္ပိုင္ႏိုင္ငံက အာဆီယံဥကၠဌအျဖစ္ ဦးစီးဦးေဆာင္လုပ္ေနတာဆိုေတာ့ ေျပာရေတာ့ခက္တယ္။ ဒူတာေတးကေတာ့ တူရကီနဲ႔မြန္ဂိုးလီးယားကို ေထာက္ခံတဲ့အျပင္ သူတို႔ေတြအာဆီယံအဖြဲ႕ဝင္ျဖစ္လာဖို႔အတြက္ အကူအညီေပးသြားမယ္လို႔လည္း ေျပာပါေသးတယ္။ ဒါေပမယ့္ တူရကီနဲ႔ မြန္ဂို္လီးယားဆိုတာက အေရွ႕ေတာင္အာရွနဲ႔ေဝးကြာေနတဲ့ ႏို္င္ငံေတြျဖစ္တဲ့အျပင္ သူတို႔ထက္ပိုၿပီး အေရွ႕ေတာင္အာရွနဲ႔ပိုမိုနီးစပ္တဲ့ အေရွ႕တီေမာနဲ႔ ပါပူးအာ နယူးဂီနီတို႔ေတာင္ အာဆီယံအဖြဲ႕ဝင္မျဖစ္ေသးပါဘူး။ ေလ့လာသူအျဖစ္ပဲျဖစ္ရွိၾကပါေသးတယ္။ သူတို႔ဘာလို႔အာဆီယံထဲဝင္ခ်င္ၾကတာလဲ။ ဖိလစ္ပိုင္သမၼတ ဒူတာေတးကေရာ ဘာလို႔လက္ခံခ်င္ရတာလဲ။

သမိုင္းေၾကာင္းႀကီးမားတဲ့ ႏွစ္ႏို္င္ငံ

တူရကီ၊ မြန္ဂိုလီးယားႏွစ္ႏို္င္ငံစလံုးက ႀကီးမားတဲ့ေနာက္ခံသမိုင္းနဲ႔ ႏိုင္ငံေတြပါ။ တူရကီရဲ႕အေၾကာင္းကုိအရင္ေျပာျပပါမယ္။ လက္ရွိတူရကီႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္က အစၥတန္ဘူလ္ (Istanbul) ၿမိဳ႕ပါ။ ဒီၿမိဳ႕ကို ဟိုတုန္းက ကြန္စတန္တီႏို္ဗယ္ (Constantinople) လို႔ေခၚၿပီး ဥေရာပနဲ႔ အေနာက္အာရွအေပၚ ၾသဇာလႊမ္းမိုးခဲ့တဲ့ၿမိဳ႕လည္းျဖစ္ပါတယ္။ ေရာမ (Roman) ေတြရဲ႕ၿမိဳ႕ေတာ္ျဖစ္ခဲ့သလို၊ ဘိုင္ဇင္တိုင္း (Byzantine) ေတြရဲ႕ၿမိဳ႕ေတာ္လည္းျဖစ္ခဲ့ဖူးပါတယ္။ ပထမကမၻာစစ္မတိုင္ခင္အထိ ေအာ္တိုမန္အင္ပါယာ (Ottoman Empiire) ရဲ႕ၿမိဳ႕ေတာ္ပါ။ အတိတ္ကာလကေပါႂကြယ္ဝတဲ့ ႏိုုင္ငံတစ္ခုျဖစ္ခဲ့ဖူးၿပီး 2015 ခုႏွစ္တုန္းက ကမၻာ့ဘဏ္ကထုတ္ျပန္တဲ့ ကမၻာ့ GDP အျမင့္မားဆံုးႏိုင္ငံစာရင္းမွာ အဆင့္ ၁၇ ခ်ိတ္ပါတယ္။ ဒီႏွစ္ ၂၀၁၇ မွာေတာ့ သူတို႔ရဲ႕ GDP ဟာ အဆင့္  (၁၃) ေလာက္အထိေရာက္လာႏိုင္ပါတယ္။ ေနာက္ၿပီး တူရကီႏိုင္ငံရဲ႕တည္ေနရာအေနအထားကလည္း ေတာ္ေတာ္စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ အာရွတိုက္၊ ဥေရာပတိုက္ႏွစ္ခုစလံုးနဲ႔ ခ်ိတ္ဆက္ထားသလို အာဖရိကတိုက္နဲ႔လည္းနီးစပ္မႈရွိပါတယ္။ က်ယ္ ဝန္းတဲ့ ပင္လယ္ကမ္းရိုးတန္းရွိတဲ့အတြက္ေၾကာင့္ ေရေၾကာင္းကုန္သြယ္ေရးလည္းတိုးတက္ေကာင္းမြန္ပါတယ္။

စစ္ေအးေခတ္ကာလေတြမွာ ဆိုဗီယက္ရဲ႕ၿခိမ္းေျခာက္မႈေတြေၾကာင့္ အေမရိကန္နဲ႔ပိုမိုနီးစပ္ခဲ့ရၿပီး လက္ရွိ ေနတိုး (NATO) အဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ပါတယ္။ ဥေရာပသမဂၢ (EU) အဖြဲ႔ဝင္ျဖစ္ေရးႀကိဳးပမ္းေနတာၾကာေနၿပီျဖစ္ေပမယ့္ လူအခြင့္အေရးေလးစားလိုက္နာမႈနဲ႔ တရားဥပေဒစိုးမိုးမႈအေၾကာင္းျပခ်က္ေတြနဲ႔  မရွိခဲ့ပါဘူး။ တူရကီရဲ႕အုပ္ခ်ဳပ္ေရးပံုစံကလည္း တစ္ဦးတစ္ေယာက္တည္းက ခ်ဳပ္ကိုင္မယ့္ပံုစံျဖစ္လာတာတဲ့အျပင္ ၂၀၁၇ ခုႏွစ္ ျပည္လံုးကၽြတ္ဆႏၵခံယူပြဲမွာ သမၼတ အာဒိုဂမ္ (Erdogan) အႏိုင္ရၿပီးေနာက္မွာေတာ့ လံုးဝမျဖစ္ႏိုင္သေလာက္ျဖစ္သြားပါတယ္။

မြန္ဂိုလီးယားဆိုတာကနဲ႔ ဂ်န္ဂ်စ္ခန္ (Genghis Khan) ေျပးျမင္မယ္လို႔ထင္ပါတယ္။ ဂ်န္ဂ်စ္ခန္တည္ ေထာင္ခဲ့တဲ့ မြန္ဂိုအင္ပါယာက တစ္ဆက္တည္းျဖစ္တဲ့အင္ပါယာေတြထဲမွာ အႀကီးလို႔ဆိုႏိုင္ပါတယ္။ မြန္ဂိုေတြက အတိတ္မွာေရႊထီးေဆာင္းခဲ့ၾကတဲ့ စစ္ဘုရင္ေတြပါ။ ေနာက္ပိုင္းမွာေတာ့ မြန္ဂိုအင္ပါယာက တစ္စတစ္စၿပိဳကြဲသြားပါတယ္။ ၁၉၁၁ ခုႏွစ္မွာ မြန္ဂိုလီးယားကို အုပ္စိုးေနတဲ့ က်င္ Qing မင္းဆက္ျပဳတ္ၾက သြားၿပီး ေနာက္ပိုင္းမွာေတာ့ မြန္ဂိုလီးယားသမၼတႏိုင္ငံျဖစ္လာပါတယ္။ ကာဇက္စတန္၊ ရုရွား၊ တရုတ္တို႔နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနေပမယ့္ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ခုျဖစ္ေနတာက ျပႆနာပါ။ ရုရွား၊ တရုတ္တို႔နဲ႔ ဆက္ဆံေရးေကာင္းမြန္သလို အေမရိကန္နဲ႔လည္း သဟဇာတျဖစ္ပါတယ္။

ျဖစ္လာႏိုင္ပါ့မလား

တူရကီထက္စာရင္ မြန္ဂိုလီးယားက အေရွ႕ေတာင္အာရွနဲ႔ ပုိၿပီးေတာ့နီးစပ္ပါတယ္။ လက္ရွိအခ်ိန္မွာ တရုတ္ကကုန္သြယ္ေရးတိုးျမွင့္ဖို႔ျပင္ဆင္ေနတဲ့အျပင္ ရပ္ဝန္းတစ္ခု၊ လမ္းေၾကာင္းတစ္ခုဆိုတဲ့ အစီအစဥ္နဲ႔ တစ္ခ်ိန္က ဥေရာပအထိေပါက္ေရာက္ခဲ့တဲ့ သူတို႔ရဲ႕ပိုးလမ္းမႀကီးကို ျပန္ၿပီးေတာ့အသက္သြင္းခ်င္ေနပါတယ္။

တကယ္လို႔ မြန္ဂိုလီးယားအေနနဲ႔ အာဆီယံအဖြဲ႕ဝင္သာျဖစ္ခဲ့ရင္ သူ႔အတြက္အက်ိဳးေက်းဇူးအမ်ားႀကီးရွိပါတယ္။ အာဆီယံနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးထူေထာင္ထားတဲ့တရုတ္ကေနတစ္ဆင့္ အာဆီယံႏိုင္ငံေတြနဲ႔ ကုန္သြယ္ႏိုင္ခဲ့ရင္ မြန္ဂိုလီးယားအတြက္အမ်ားႀကီး အက်ိဳးရွိပါမယ္။ ေနာက္ၿပီးကုန္းတြင္းေပါက္ႏိုင္ငံတစ္ခုအတြက္ ပင္လယ္ထြက္ေပါက္က အရမ္းအေရးႀကီးပါတယ္။ တူရကီလုိ G-20 အဖြဲ႕ဝင္ႏိုင္ငံတစ္ခုက အာဆီယံအဖြဲ႕ဝင္ျဖစ္ခ်င္တာ အေၾကာင္းအရင္းေတာ့ရွိရပါမယ္။ တူရကီေတြရဲ႕ႏိုင္ငံျခားေရးေျခလွမ္းေတြကို ျပန္ၾကည့္ရင္ သူတို႔ရဲ႕ ေအာ္တိုမန္အင္ပါယာေဟာင္းကို ျပန္လည္အသက္သြင္းခ်င္တဲ့ အရိပ္အေရာင္ေတြေတြ႕ရပါတယ္။ အေရွ႕အလယ္အပိုင္းအေရးမွာ နက္နက္ရႈိင္းရႈိင္းပါဝင္ေနသလို ဆီးရီးယားပဋိပကၡမွာလည္း သူတို႔ရဲ႕ အခန္းက႑က အရမ္းအေရးပါပါတယ္။  ဥေရာဖက္ကိုေျခလွမ္းရခက္သြားလုိ႔ အာရွဖက္ေရာက္လာတာလားဆိုတာကလည္းစဥ္းစားစရာပါ။

ပထဝီႏိုင္ငံေရးအေနအထားအရလည္း တူရကီက အာဆီယံအဖြဲ႕ဝင္ျဖစ္လာဖို႔ဆိုတာ အရမ္းကိုဟာသဆန္ပါတယ္။ မြန္ဂိုလီးယားကမွ တူရကီထက္စာရင္ျဖစ္ႏိုင္ေခ်မ်ားေနေသးတယ္လို႔ ဆိုရပါမယ္။ ဒါေပမယ့္ သိရီလကာၤႏိုင္ငံကို အဖြဲ႕ဝင္အျဖစ္ျငင္းပယ္ဖူးတာလည္း ထည့္သြင္းစဥ္းစားရပါမယ္။ သူတို႔ထက္ နယ္နိမိတ္ပိုမိုနီးစပ္တဲ့ အေရွ႕တီေမာနဲ႔ နယူးဂီနီ တို႔ေတာင္ ေလ့လာသူအျဖစ္ပဲရွိပါေသးတယ္။ ေနာက္ၿပီးေတာ့ အာဆီယမ္အဖြဲ႔ဝင္ႏိုင္ငံျဖစ္လာဖို႔က ဖိလစ္ပိုင္သမၼတ ဒူတာေတး တစ္ေယာက္တည္းနဲ႔ မၿပီးပါဘူး။ ပထဝီအေနအထားအရဆိုုရင္ ဒီႏွစ္ႏိုင္ငံအဖြဲ႕ဝင္ျဖစ္လာဖို႔က ပိုေဝးသြားၿပီ။ အဖြဲ႕ဝင္ျဖစ္ဖို႔ဆိုတာ အာဆီယံစံႏႈန္းေတြနဲ႕ ကိုက္ညီဖို႔ အမ်ားႀကီး လိုအပ္ပါေသးတယ္။ ဒီႏွစ္ႏိုင္ငံအဖြဲ႔ဝင္ျဖစ္လာဖို႔က ေလာေလာဆယ္မွာ မျဖစ္ႏို္င္ေသးပါဘူး။ ဘာျဖစ္လို႔လဲဆို

ေတာ့ အာဆီယံ (ASEAN) အဓိပၸာယ္ကိုက  Association of Southeast Asian Nations အေရွ႕ေတာင္အာရွႏို္င္ငံမ်ားအသင္းေလ။ နာမည္ေျပာင္းသြားခဲ့ရင္ေတာ့ တစ္မ်ိဳးေပါ့ဗ်ာ။

မင္းသုခ (အခရာ)

(www.akhayar.com)

(Unicode)

တူရကီနဲ့ မွန်ဂိုလီးယားတို့ အာဆီယံအဖွဲ့ဝင်ဖြစ်လာနိုင်ပါ့မလား

တူရကီနဲ့ မွန်ဂိုလီးယား နိုင်ငံတွေက အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ချင်နေကြတယ်လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားလိုက်တယ်ခင်ဗျ။ လက်ရှိဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဌအဖြစ် ဦးစီးဦးဆောင်လုပ်နေတာဆိုတော့ ပြောရတော့ခက်တယ်။ ဒူတာတေးကတော့ တူရကီနဲ့မွန်ဂိုးလီးယားကို ထောက်ခံတဲ့အပြင် သူတို့တွေအာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့အတွက် အကူအညီပေးသွားမယ်လို့လည်း ပြောပါသေးတယ်။ ဒါပေမယ့် တူရကီနဲ့ မွန်ဂိုလီးယားဆိုတာက အရှေ့တောင်အာရှနဲ့ဝေးကွာနေတဲ့ နိုင်ငံတွေဖြစ်တဲ့အပြင် သူတို့ထက်ပိုပြီး အရှေ့တောင်အာရှနဲ့ပိုမိုနီးစပ်တဲ့ အရှေ့တီမောနဲ့ ပါပူးအာ နယူးဂီနီတို့တောင် အာဆီယံအဖွဲ့ဝင်မဖြစ်သေးပါဘူး။ လေ့လာသူအဖြစ်ပဲဖြစ်ရှိကြပါသေးတယ်။ သူတို့ဘာလို့အာဆီယံထဲဝင်ချင်ကြတာလဲ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကရော ဘာလို့လက်ခံချင်ရတာလဲ။

သမိုင်းကြောင်းကြီးမားတဲ့ နှစ်နိုင်ငံ

တူရကီ၊ မွန်ဂိုလီးယားနှစ်နိုင်ငံစလုံးက ကြီးမားတဲ့နောက်ခံသမိုင်းနဲ့ နိုင်ငံတွေပါ။ တူရကီရဲ့အကြောင်းကိုအရင်ပြောပြပါမယ်။ လက်ရှိတူရကီနိုင်ငံရဲ့ မြို့တော်က အစ္စတန်ဘူလ် (Istanbul) မြို့ပါ။ ဒီမြို့ကို ဟိုတုန်းက ကွန်စတန်တီနိုဗယ် (Constantinople) လို့ခေါ်ပြီး ဥရောပနဲ့ အနောက်အာရှအပေါ် သြဇာလွှမ်းမိုးခဲ့တဲ့မြို့လည်းဖြစ်ပါတယ်။ ရောမ (Roman) တွေရဲ့မြို့တော်ဖြစ်ခဲ့သလို၊ ဘိုင်ဇင်တိုင်း (Byzantine) တွေရဲ့မြို့တော်လည်းဖြစ်ခဲ့ဖူးပါတယ်။ ပထမကမ္ဘာစစ်မတိုင်ခင်အထိ အော်တိုမန်အင်ပါယာ (Ottoman Empiire) ရဲ့မြို့တော်ပါ။ အတိတ်ကာလကပေါကြွယ်ဝတဲ့ နိုုင်ငံတစ်ခုဖြစ်ခဲ့ဖူးပြီး 2015 ခုနှစ်တုန်းက ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ကမ္ဘာ့ GDP အမြင့်မားဆုံးနိုင်ငံစာရင်းမှာ အဆင့် ၁၇ ချိတ်ပါတယ်။ ဒီနှစ် ၂၀၁၇ မှာတော့ သူတို့ရဲ့ GDP ဟာ အဆင့် (၁၃) လောက်အထိရောက်လာနိုင်ပါတယ်။ နောက်ပြီး တူရကီနိုင်ငံရဲ့တည်နေရာအနေအထားကလည်း တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ အာရှတိုက်၊ ဥရောပတိုက်နှစ်ခုစလုံးနဲ့ ချိတ်ဆက်ထားသလို အာဖရိကတိုက်နဲ့လည်းနီးစပ်မှုရှိပါတယ်။ ကျယ် ဝန်းတဲ့ ပင်လယ်ကမ်းရိုးတန်းရှိတဲ့အတွက်ကြောင့် ရေကြောင်းကုန်သွယ်ရေးလည်းတိုးတက်ကောင်းမွန်ပါတယ်။

စစ်အေးခေတ်ကာလတွေမှာ ဆိုဗီယက်ရဲ့ခြိမ်းခြောက်မှုတွေကြောင့် အမေရိကန်နဲ့ပိုမိုနီးစပ်ခဲ့ရပြီး လက်ရှိ နေတိုး (NATO) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေးကြိုးပမ်းနေတာကြာနေပြီဖြစ်ပေမယ့် လူအခွင့်အရေးလေးစားလိုက်နာမှုနဲ့ တရားဥပဒေစိုးမိုးမှုအကြောင်းပြချက်တွေနဲ့ မရှိခဲ့ပါဘူး။ တူရကီရဲ့အုပ်ချုပ်ရေးပုံစံကလည်း တစ်ဦးတစ်ယောက်တည်းက ချုပ်ကိုင်မယ့်ပုံစံဖြစ်လာတာတဲ့အပြင် ၂၀၁၇ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ သမ္မတ အာဒိုဂမ် (Erdogan) အနိုင်ရပြီးနောက်မှာတော့ လုံးဝမဖြစ်နိုင်သလောက်ဖြစ်သွားပါတယ်။

မွန်ဂိုလီးယားဆိုတာကနဲ့ ဂျန်ဂျစ်ခန် (Genghis Khan) ပြေးမြင်မယ်လို့ထင်ပါတယ်။ ဂျန်ဂျစ်ခန်တည် ထောင်ခဲ့တဲ့ မွန်ဂိုအင်ပါယာက တစ်ဆက်တည်းဖြစ်တဲ့အင်ပါယာတွေထဲမှာ အကြီးလို့ဆိုနိုင်ပါတယ်။ မွန်ဂိုတွေက အတိတ်မှာရွှေထီးဆောင်းခဲ့ကြတဲ့ စစ်ဘုရင်တွေပါ။ နောက်ပိုင်းမှာတော့ မွန်ဂိုအင်ပါယာက တစ်စတစ်စပြိုကွဲသွားပါတယ်။ ၁၉၁၁ ခုနှစ်မှာ မွန်ဂိုလီးယားကို အုပ်စိုးနေတဲ့ ကျင် Qing မင်းဆက်ပြုတ်ကြ သွားပြီး နောက်ပိုင်းမှာတော့ မွန်ဂိုလီးယားသမ္မတနိုင်ငံဖြစ်လာပါတယ်။ ကာဇက်စတန်၊ ရုရှား၊ တရုတ်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပေမယ့် ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်နေတာက ပြဿနာပါ။ ရုရှား၊ တရုတ်တို့နဲ့ ဆက်ဆံရေးကောင်းမွန်သလို အမေရိကန်နဲ့လည်း သဟဇာတဖြစ်ပါတယ်။

ဖြစ်လာနိုင်ပါ့မလား

တူရကီထက်စာရင် မွန်ဂိုလီးယားက အရှေ့တောင်အာရှနဲ့ ပိုပြီးတော့နီးစပ်ပါတယ်။ လက်ရှိအချိန်မှာ တရုတ်ကကုန်သွယ်ရေးတိုးမြှင့်ဖို့ပြင်ဆင်နေတဲ့အပြင် ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခုဆိုတဲ့ အစီအစဉ်နဲ့ တစ်ချိန်က ဥရောပအထိပေါက်ရောက်ခဲ့တဲ့ သူတို့ရဲ့ပိုးလမ်းမကြီးကို ပြန်ပြီးတော့အသက်သွင်းချင်နေပါတယ်။

တကယ်လို့ မွန်ဂိုလီးယားအနေနဲ့ အာဆီယံအဖွဲ့ဝင်သာဖြစ်ခဲ့ရင် သူ့အတွက်အကျိုးကျေးဇူးအများကြီးရှိပါတယ်။ အာဆီယံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးထူထောင်ထားတဲ့တရုတ်ကနေတစ်ဆင့် အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်နိုင်ခဲ့ရင် မွန်ဂိုလီးယားအတွက်အများကြီး အကျိုးရှိပါမယ်။ နောက်ပြီးကုန်းတွင်းပေါက်နိုင်ငံတစ်ခုအတွက် ပင်လယ်ထွက်ပေါက်က အရမ်းအရေးကြီးပါတယ်။ တူရကီလို G-20 အဖွဲ့ဝင်နိုင်ငံတစ်ခုက အာဆီယံအဖွဲ့ဝင်ဖြစ်ချင်တာ အကြောင်းအရင်းတော့ရှိရပါမယ်။ တူရကီတွေရဲ့နိုင်ငံခြားရေးခြေလှမ်းတွေကို ပြန်ကြည့်ရင် သူတို့ရဲ့ အော်တိုမန်အင်ပါယာဟောင်းကို ပြန်လည်အသက်သွင်းချင်တဲ့ အရိပ်အရောင်တွေတွေ့ရပါတယ်။ အရှေ့အလယ်အပိုင်းအရေးမှာ နက်နက်ရှိုင်းရှိုင်းပါဝင်နေသလို ဆီးရီးယားပဋိပက္ခမှာလည်း သူတို့ရဲ့ အခန်းကဏ္ဍက အရမ်းအရေးပါပါတယ်။ ဥရောဖက်ကိုခြေလှမ်းရခက်သွားလို့ အာရှဖက်ရောက်လာတာလားဆိုတာကလည်းစဉ်းစားစရာပါ။

ပထဝီနိုင်ငံရေးအနေအထားအရလည်း တူရကီက အာဆီယံအဖွဲ့ဝင်ဖြစ်လာဖို့ဆိုတာ အရမ်းကိုဟာသဆန်ပါတယ်။ မွန်ဂိုလီးယားကမှ တူရကီထက်စာရင်ဖြစ်နိုင်ချေများနေသေးတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် သိရီလကာၤနိုင်ငံကို အဖွဲ့ဝင်အဖြစ်ငြင်းပယ်ဖူးတာလည်း ထည့်သွင်းစဉ်းစားရပါမယ်။ သူတို့ထက် နယ်နိမိတ်ပိုမိုနီးစပ်တဲ့ အရှေ့တီမောနဲ့ နယူးဂီနီ တို့တောင် လေ့လာသူအဖြစ်ပဲရှိပါသေးတယ်။ နောက်ပြီးတော့ အာဆီယမ်အဖွဲ့ဝင်နိုင်ငံဖြစ်လာဖို့က ဖိလစ်ပိုင်သမ္မတ ဒူတာတေး တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ ပထဝီအနေအထားအရဆိုုရင် ဒီနှစ်နိုင်ငံအဖွဲ့ဝင်ဖြစ်လာဖို့က ပိုဝေးသွားပြီ။ အဖွဲ့ဝင်ဖြစ်ဖို့ဆိုတာ အာဆီယံစံနှုန်းတွေနဲ့ ကိုက်ညီဖို့ အများကြီး လိုအပ်ပါသေးတယ်။ ဒီနှစ်နိုင်ငံအဖွဲ့ဝင်ဖြစ်လာဖို့က လောလောဆယ်မှာ မဖြစ်နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆို

တော့ အာဆီယံ (ASEAN) အဓိပ္ပာယ်ကိုက Association of Southeast Asian Nations အရှေ့တောင်အာရှနိုင်ငံများအသင်းလေ။ နာမည်ပြောင်းသွားခဲ့ရင်တော့ တစ်မျိုးပေါ့ဗျာ။

မင်းသုခ (အခရာ)

(www.akhayar.com)