[Zawgyi]

ေဖြးစိန္ေလးလို ဝိတ္က်ျပီး သြယ္လ်လွပသြားခ်င္လား

မင္းသမီး ေဖြးေဖြးကေတာ့ သူ႔ရဲ႕ ကိုယ္ပုိင္ Page မွာ သူေန႔တုိင္း ၾကိဳးၾကိဳးစားစား Gym သြားကစားပံုေတြ၊ အေျပးစက္နဲ႔ ေလ့က်င့္ပံုေလးေတြ တင္ျပီး သူဘယ္ေလာက္ ကိုယ္အေလးခ်ိန္က်ေအာင္ အားထုတ္ေနတယ္ဆိုတာ ျပခဲ့ပါတယ္။ သူ႔ေၾကာင့္ပဲ ပရိသတ္ၾကီးလည္း Motivation ေတြ ရျပီး က်န္းမာေရးအတြက္ အေလးထားတဲ့သူေတြလည္း ရွိလာပါတယ္။

အခုလည္း သူ႔ရဲ႕ ေအာင္ျမင္မႈကို

“Shed a few pounds off for current movie character

#ေႏြဦး #သူစိမ္းအိမ္ #BurmeseActressPP” ဆိုတဲ့ Caption နဲ႔ ဝိတ္က်လို႔ ေဘာင္းဘီေတြ ေခ်ာင္သြားတဲ့ ပံုေလးေတြတင္ထားခဲ့ပါတယ္။

ေဖြးေဖြး

ေဖြးေဖြး

ေဖြးေဖြး

ေဖြးေဖြး

ဒီလို ဝိတ္ခ်တာဟာ ေနာက္ရိုက္မယ့္ ‘သူစိမ္းအိမ္’ ဇာတ္ကားမွာ ပါမယ့္ ဇာတ္ေကာင္စရိုက္အတြက္လို႔ သိရတဲ့အတြက္ သူ႔ရဲ႕ အလုပ္အေပၚ ၾကိဳးစားအားထုတ္မႈကိုပါ အသိအမွတ္ျပဳခ်ီးက်ဴးရပါတယ္။

ေဖြးေဖြးလိုမ်ိဳး တျခားမိန္းကေလးေတြလည္း ကိုယ္အေလးခ်ိန္က်ျပီး လွပခ်င္ရင္ေတာ့ ေဟာလီးဝုဒ္နာမည္ၾကီး မင္းသမီးေတြရဲ့ ကုိယ္အေလးခ်ိန္က်ေစမယ့္ အၾကံျပဳခ်က္ေလးေတြ အခရာက မွ်ေဝေပးလိုက္ပါရေစ။ အားကစားလည္း လုပ္ရင္း ရိုးရွင္းျပီး ထိေရာက္ေစမယ့္ဟာမ်ိဳးေလးေတြေပါ့။

Jennifer Lawrence

Jennifer Lawrence

၁) စားသမွ် အနပ္တုိင္းမွာ အသီးအရြက္သုပ္ပါပါေစ။

၂) ကုိယ္စားခဲ့သမွ်ကို ေရးခ်မွတ္သားထားပါ။ ဒါမွသာ ဒီေန႔အဖို႔ ေတာ္ေလာက္ျပီလို႔ တိတိက်က်သိမွာပါ။

၃) အိမ္စာ( အိမ္မွာ ခ်က္ျပဳတ္တဲ႔ ဟင္းလ်ာနဲ႔ မုန္႔)မ်ားမ်ားစားေပးပါ။ စားေသာက္ဆုိင္ေတြဟာ စားေကာင္းဖို႔အတြက္ အဆီအစိမ့္အျပည့္အဝထည့္ထားတာကို သတိရပါ။

၄) ပိန္ေအာင္ မလုပ္ပါနဲ႔၊ က်န္းမာေအာင္ လုပ္ပါ။ ပိန္ျပီး က်န္းမာေရးခ်ိဳ႕တဲ့တာထက္စာရင္ ျပည့္ျပည့္ေလးနဲ႔ က်န္းမာေနတာက ပိုသင့္ေတာ္ပါတယ္။

၅) ညနက္မွ အစားစားတာနဲ႔ မနက္အေစာပုိင္း ၃နာရီ၊ ၄နာရီမွာ (ဥပမာ ေဘာလံုးပြဲ ၾကည့္ရင္း) အစာစားတာကို ေရွာင္ၾကဥ္ပါ။ အစာေခ်ဖ်က္ရခက္ေစလို႔ ဝလြယ္ေစပါတယ္။

Britney Spears

Britney Spears

အခရာပရိသတ္ပ်ိဳေမေတြအားလံုး မင္းသမီးေလး ေဖြးေဖြးလို က်စ္လ်စ္လွပလာပါေစလို႔ ဆႏၵျပဳလိုက္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Phway Phway’s Facebook Page

မထင္မွတ္ထားေလာက္ေအာင္ ဝသြားၾကတဲ့ နာမည္ေက်ာ္ေတြ အေၾကာင္းဖတ္ခ်င္တယ္ဆုိရင္ေတာ့ ဒီမွာ ဖတ္ပါ။

[Unicode]

ဖွေးစိန်လေးလို ဝိတ်ကျပြီး သွယ်လျလှပသွားချင်လား

မင်းသမီး ဖွေးဖွေးကတော့ သူ့ရဲ့ ကိုယ်ပိုင် Page မှာ သူနေ့တိုင်း ကြိုးကြိုးစားစား Gym သွားကစားပုံတွေ၊ အပြေးစက်နဲ့ လေ့ကျင့်ပုံလေးတွေ တင်ပြီး သူဘယ်လောက် ကိုယ်အလေးချိန်ကျအောင် အားထုတ်နေတယ်ဆိုတာ ပြခဲ့ပါတယ်။ သူ့ကြောင့်ပဲ ပရိသတ်ကြီးလည်း Motivation တွေ ရပြီး ကျန်းမာရေးအတွက် အလေးထားတဲ့သူတွေလည်း ရှိလာပါတယ်။

အခုလည်း သူ့ရဲ့ အောင်မြင်မှုကို

“Shed a few pounds off for current movie character

#နွေဦး #သူစိမ်းအိမ် #BurmeseActressPP” ဆိုတဲ့ Caption နဲ့ ဝိတ်ကျလို့ ဘောင်းဘီတွေ ချောင်သွားတဲ့ ပုံလေးတွေတင်ထားခဲ့ပါတယ်။

ဖွေးဖွေး

ဖွေးဖွေး

ဖွေးဖွေး

ဖွေးဖွေး

ဒီလို ဝိတ်ချတာဟာ နောက်ရိုက်မယ့် ‘သူစိမ်းအိမ်’ ဇာတ်ကားမှာ ပါမယ့် ဇာတ်ကောင်စရိုက်အတွက်လို့ သိရတဲ့အတွက် သူ့ရဲ့ အလုပ်အပေါ် ကြိုးစားအားထုတ်မှုကိုပါ အသိအမှတ်ပြုချီးကျူးရပါတယ်။

ဖွေးဖွေးလိုမျိုး တခြားမိန်းကလေးတွေလည်း ကိုယ်အလေးချိန်ကျပြီး လှပချင်ရင်တော့ ဟောလီးဝုဒ်နာမည်ကြီး မင်းသမီးတွေရဲ့ ကိုယ်အလေးချိန်ကျစေမယ့် အကြံပြုချက်လေးတွေ အခရာက မျှဝေပေးလိုက်ပါရစေ။ အားကစားလည်း လုပ်ရင်း ရိုးရှင်းပြီး ထိရောက်စေမယ့်ဟာမျိုးလေးတွေပေါ့။

Jennifer Lawrence

Jennifer Lawrence

၁) စားသမျှ အနပ်တိုင်းမှာ အသီးအရွက်သုပ်ပါပါစေ။

၂) ကိုယ်စားခဲ့သမျှကို ရေးချမှတ်သားထားပါ။ ဒါမှသာ ဒီနေ့အဖို့ တော်လောက်ပြီလို့ တိတိကျကျသိမှာပါ။

၃) အိမ်စာ( အိမ်မှာ ချက်ပြုတ်တဲ့ ဟင်းလျာနဲ့ မုန့်)များများစားပေးပါ။ စားသောက်ဆိုင်တွေဟာ စားကောင်းဖို့အတွက် အဆီအစိမ့်အပြည့်အဝထည့်ထားတာကို သတိရပါ။

၄) ပိန်အောင် မလုပ်ပါနဲ့၊ ကျန်းမာအောင် လုပ်ပါ။ ပိန်ပြီး ကျန်းမာရေးချို့တဲ့တာထက်စာရင် ပြည့်ပြည့်လေးနဲ့ ကျန်းမာနေတာက ပိုသင့်တော်ပါတယ်။

၅) ညနက်မှ အစားစားတာနဲ့ မနက်အစောပိုင်း ၃နာရီ၊ ၄နာရီမှာ (ဥပမာ ဘောလုံးပွဲ ကြည့်ရင်း) အစာစားတာကို ရှောင်ကြဉ်ပါ။ အစာချေဖျက်ရခက်စေလို့ ဝလွယ်စေပါတယ်။

Britney Spears

Britney Spears

အခရာပရိသတ်ပျိုမေတွေအားလုံး မင်းသမီးလေး ဖွေးဖွေးလို ကျစ်လျစ်လှပလာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Photo Credit : Phway Phway’s Facebook Page

မထင်မှတ်ထားလောက်အောင် ဝသွားကြတဲ့ နာမည်ကျော်တွေ အကြောင်းဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်ပါ။