[Zawgyi]

သင္ဟာ Voice သီခ်င္းဆိုၿပိဳင္ပြဲ ကို ႀကိဳက္နွစ္သက္သူတစ္ဦးလား?

စေနနဲဲ႕တနဂၤေႏြ ေန႕ တို႕မွာ Mrtv4 ကေန လာတဲ့ The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲ ကို စိတ္ပါဝင္စားသူေတြ တစ္ပတ္နဲ႕တစ္ပတ္ ပို၍မ်ားျပားလို႕လာပါတယ္။ ဒီအစီအစဥ္ကို စျပသခဲ့တာ ဆုိရင္ေတာ့ သံုးပတ္ဆက္တိုက္ရွိေနၿပီ ျဖစ္ပါတယ္။ ဒိုင္ေတြ ျဖစ္တဲ့ လင္းလင္း ၊ က်ားေပါက္ ၊ နီနီခင္ေဇာ္ နဲ႕ ရန္ရန္ခ်မ္း တိုု႕ကေနပါဝင္ယွဥ္ၿပိဳင္ၾကသူေတြ ထဲကမွ သူတို႕ႀကိဳက္နွစ္သက္တဲ့ သူေတြ ကိုကိုယ္တိုင္ေရြးခ်ယ္လို႕ သင္ၾကားျပသေပးသြားမွာျဖစ္ပါတယ္။

ဒိုင္ေတြ အကဲျဖတ္ေနစဥ္

ဒိုင္ေတြ အကဲျဖတ္ေနစဥ္

ဒိုင္ေတြရဲ႕စကားလံုးေတြ ေၾကာင့္ ၾကည့္ရႈ႕သူ ပရိသတ္ေတြဟာ တစ္ပတ္ထက္တစ္ပတ္ပိုစိတ္ဝင္စားမႈကို ပိုေစခဲ့တာလည္းျဖစ္ပါတယ္။ လင္းလင္း နဲ႕ က်ားေပါက္တို႕ အၿပိဳင္အဆိုင္ ၿပိဳင္ပြဲဝင္တစ္ေယာက္ကို လုေနတဲ့ အခ်ိန္ဆိုရင္ သူတို႕တစ္ဦးကိုတစ္ဦး စေနာက္တဲ့ ပံု ေတြကလည္း ၾကည့္ရႈ႕သူေတြ အတြက္ ေပ်ာ္ရႊင္စရာ ရသ ကို ခံစားမိေစပါတယ္။ ဒိုင္ေတြ က စကားၾကြယ္သလို ၿပိဳင္ပြဲဝင္ေတြရဲ႕ ယွဥ္ၿပိဳင္မႈေတြ ဟာ လည္း ေကာင္းမြန္တဲ့ အတြက္ Voice သီခ်င္းဆိုၿပိဳင္ပြဲ ကိုေတာ့ သင္တာ သီခ်င္းဆိုၿပိဳင္ပြဲ ေတြ ကို ၾကည့္ရတာ ႀကိဳက္နွစ္သက္သူတစ္ဦး ဆိုရင္ မျဖစ္မေနေစာင့္ေမွ်ာ္ၾကည့္သင့္တယ္လို႕ထင္ပါတယ္။

Free to Air Channel တစ္ခုျဖစ္တဲ့ MRTV 4 ကေန အပတ္စဥ္ ည ၉ နာ၇ီမွ ၁၀ နာ၇ီခြဲ အထိ စေနနဲ႕တနဂၤေႏြ တို႕မွာ ၾကည့္ရႈ႕နို္င္မွာပဲ ျဖစ္ပါတယ္။ သီခ်င္းဆိုၿပိဳင္ပြဲေတြ အေပၚသင့္ရဲ႕ အျမင္ဘယ္လိုရွိတယ္ဆိုတာကိုလည္း ေျပာျပခဲ့ဦးေနာ္…..

ၾကည္သာ (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်ဟာ Voice သီချင်းဆိုပြိုင်ပွဲ ကို ကြိုက်နှစ်သက်သူတစ်ဦးလား?

စနေနဲ့တနင်းင်္ဂနွေ နေ့ တို့မှာ Mrtv4 ကနေ လာတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ကို စိတ်ပါဝင်စားသူတွေ တစ်ပတ်နဲ့တစ်ပတ် ပို၍များပြားလို့လာပါတယ်။ ဒီအစီအစဉ်ကို စပြသခဲ့တာ ဆိုရင်တော့ သုံးပတ်ဆက်တိုက်ရှိနေပြီ ဖြစ်ပါတယ်။ ဒိုင်တွေ ဖြစ်တဲ့ လင်းလင်း ၊ ကျားပေါက် ၊ နီနီခင်ဇော် နဲ့ ရန်ရန်ချမ်း တိုု့ကနေပါဝင်ယှဉ်ပြိုင်ကြသူတွေ ထဲကမှ သူတို့ကြိုက်နှစ်သက်တဲ့ သူတွေ ကိုကိုယ်တိုင်ရွေးချယ်လို့ သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။

ဒိုင်တွေ အကဲဖြတ်နေစဉ်

ဒိုင်တွေ အကဲဖြတ်နေစဉ်

ဒိုင်တွေရဲ့စကားလုံးတွေ ကြောင့် ကြည့်ရှု့သူ ပရိသတ်တွေဟာ တစ်ပတ်ထက်တစ်ပတ်ပိုစိတ်ဝင်စားမှုကို ပိုစေခဲ့တာလည်းဖြစ်ပါတယ်။ လင်းလင်း နဲ့ ကျားပေါက်တို့ အပြိုင်အဆိုင် ပြိုင်ပွဲဝင်တစ်ယောက်ကို လုနေတဲ့ အချိန်ဆိုရင် သူတို့တစ်ဦးကိုတစ်ဦး စနောက်တဲ့ ပုံ တွေကလည်း ကြည့်ရှု့သူတွေ အတွက် ပျော်ရွှင်စရာ ရသ ကို ခံစားမိစေပါတယ်။ ဒိုင်တွေ က စကားကြွယ်သလို ပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်မှုတွေ ဟာ လည်း ကောင်းမွန်တဲ့ အတွက် Voice သီချင်းဆိုပြိုင်ပွဲ ကိုတော့ သင်တာ သီချင်းဆိုပြိုင်ပွဲ တွေ ကို ကြည့်ရတာ ကြိုက်နှစ်သက်သူတစ်ဦး ဆိုရင် မဖြစ်မနေစောင့်မျှော်ကြည့်သင့်တယ်လို့ထင်ပါတယ်။

Free to Air Channel တစ်ခုဖြစ်တဲ့ MRTV 4 ကနေ အပတ်စဉ် ည ၉ နာရီမှ ၁၀ နာရီခွဲ အထိ စနေနဲ့တနင်းင်္ဂနွေ တို့မှာ ကြည့်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေ အပေါ်သင့်ရဲ့ အမြင်ဘယ်လိုရှိတယ်ဆိုတာကိုလည်း ပြောပြခဲ့ဦးနော်…..

ကြည်သာ (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။