[ZawGyi]

ခနခန ငလ်င္ေတြလႈပ္ေနတာ ငလ်င္ႀကီးႀကီး ျဖစ္လာဖို႔အေၾကာင္းရင္းလား?

ခုလတ္တေလာ မၾကာခဏ ဆိုသလို မနက္အေစာပိုင္းေတြမွာ၊ ေန႔လည္ေန႔ခင္းေတြနဲ႔ ညအခ်ိန္ေတြမွာ သိသိသာသာငလ်င္လႈပ္တာမ်ိဳး ၾကံဳေနၾကမွာပါ။ လႈပ္ခါမႈအားပါတဲ့အျပင္၊ စကၠန္႔ေတာ္ေတာ္မ်ားမ်ားၾကာလို႔ လူတိုင္းနီးပါး သတိထားမိၾကမွာပါ။ ဒါ့အျပင္ လႈပ္တဲ့ကာလအပိုင္းျခားကလည္း ရက္ဆက္လာတဲ့အျပင္ ငလ်င္စိပ္လာတာမ်ိဳးမို႔ ေနာက္ဆက္တြဲ ဘယ္လိုဆိုးက်ိဳးေတြျဖစ္လာႏိုင္မလဲ? ငလ်င္ျပတ္ေရြ႕ေၾကာအေျခအေန ဘယ္လိုလဲ? ငလ်င္ႀကီးႀကီးမားမား ဒါမွမဟုတ္ သဘာဝေဘးဒဏ္ႀကီးႀကီးၾကံဳလာရဦးမွာလားဆိုတာေတာ့ ေတြးပူစရာပါပဲ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒီလို ဆက္တိုက္ငလ်င္ေသးေတြ ခနခနလႈပ္ေနရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္းေတြကို ႏိုင္ငံတကာက တတ္ကြ်မ္းနားလည္တဲ့ ပညာရွင္ေတြက ဒီလိုသံုးသပ္ထားပါတယ္။ ငလ်င္ေသးေလးေတြ ဆက္တိုက္ လႈပ္လာရျခင္းဟာ ငလ်င္ႀကီးႀကီးမားမားရဲ႕ ေရွ႕ေျပးနိမိတ္လည္း ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ ငလ်င္ေၾကာအေျခအေနအရ လနဲ႔ႏွစ္နဲ႔ခ်ီၾကာမွလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ စိတ္ပူစရာမလိုတာက ငလ်င္လႈပ္တယ္ဆိုတာ ကမ႓ာေျမႀကီးရဲ႕ ေျမလႊာေအာက္က ျပတ္ေရြ႕လိႈင္းေတြရဲ႕ ဖိအားနဲ႔ တင္းအားေတြေၾကာင့္ ျဖစ္လာတာမို႔ ဒီလိုငလ်င္ေသးေသးေလးေတြဆက္တိုက္လႈပ္လိုက္တဲ့အတြက္ ဖိအားနဲ႔ ပြတ္တိုက္အားေတြ ေျဖေလ်ာ့သလိုျဖစ္ၿပီး ငလ်င္ႀကီးျဖစ္ဖို႔ အလားအလာေတြ ေလ်ာ့နည္းသြားပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

တစ္ဖက္မွာလည္း ငလ်င္ေသးေသးေလးေတြျဖစ္ေပၚတယ္ဆိုတည္းက ေျမေအာက္ပြတ္တိုက္အားေတြဟာ လိုအပ္တဲ့ တင္းအား၊ ဖိအားေတြထက္ေက်ာ္လြန္လို႔ ျဖစ္ရတာမို႔ အဲ့လိုလႈပ္ၿပီးသြားတဲ့ အခ်ိန္ အကုန္လံုးျပန္လည္အစျပဳၿပီး ငလ်င္ႀကီးတစ္ခုကို အစပ်ိဳးဖို႔ ျဖစ္ႏိုင္တယ္လို႔လည္း သံုးသပ္ထားၾကပါတယ္။

အဲ့လို ငလ်င္ႀကီးမျဖစ္ခင္ ေရွ႕ေျပးလႈပ္တဲ့ငလ်င္ေတြကိုေတာ့ Foreshocks လို႔ေခၚၿပီး ငလ်င္လႈပ္ၿပီးေနာက္ဆက္တြဲ ငလ်င္ေသးေသးေလးေတြကို Aftershocks လို႔သံုးႏႈန္းပါတယ္။

ငလ်င္ေဗဒပညာရွင္ေတြဟာလည္း ငလ်င္လိႈင္းနဲ႔ပတ္သက္တဲ့အခ်က္အလက္ေတြကို ေစာင့္ၾကည့္ေျခရာခံေနၿပီး အဲ့လို Foreshocks ေတြဆက္တိုက္ျဖစ္လာၿပီးတာနဲ႔ Magnitude နဲ႔ Frequency ေတြကို တိုင္ထြာခ်ိန္ဆၿပီး ငလ်င္ျပင္းအားႀကီးႀကီးျဖစ္ႏိုင္မျဖစ္ႏိုင္ကို တြက္ခ်က္စစ္ေဆးဖို႔ႀကိဳးစားေနၾကပါၿပီ။

Foreshocks ေတြမ်ားလြန္းတာဟာ ငလ်င္ႀကီးျဖစ္ဖို႔အေၾကာင္းတရားနဲ႔ မသက္ဆိုင္ေနေပမယ့္လည္း မျဖစ္ခင္အေျခအေနကထက္ ငလ်င္သဘာဝအႏၲရာယ္ကာကြယ္ေရးေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားႏိုင္တာ အေကာင္းဆံုးပါပဲ။

[Unicode]

ခနခန ငလျင်တွေလှုပ်နေတာ ငလျင်ကြီးကြီး ဖြစ်လာဖို့အကြောင်းရင်းလား?

ခုလတ်တလော မကြာခဏ ဆိုသလို မနက်အစောပိုင်းတွေမှာ၊ နေ့လည်နေ့ခင်းတွေနဲ့ ညအချိန်တွေမှာ သိသိသာသာငလျင်လှုပ်တာမျိုး ကြုံနေကြမှာပါ။ လှုပ်ခါမှုအားပါတဲ့အပြင်၊ စက္ကန့်တော်တော်များများကြာလို့ လူတိုင်းနီးပါး သတိထားမိကြမှာပါ။ ဒါ့အပြင် လှုပ်တဲ့ကာလအပိုင်းခြားကလည်း ရက်ဆက်လာတဲ့အပြင် ငလျင်စိပ်လာတာမျိုးမို့ နောက်ဆက်တွဲ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်မလဲ? ငလျင်ပြတ်ရွေ့ကြောအခြေအနေ ဘယ်လိုလဲ? ငလျင်ကြီးကြီးမားမား ဒါမှမဟုတ် သဘာဝဘေးဒဏ်ကြီးကြီးကြုံလာရဦးမှာလားဆိုတာတော့ တွေးပူစရာပါပဲ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဒီလို ဆက်တိုက်ငလျင်သေးတွေ ခနခနလှုပ်နေရတဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို နိုင်ငံတကာက တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေက ဒီလိုသုံးသပ်ထားပါတယ်။ ငလျင်သေးလေးတွေ ဆက်တိုက် လှုပ်လာရခြင်းဟာ ငလျင်ကြီးကြီးမားမားရဲ့ ရှေ့ပြေးနိမိတ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ငလျင်ကြောအခြေအနေအရ လနဲ့နှစ်နဲ့ချီကြာမှလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုတာက ငလျင်လှုပ်တယ်ဆိုတာ ကမ္ဘာမြေကြီးရဲ့ မြေလွှာအောက်က ပြတ်ရွေ့လှိုင်းတွေရဲ့ ဖိအားနဲ့ တင်းအားတွေကြောင့် ဖြစ်လာတာမို့ ဒီလိုငလျင်သေးသေးလေးတွေဆက်တိုက်လှုပ်လိုက်တဲ့အတွက် ဖိအားနဲ့ ပွတ်တိုက်အားတွေ ဖြေလျော့သလိုဖြစ်ပြီး ငလျင်ကြီးဖြစ်ဖို့ အလားအလာတွေ လျော့နည်းသွားပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

တစ်ဖက်မှာလည်း ငလျင်သေးသေးလေးတွေဖြစ်ပေါ်တယ်ဆိုတည်းက မြေအောက်ပွတ်တိုက်အားတွေဟာ လိုအပ်တဲ့ တင်းအား၊ ဖိအားတွေထက်ကျော်လွန်လို့ ဖြစ်ရတာမို့ အဲ့လိုလှုပ်ပြီးသွားတဲ့ အချိန် အကုန်လုံးပြန်လည်အစပြုပြီး ငလျင်ကြီးတစ်ခုကို အစပျိုးဖို့ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားကြပါတယ်။

အဲ့လို ငလျင်ကြီးမဖြစ်ခင် ရှေ့ပြေးလှုပ်တဲ့ငလျင်တွေကိုတော့ Foreshocks လို့ခေါ်ပြီး ငလျင်လှုပ်ပြီးနောက်ဆက်တွဲ ငလျင်သေးသေးလေးတွေကို Aftershocks လို့သုံးနှုန်းပါတယ်။

ငလျင်ဗေဒပညာရှင်တွေဟာလည်း ငလျင်လှိုင်းနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စောင့်ကြည့်ခြေရာခံနေပြီး အဲ့လို Foreshocks တွေဆက်တိုက်ဖြစ်လာပြီးတာနဲ့ Magnitude နဲ့ Frequency တွေကို တိုင်ထွာချိန်ဆပြီး ငလျင်ပြင်းအားကြီးကြီးဖြစ်နိုင်မဖြစ်နိုင်ကို တွက်ချက်စစ်ဆေးဖို့ကြိုးစားနေကြပါပြီ။

Foreshocks တွေများလွန်းတာဟာ ငလျင်ကြီးဖြစ်ဖို့အကြောင်းတရားနဲ့ မသက်ဆိုင်နေပေမယ့်လည်း မဖြစ်ခင်အခြေအနေကထက် ငလျင်သဘာဝအန္တရာယ်ကာကွယ်ရေးတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်တာ အကောင်းဆုံးပါပဲ။