[Zawgyi]

လုပ္ငန္းခြင္မွာ ဒီလိုအျပဳအမူမ်ိဳးေတြကိုေရွာင္ၾကဥ္ပါ

ကိုယ့္ရဲ႕လုပ္ငန္းခြင္က ဒုတိယအိမ္လို႔ေတာင္ ေျပာလုိ႔ရပါတယ္။ ရံုးမွာ တစ္ေန႔ကို ၈ နာရီေလာက္ အလုပ္လုပ္ေနရတာဆိုေတာ့ လုပ္ငန္းခြင္က လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔အတူ ပိုၿပီး အခ်ိန္ကုန္ဆံုးေနရတာပါ။ ဒီေတာ့… ကိုယ့္ရဲ႕ ဒုတိယအိမ္ျဖစ္တဲ့ လုပ္ငန္းခြင္တြင္း၊ ရံုးတြင္းမွာ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ အဆင္ေျပေစဖို႔၊ လုပ္ငန္းခြင္မွာ ေပ်ာ္ႏုိင္ေအာင္ ေရွာင္ၾကဥ္သင့္တာေလးေတြကို ဆင္ျခင္ႏုိင္ဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အတင္းမေျပာပါနဲ႔

လုပ္ငန္းခြင္တြင္းမွာ စကားေျပာဆင္ျခင္ဖို႔ တကယ့္ကိုအေရးႀကီးပါတယ္။လုပ္ေဖာ္ကိုင္ဖက္ခ်င္းပဲျဖစ္ျဖစ္၊ ကိုယ့္ရဲ႕အထက္လူႀကီးရဲ႕ ကိစၥရပ္မ်ားကို စပ္စုၿပီး အတင္းေျပာတာမ်ိဳးက လုပ္ငန္းခြင္မွာ သင့္ကိုလူမုန္းမ်ားေစတဲ့ အျပဳအမူတစ္ရပ္ပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၂) အလုပ္စားပြဲမွာ အစားမစားပါနဲ႔

ရံုးခန္းတြင္းက စားပြဲေပၚမွာ အစားအေသာက္မ်ားထားၿပီး စားသံုးတာကလည္း မျပဳလုပ္သင့္တဲ့ အျပဳအမူပါပဲ။ အစားအေသာက္အနံ႔အသက္က အဲကြန္ေလနဲ႔ ပ်ံ႔ႏွံ႔သြားၿပီး ရံုးခန္းတြင္းက လူေတြကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့အတြက္ေၾကာင့္ပါ။

(၃) ႏုိင္ငံေရး၊ ဘာသာေရးအေၾကာင္းအေျပာပါနဲ႔

လုပ္ငန္းခြင္တြင္းမွာ ဘာသာေပါင္းစံုက လူေတြစုစည္းေနပါတယ္။ ဒီေတာ့ ဘာသာေရးအေၾကာင္း ကို ေျပာဆိုတဲ့အခါ ကိုယ့္ရဲ႕လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း ေသြးကြဲသြားေစႏုိင္ပါတယ္။ လူတစ္ဦးနဲ႔တစ္ဦး အျမင္၊ သေဘာထားခ်င္းလည္း ကြဲလြဲႏုိင္တာေၾကာင့္ ႏုိင္ငံေရးအေၾကာင္းကိုလည္း မေဆြးေႏြးတာအေကာင္းဆံုးပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

(၄) မသင့္ေလ်ာ္တဲ့ ဝတ္စားဆင္ယင္မႈ

အလုပ္နဲ႔မအပ္စပ္၊ အျမင္မသင့္ေတာ္တဲ့ ဝတ္စားဆင္ယင္မႈမ်ိဳးကိုလည္း ေရွာင္ၾကဥ္သင့္ပါတယ္။ လုပ္ငန္းတြင္းမွာ အထက္လူႀကီးေရွ႕ အတိုအျပတ္ဝတ္တာက သင့္ကို First Impression က်သြားေစတဲ့ အတြက္ေၾကာင့္ပါ။ ဒါ့ေၾကာင့္ လုပ္ငန္းခြင္တြင္းမွာ ပေရာ္ဖက္ရွင္နယ္က်က် ဝတ္စားဆင္ယင္မႈမ်ိဳးကိုသာ ေရြးခ်ယ္ဝတ္ဆင္သင့္ပါ တယ္။

(၅) ရံုးတြင္းပစၥည္းအိမ္ျပန္မသယ္ပါနဲ႔

ရံုးခန္းတြင္းက ပစၥည္းေတြကို ခြင့္ျပဳခ်က္မရဘဲ အိမ္ယူျပန္တာမ်ိဳး လုပ္မိေနတယ္ဆိုရင္ ဒီအက်င့္ကို ခ်က္ခ်င္းျပင္လိုက္ပါေတာ့ေနာ္။ ရံုးပိုင္ ေဘာပင္၊ မွတ္စုစာအုပ္၊ ဖန္ခြက္ စတဲ့ ပစၥည္းအေသးအမႊားကအစ တန္ဖိုးထားသင့္ၿပီး ခြင့္ျပဳခ်က္ေတာင္းၿပီးမွ ယူသံုးသင့္ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လုပ်ငန်းခွင်မှာ ဒီလိုအပြုအမူမျိုးတွေကိုရှောင်ကြဉ်ပါ

ကိုယ့်ရဲ့လုပ်ငန်းခွင်က ဒုတိယအိမ်လို့တောင် ပြောလို့ရပါတယ်။ ရုံးမှာ တစ်နေ့ကို ၈ နာရီလောက် အလုပ်လုပ်နေရတာဆိုတော့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်များနဲ့အတူ ပိုပြီး အချိန်ကုန်ဆုံးနေရတာပါ။ ဒီတော့… ကိုယ့်ရဲ့ ဒုတိယအိမ်ဖြစ်တဲ့ လုပ်ငန်းခွင်တွင်း၊ ရုံးတွင်းမှာ လုပ်ဖော်ကိုင်ဖက်များနဲ့ အဆင်ပြေစေဖို့၊ လုပ်ငန်းခွင်မှာ ပျော်နိုင်အောင် ရှောင်ကြဉ်သင့်တာလေးတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) အတင်းမပြောပါနဲ့

လုပ်ငန်းခွင်တွင်းမှာ စကားပြောဆင်ခြင်ဖို့ တကယ့်ကိုအရေးကြီးပါတယ်။လုပ်ဖော်ကိုင်ဖက်ချင်းပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့အထက်လူကြီးရဲ့ ကိစ္စရပ်များကို စပ်စုပြီး အတင်းပြောတာမျိုးက လုပ်ငန်းခွင်မှာ သင့်ကိုလူမုန်းများစေတဲ့ အပြုအမူတစ်ရပ်ပါပဲ။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

(၂) အလုပ်စားပွဲမှာ အစားမစားပါနဲ့

ရုံးခန်းတွင်းက စားပွဲပေါ်မှာ အစားအသောက်များထားပြီး စားသုံးတာကလည်း မပြုလုပ်သင့်တဲ့ အပြုအမူပါပဲ။ အစားအသောက်အနံ့အသက်က အဲကွန်လေနဲ့ ပျံ့နှံ့သွားပြီး ရုံးခန်းတွင်းက လူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက်ကြောင့်ပါ။

(၃) နိုင်ငံရေး၊ ဘာသာရေးအကြောင်းအပြောပါနဲ့

လုပ်ငန်းခွင်တွင်းမှာ ဘာသာပေါင်းစုံက လူတွေစုစည်းနေပါတယ်။ ဒီတော့ ဘာသာရေးအကြောင်း ကို ပြောဆိုတဲ့အခါ ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်အချင်းချင်း သွေးကွဲသွားစေနိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အမြင်၊ သဘောထားချင်းလည်း ကွဲလွဲနိုင်တာကြောင့် နိုင်ငံရေးအကြောင်းကိုလည်း မဆွေးနွေးတာအကောင်းဆုံးပါ။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

(၄) မသင့်လျော်တဲ့ ဝတ်စားဆင်ယင်မှု

အလုပ်နဲ့မအပ်စပ်၊ အမြင်မသင့်တော်တဲ့ ဝတ်စားဆင်ယင်မှုမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ လုပ်ငန်းတွင်းမှာ အထက်လူကြီးရှေ့ အတိုအပြတ်ဝတ်တာက သင့်ကို First Impression ကျသွားစေတဲ့ အတွက်ကြောင့်ပါ။ ဒါ့ကြောင့် လုပ်ငန်းခွင်တွင်းမှာ ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားဆင်ယင်မှုမျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါ တယ်။

(၅) ရုံးတွင်းပစ္စည်းအိမ်ပြန်မသယ်ပါနဲ့

ရုံးခန်းတွင်းက ပစ္စည်းတွေကို ခွင့်ပြုချက်မရဘဲ အိမ်ယူပြန်တာမျိုး လုပ်မိနေတယ်ဆိုရင် ဒီအကျင့်ကို ချက်ချင်းပြင်လိုက်ပါတော့နော်။ ရုံးပိုင် ဘောပင်၊ မှတ်စုစာအုပ်၊ ဖန်ခွက် စတဲ့ ပစ္စည်းအသေးအမွှားကအစ တန်ဖိုးထားသင့်ပြီး ခွင့်ပြုချက်တောင်းပြီးမှ ယူသုံးသင့်ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။