[Zawgyi]

ဒီလိုလကၡဏာေတြျဖစ္လာရင္ လ်စ္လ်ဴရႈမထားသင့္ပါ

အသက္အရြယ္မေရြး၊ က်ားမမေရြးျဖစ္တတ္တဲ့ ႏွလံုးေရာဂါက တစ္ခါတစ္ရံမွာ သိသာထင္ရွားတဲ့ေရာဂါလကၡဏာေတြ မျပတတ္ပါဘူး။ ေရာဂါလကၡဏာျပေပမယ့္ ႏွလံုးေရာဂါျပႆနာျဖစ္ေနတယ္ဆုိတာကို သတိမထားမိၾကတဲ့အခါ အသက္ဆံုးရံႈးေနၾကရပါတယ္။ ႏွလံုးေရာဂါက ရုတ္တရက္ႏွလံုးအေမာေဖာက္ၿပီး အသက္အႏၱရာယ္ကိုထိခိုက္ေစႏိုင္တဲ့အတြက္ လ်စ္လ်ဴရႈမထားသင့္ပါဘူး။ ဒီေတာ့… ႏွလံုးေရာဂါရွိေနၿပီဆုိတာကို ေဖာ္ျပေပးေနတဲ့ သိသာထင္ရွားတဲ့ ေရွ႕ေျပးလကၡဏာရပ္မ်ားကို သတိထားမိေစဖုိ႔ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ရင္ဘတ္ေအာင့္ျခင္း

မၾကာခဏဆိုသလို ရင္ဘတ္ေအာင့္တတ္တယ္ဆိုရင္ေတာ့ ႏွလံုးစမ္းသပ္မႈေတြျပဳလုပ္ဖုိ႔ အႀကံျပဳပါရေစ။ ရင္ဘတ္ေနရာမွာ ေလခိုသြားသလို စူးေအာင့္သြားတာမ်ိဳးလည္း ခံစားရတတ္သလုိ၊ ရင္ဘတ္ေနရာတည့္တည့္က ေအာင့္လာတာမ်ိဳးလည္း ျဖစ္တတ္တာေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ နာက်င္္မႈမ်ိဳးေတာ့ မတူညီႏုိင္ၾကပါဘူး။ ဒါေပမယ့္ ရင္ဘတ္ေအာင့္တာက ႏွလံုးေရာဂါရဲ႕ေရွ႕ေျပးလကၡဏာတစ္ရပ္ျဖစ္တာေၾကာင့္ လ်စ္လ်ဴရႈမထားသင့္ပါဘူး။

(၂) ရင္ပူျခင္း၊ အစာအိမ္နာျခင္း

ဒီလကၡဏာရပ္ကိုေတာ့ အမ်ိဳးသမီးမ်ားမွာ ပိုၿပီးအျဖစ္မ်ားတယ္လို႔ သိရပါတယ္။ အစာအိမ္နာလာတာနဲ႔တစ္ၿပိဳင္နက္ ရင္ပူလာမယ္၊ ေအာ့အန္ျခင္း၊ မအီမသာျဖစ္ျခင္း စတာေတြက ႏွလံုးေရာဂါနဲ႔ ဆက္စပ္မႈရွိေနပါတယ္။ ဒါ့ေၾကာင့္ ႏွလံုးေရာဂါအခံရွိသူေတြအေနနဲ႔လည္း ဒီလုိလကၡဏာရပ္ေတြ ျပေနၿပီဆုိရင္ေတာ့ Heart Attack ျဖစ္ႏုိင္တဲ့အတြက္ ဆရာဝန္နဲ႔ ေသခ်ာျပသသင့္ပါတယ္။

(၃) ခႏၶာကုိုယ္ ဘယ္ဘက္ျခမ္းနာက်င္ျခင္း

ႏွလံုးေရာဂါျဖစ္ေနတယ္ဆုိတာကို ေဖာ္ျပေနတဲ့ ေနာက္ထပ္လကၡဏာရပ္ကေတာ့ ခႏၶာကိုယ္ရဲ႕ ဘယ္ဘက္ျခမ္းနာက်င္ကိုက္ခဲျခင္းပါပဲ။ ႏွလံုးေအာင့္ျခင္းနဲ႔ ရင္ဘတ္ေအာင့္တာက ဘယ္ဘက္လက္ေမာင္းေနရာတစ္ဝိုက္ကို ပ်ံ႕ႏွံ႔သြားတတ္ပါတယ္။ ဒီလိုနာက်င္ကိုက္ခဲလာၿပီဆိုရင္ေတာ့ ႏွလံုးေရာဂါစစ္ေဆးမႈေတြ ျပဳလုပ္ဖုိ႔လိုေနပါၿပီ။

(၄) ေခါင္းမူးေနာက္လာျခင္း

ေရဓာတ္ခမ္းေျခာက္မႈကလည္း ေခါင္းမူးေနာက္ျခင္းနဲ႔ ေခါင္းကိုက္ျခင္းကို ျဖစ္ေပၚေစပါတယ္။ ဒါေပမယ့္ ရုတ္တရက္ဆိုသလို ထုိင္ရာကထလိုက္တဲ့အခါေတြမွာ ရိပ္ခနဲေခါင္းမူးေနာက္ၿပီး အသက္ရွဴရခက္လာတယ္ဆိုရင္ေတာ့ က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ဖု႔ိ အႀကံျပဳပါရေစ။ ႏွလံုးေရာဂါအခံရွိသူေတြအေနနဲ႔လည္း ဒီလိုလကၡဏာရပ္ေတြ ေဖာ္ျပေနတယ္ဆိုရင္ အသက္အႏၱရာယ္စိုးရိမ္ရတဲ့အတြက္ လ်စ္လ်ဴရႈမထားသင့္ပါဘူး။

(၅) လည္ေခ်ာင္းနဲ႔ေမးရိုးနာျခင္း

လည္ေခ်ာင္းနာတာကေတာ့ ရာသီဥတုအေျပာင္းအလဲေၾကာင့္၊ အေအးမိျခင္းေၾကာင့္ ျဖစ္တတ္တဲ့ ေရာဂါပါပဲ။ ဒါေပမယ့္ ရင္ဘတ္ေအာင့္တာနဲ႔ တစ္ၿပိဳင္နက္ လည္ေခ်ာင္းနဲ႔ ေမးရိုးနာက်င္လာသလိုျဖစ္လာမယ္ဆိုရင္ေတာ့ ႏွလံုးေရာဂါျဖစ္ႏိုင္ေခ်ရွိတဲ့အတြက္ ကၽြမ္းက်င္တဲ့ဆရာဝန္နဲ႔ ေဆြးေႏြးၿပီး ကုသမႈခံယူသင့္ပါတယ္လို႔ အႀကံျပဳပါရေစ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဒီလိုလက္ခဏာတွေဖြစ်လာရင် လျစ်လျူရှုမထားသင့်ပါ

အသက်အရွယ်မရွေး၊ ကျားမမရွေးဖြစ်တတ်တဲ့ နှလုံးရောဂါက တစ်ခါတစ်ရံမှာ သိသာထင်ရှားတဲ့ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါလက္ခဏာပြပေမယ့် နှလုံးရောဂါပြဿနာဖြစ်နေတယ်ဆိုတာကို သတိမထားမိကြတဲ့အခါ အသက်ဆုံးရှုံးနေကြရပါတယ်။ နှလုံးရောဂါက ရုတ်တရက်နှလုံးအမောဖောက်ပြီး အသက်အန္တရာယ်ကိုထိခိုက်စေနိုင်တဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။ ဒီတော့… နှလုံးရောဂါရှိနေပြီဆိုတာကို ဖော်ပြပေးနေတဲ့ သိသာထင်ရှားတဲ့ ရှေ့ပြေးလက္ခဏာရပ်များကို သတိထားမိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) ရင်ဘတ်အောင့်ခြင်း

မကြာခဏဆိုသလို ရင်ဘတ်အောင့်တတ်တယ်ဆိုရင်တော့ နှလုံးစမ်းသပ်မှုတွေပြုလုပ်ဖို့ အကြံပြုပါရစေ။ ရင်ဘတ်နေရာမှာ လေခိုသွားသလို စူးအောင့်သွားတာမျိုးလည်း ခံစားရတတ်သလို၊ ရင်ဘတ်နေရာတည့်တည့်က အောင့်လာတာမျိုးလည်း ဖြစ်တတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုမျိုးတော့ မတူညီနိုင်ကြပါဘူး။ ဒါပေမယ့် ရင်ဘတ်အောင့်တာက နှလုံးရောဂါရဲ့ရှေ့ပြေးလက္ခဏာတစ်ရပ်ဖြစ်တာကြောင့် လျစ်လျူရှုမထားသင့်ပါဘူး။

(၂) ရင်ပူခြင်း၊ အစာအိမ်နာခြင်း

ဒီလက္ခဏာရပ်ကိုတော့ အမျိုးသမီးများမှာ ပိုပြီးအဖြစ်များတယ်လို့ သိရပါတယ်။ အစာအိမ်နာလာတာနဲ့တစ်ပြိုင်နက် ရင်ပူလာမယ်၊ အော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း စတာတွေက နှလုံးရောဂါနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါအခံရှိသူတွေအနေနဲ့လည်း ဒီလိုလက္ခဏာရပ်တွေ ပြနေပြီဆိုရင်တော့ Heart Attack ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။

(၃) ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းနာကျင်ခြင်း

နှလုံးရောဂါဖြစ်နေတယ်ဆိုတာကို ဖော်ပြနေတဲ့ နောက်ထပ်လက္ခဏာရပ်ကတော့ ခန္ဓာကိုယ်ရဲ့ ဘယ်ဘက်ခြမ်းနာကျင်ကိုက်ခဲခြင်းပါပဲ။ နှလုံးအောင့်ခြင်းနဲ့ ရင်ဘတ်အောင့်တာက ဘယ်ဘက်လက်မောင်းနေရာတစ်ဝိုက်ကို ပျံ့နှံ့သွားတတ်ပါတယ်။ ဒီလိုနာကျင်ကိုက်ခဲလာပြီဆိုရင်တော့ နှလုံးရောဂါစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုနေပါပြီ။

(၄) ခေါင်းမူးနောက်လာခြင်း

ရေဓာတ်ခမ်းခြောက်မှုကလည်း ခေါင်းမူးနောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို ထိုင်ရာကထလိုက်တဲ့အခါတွေမှာ ရိပ်ခနဲခေါင်းမူးနောက်ပြီး အသက်ရှူရခက်လာတယ်ဆိုရင်တော့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖု့ိ အကြံပြုပါရစေ။ နှလုံးရောဂါအခံရှိသူတွေအနေနဲ့လည်း ဒီလိုလက္ခဏာရပ်တွေ ဖော်ပြနေတယ်ဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် လျစ်လျူရှုမထားသင့်ပါဘူး။

(၅) လည်ချောင်းနဲ့မေးရိုးနာခြင်း

လည်ချောင်းနာတာကတော့ ရာသီဥတုအပြောင်းအလဲကြောင့်၊ အအေးမိခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါပါပဲ။ ဒါပေမယ့် ရင်ဘတ်အောင့်တာနဲ့ တစ်ပြိုင်နက် လည်ချောင်းနဲ့ မေးရိုးနာကျင်လာသလိုဖြစ်လာမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်နိုင်ချေရှိတဲ့အတွက် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါတယ်လို့ အကြံပြုပါရစေ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။