[Zawgyi]

ေရႊလက္တြဲလို႔ ျမဲၾကေတာ့မယ္ဆိုရင္ တစ္ေယာက္ကို တစ္ေယာက္ေမးသင့္တဲ့ ေမးခြန္းေလးမ်ား

ရည္းစားႏွစ္ေယာက္ အေပ်ာ္တြဲတုန္းက တစ္ေယာက္နဲ႔ တစ္ေယာက္ ယံုၾကည္ခ်က္၊ ခံယူခ်က္ေတြက သိပ္အေရးမၾကီးေပမယ့္ တစ္ဆင့္တက္လို႔ လက္ထပ္ထိမ္းျမားၾကေတာ့မယ္ဆုိရင္ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္အၾကား အေလးအနက္သိစရာေတြ ရွိလာပါျပီ။ တခ်ိဳ႕အရာေတြက ေမးေရာ ေမးသင့္ရဲ႕လားဆိုေပမယ့္ လက္ရွိလူ႔အသိုိင္းအဝုိင္းထဲမွာ အိမ္ေထာင္တစ္ခုတည္ေဆာက္မယ္ဆုိရင္ေတာ့ ညွိယူဖို႔ ေမးသင့္တာေလးေတြ ရွိလာပါျပီ။

၁။ သူ႔ရဲ႕ ဘာသာေရးယံုၾကည္မႈက ဘာလဲ

ရည္းစားဘဝမွာ မလိုေပမယ့္ အိမ္ေထာင္ျပဳေတာ့မယ္ဆိုရင္ ကိုယ့္ခ်စ္သူက ဘာသာျခားျဖစ္ေနတဲ့အခါ ကိုယ္က နားလည္လက္ခံႏုိင္ရင္ေတာင္ ကိုယ့္မိသားစု၊ ပတ္ဝန္းက်င္က နားလည္လက္ခံလာေအာင္ ရွင္းျပဖို႔ ဒါေလးေမးသင့္ပါတယ္။

၂။ ႏုိင္ငံေရးယံုၾကည္မႈကေရာ ဘာျဖစ္ပါသလဲ

ယူျပီးကာမွ ႏုိင္ငံေရးကိစၥေၾကာင့္ တဂ်ိန္းဂ်ိန္းသတ္ေနရရင္ မေကာင္းဘူးေပါ့၊ ဒီေခတ္ကလည္း အေတာ္စံုေလေတာ့ ဒါေလးလည္း ေမးသင့္ပါတယ္။

၃။ ကေလးယူဖို႔ ဘယ္လို စီစဥ္ထားလဲ

လက္ထပ္ျပီးသြားျပီဆိုမွေတာ့ ကေလးယူဖို႔ဆိုတာ ဒီအခ်ိန္မဟုတ္လည္း တစ္ခ်ိန္ခ်ိန္ျဖစ္လာမွာမို႔ ၾကိဳတင္စီစဥ္တာ အေကာငး္ဆံုးပါပဲ။ ကေလးခ်စ္တတ္လား၊ ဘယ္ႏွစ္ေယာက္ယူမွာလဲ၊ ဘယ္အခ်ိန္ယူၾကမလဲ၊ ကေလးတာဝန္ကို ဘယ္လိုခြဲေဝမလဲ၊ မေမြးခင္နဲ႔ ေမြးျပီးေရာ ဘယ္လို အိမ္ေထာင့္တာဝန္ခြဲေဝၾကမလဲေပ့ါ။

၄။ လက္ထပ္ျပီးရင္ အလုပ္ဘယ္လို ဆက္လုပ္ၾကမလဲ

သာမန္စံုတြဲေတြလိုပဲ သူလည္း သူ႔အလုပ္ သူလုပ္၊ ကိုယ္လည္း ကိုယ့္အလုပ္ ကိုယ္လုပ္ဆိုတာကို လက္ခံသလား၊ ဒါမွမဟုတ္ ယူျပီးမွ ကိုယ့္ကို အတင္းအလုပ္ထြက္ခုိင္းျပီး အိမ္မွာေနခုိင္းမယ့္သူမ်ိဳးလား၊ ယူျပီးမွ အက်ယ္အက်ယ္မျငိမ္းဖြယ္မျဖစ္ရေအာင္ ဒါေတြ အရင္ညွိပါ

၅။ သူ႔မွာ အေၾကြးေတြ ရွိလား

ကိုယ့္ကိုပိုးပန္း၊ ရည္းစားဘဝမွာ သံုးျပေနျပီး ယူျပီးမွ သူ႔အေၾကြးကုန္းရုန္းဆပ္ေပးေနရရင္ေတာ့ မဟုတ္ေသးဘူးေလဗ်ာ။ ဒါေၾကာင့္ ပြင့္ပြင့္လင္းလင္းေမးသင့္ပါတယ္။

၆။ ဝင္ေငြဘယ္ေလာက္ရွိလဲ

ယူေတာ့မယ္ဆုိရင္ေတာ့ တစ္ေယာက္ဝင္ေငြ တစ္ေယာက္ဘယ္ေလာက္ရွိလဲဆိုတာ သိသင့္ပါျပီ။ ဒါမွလည္း ႏွစ္ဦးသားအိမ္ေထာင္အတြက္ ဘယ္လို သံုးမယ္၊ ဘယ္လို စုမယ္ တြက္ခ်က္လို႔ ရမွာပါ။

၇။ ဘယ္လိုေတြ သံုးစြဲေနလဲ

ဒါကေတာ့ တစ္ေယာက္အိမ္ကို တစ္ေယာက္ေထာက္ပံ့ရမယ့္ ကိစၥေတြ၊ သူတစ္ခါတေလ ပိုက္ဆံသံုးတဲ့ကိစၥေတြ၊ တခ်ိဳ႕ေတြက က်န္တဲ့ေနရာမွာ စိစစ္ေပမယ့္ ကိုယ္ဝါသနာပါတဲ့ေနရာမွာ ေငြျဖဳန္းတာ ရွိတတ္ပါတယ္။ ဒါေၾကာင့္ မိဘေတြကို ဘယ္လို ေထာက္ပံ့ၾကမလဲ၊ ႏွစ္ေယာက္အတူတူ ဘယ္အရာေတြေတာ့ ေလွ်ာ့ၾကမလဲ ခ်ိန္ဆရပါမယ္။

၈။ စုထားတာ ဘယ္ေလာက္ရွိလဲ

မဂၤလာေဆာင္စရိတ္၊ ခန္းဝင္စရိတ္ဆိုတာ ဒီေခတ္မွာ တကယ္ၾကီးတဲ့အရာပါ။ စုထားေဆာင္းထားတာေလး မရွိပဲနဲ႔ေတာ့ လက္ထပ္ပါရေစေျပာလာရင္ မဂၤလာေဆာင္ကို အက်ဥ္းခ်ံဳးျပီး လုပ္ေဆာင္ႏုိင္မလား ကုိယ့္ဘာသာစဥ္းစားဖို႔ ဒါကို ေမးပါ။

၉။ အစြဲအလမ္းၾကီးတာမ်ိဳးရွိလား၊ မတည့္တဲ့/ မၾကိဳက္တဲ့ တိရစာၦန္မ်ိဳးရွိလား

တစ္ခါတေလ ကိုယ္က ဘာမွမဟုတ္ဘူးထင္တာေလးက သူ႔အတြက္ အၾကီးၾကီးအစြဲၾကီး ျဖစ္ျပီး ျပႆနာျဖစ္တာေလးေတြရွိပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ သူေၾကာက္တဲ့ တိရစာၦန္ကို ကိုယ္ကမွ ခ်စ္မိေနတာမ်ိဳး၊ ေမြးခ်င္ေနတာမ်ိဳးဆို မလြယ္ပါဘူး။ ဒါေလးလည္း ေမးပါ။

၁၀။ ကုိယ့္မိသားစုနဲ႔ အဆင္ေျပေအာင္ ေနႏုိင္လား၊ သူ႔မိသားစုနဲ႔ေရာ ကိုယ္အဆင္ေျပပါ့မလား

ဒါကေတာ့ အေရးၾကီးဆံုးေမးခြန္းေတြထဲက တစ္ခုပါပဲ၊ ယူေတာ့မယ္ဆုိရင္ အိမ္ခြဲေနရမယ္ဆုိရင္ေတာင္ မိသားစုေတြနဲ႔ေတာ့ ေျပာဆုိဆက္ဆံရေတာ့မွာမို႔ အဆင္ေျပေအာင္ေနႏိုင္ပါ့မလားလို႔ ကိုယ့္ကိုယ္ကိုယ္ေရာ၊ သူ႔ကိုေရာ ေမးၾကည့္ပါ။

၁၁။ စီးပြားေရးကို ေသေသခ်ာခ်ာသတ္မွတ္ပါ

လက္ထပ္ျပီးရင္ ကိုယ့္ဘာသာ ပိုက္ဆံခြဲသံုးမလား၊ Bank မွာ Joint Account ထားမလား၊ မီတာေဘလ္၊ ဖုန္းေဘလ္စတာေတြကို ဘယ္သူက ဘယ္လိုေပးေဆာင္မွာလဲစတာေတြေပါ့။

၁၂။ မဂၤလာေဆာင္ကို ဘယ္လို စိတ္ကူးထားလဲ

အေပၚက အခ်က္ေတြ အားလံုးေမးျပီးရင္ေတာ့ မဂၤလာေဆာင္အတြက္ စဥ္းစားလို႔ ရပါျပီ။ မဂၤလာေဆာင္ဆိုတာဟာလည္း ခ်ဲ႕ရင္ ခ်ဲ႕သေလာက္ အျငင္းပြားစရာေတြ ရွိႏုိင္တဲ့အတြက္ အထူးသတိထားစီစဥ္ပါ။ တခ်ိဳ႕ဆိုရင္ မဂၤလာေဆာင္ကိစၥ စီစဥ္တာနဲ႔တင္ ခြာျပဲၾကလို႔ ကြဲသြားရတဲ့ စံုတြဲေတြ ရွိပါတယ္တဲ့။

ဒီအခ်က္ေလးေတြကေတာ့ လက္ထပ္ပါရေစဆိုတာနဲ႔ စိတ္ကူးတိုက္အိမ္ေဆာက္ရံုမဟုတ္ဘဲ လက္ေတြ႔က််က် ႏွစ္ေယာက္မ်က္ႏွာခ်င္းဆိုင္ ေမးျမန္းအေျဖရွာရမယ့္ ကိစၥေတြမို႔ အခု ေမးလိုက္ၾကပါစို႔။

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

ရွှေလက်တွဲလို့ မြဲကြတော့မယ်ဆိုရင် တစ်ယောက်ကို တစ်ယောက်မေးသင့်တဲ့ မေးခွန်းလေးများ

ရည်းစားနှစ်ယောက် အပျော်တွဲတုန်းက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်ချက်၊ ခံယူချက်တွေက သိပ်အရေးမကြီးပေမယ့် တစ်ဆင့်တက်လို့ လက်ထပ်ထိမ်းမြားကြတော့မယ်ဆိုရင်တော့ တစ်ယောက်နဲ့ တစ်ယောက်အကြား အလေးအနက်သိစရာတွေ ရှိလာပါပြီ။ တချို့အရာတွေက မေးရော မေးသင့်ရဲ့လားဆိုပေမယ့် လက်ရှိလူ့အသိုင်းအဝိုင်းထဲမှာ အိမ်ထောင်တစ်ခုတည်ဆောက်မယ်ဆိုရင်တော့ ညှိယူဖို့ မေးသင့်တာလေးတွေ ရှိလာပါပြီ။

၁။ သူ့ရဲ့ ဘာသာရေးယုံကြည်မှုက ဘာလဲ

ရည်းစားဘဝမှာ မလိုပေမယ့် အိမ်ထောင်ပြုတော့မယ်ဆိုရင် ကိုယ့်ချစ်သူက ဘာသာခြားဖြစ်နေတဲ့အခါ ကိုယ်က နားလည်လက်ခံနိုင်ရင်တောင် ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်က နားလည်လက်ခံလာအောင် ရှင်းပြဖို့ ဒါလေးမေးသင့်ပါတယ်။

၂။ နိုင်ငံရေးယုံကြည်မှုကရော ဘာဖြစ်ပါသလဲ

ယူပြီးကာမှ နိုင်ငံရေးကိစ္စကြောင့် တဂျိန်းဂျိန်းသတ်နေရရင် မကောင်းဘူးပေါ့၊ ဒီခေတ်ကလည်း အတော်စုံလေတော့ ဒါလေးလည်း မေးသင့်ပါတယ်။

၃။ ကလေးယူဖို့ ဘယ်လို စီစဉ်ထားလဲ

လက်ထပ်ပြီးသွားပြီဆိုမှတော့ ကလေးယူဖို့ဆိုတာ ဒီအချိန်မဟုတ်လည်း တစ်ချိန်ချိန်ဖြစ်လာမှာမို့ ကြိုတင်စီစဉ်တာ အကောင်းဆုံးပါပဲ။ ကလေးချစ်တတ်လား၊ ဘယ်နှစ်ယောက်ယူမှာလဲ၊ ဘယ်အချိန်ယူကြမလဲ၊ ကလေးတာဝန်ကို ဘယ်လိုခွဲဝေမလဲ၊ မမွေးခင်နဲ့ မွေးပြီးရော ဘယ်လို အိမ်ထောင့်တာဝန်ခွဲဝေကြမလဲပေ့ါ။

၄။ လက်ထပ်ပြီးရင် အလုပ်ဘယ်လို ဆက်လုပ်ကြမလဲ

သာမန်စုံတွဲတွေလိုပဲ သူလည်း သူ့အလုပ် သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ် ကိုယ်လုပ်ဆိုတာကို လက်ခံသလား၊ ဒါမှမဟုတ် ယူပြီးမှ ကိုယ့်ကို အတင်းအလုပ်ထွက်ခိုင်းပြီး အိမ်မှာနေခိုင်းမယ့်သူမျိုးလား၊ ယူပြီးမှ အကျယ်အကျယ်မငြိမ်းဖွယ်မဖြစ်ရအောင် ဒါတွေ အရင်ညှိပါ

၅။ သူ့မှာ အကြွေးတွေ ရှိလား

ကိုယ့်ကိုပိုးပန်း၊ ရည်းစားဘဝမှာ သုံးပြနေပြီး ယူပြီးမှ သူ့အကြွေးကုန်းရုန်းဆပ်ပေးနေရရင်တော့ မဟုတ်သေးဘူးလေဗျာ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းမေးသင့်ပါတယ်။

၆။ ဝင်ငွေဘယ်လောက်ရှိလဲ

ယူတော့မယ်ဆိုရင်တော့ တစ်ယောက်ဝင်ငွေ တစ်ယောက်ဘယ်လောက်ရှိလဲဆိုတာ သိသင့်ပါပြီ။ ဒါမှလည်း နှစ်ဦးသားအိမ်ထောင်အတွက် ဘယ်လို သုံးမယ်၊ ဘယ်လို စုမယ် တွက်ချက်လို့ ရမှာပါ။

၇။ ဘယ်လိုတွေ သုံးစွဲနေလဲ

ဒါကတော့ တစ်ယောက်အိမ်ကို တစ်ယောက်ထောက်ပံ့ရမယ့် ကိစ္စတွေ၊ သူတစ်ခါတလေ ပိုက်ဆံသုံးတဲ့ကိစ္စတွေ၊ တချို့တွေက ကျန်တဲ့နေရာမှာ စိစစ်ပေမယ့် ကိုယ်ဝါသနာပါတဲ့နေရာမှာ ငွေဖြုန်းတာ ရှိတတ်ပါတယ်။ ဒါကြောင့် မိဘတွေကို ဘယ်လို ထောက်ပံ့ကြမလဲ၊ နှစ်ယောက်အတူတူ ဘယ်အရာတွေတော့ လျှော့ကြမလဲ ချိန်ဆရပါမယ်။

၈။ စုထားတာ ဘယ်လောက်ရှိလဲ

မင်္ဂလာဆောင်စရိတ်၊ ခန်းဝင်စရိတ်ဆိုတာ ဒီခေတ်မှာ တကယ်ကြီးတဲ့အရာပါ။ စုထားဆောင်းထားတာလေး မရှိပဲနဲ့တော့ လက်ထပ်ပါရစေပြောလာရင် မင်္ဂလာဆောင်ကို အကျဉ်းချုံးပြီး လုပ်ဆောင်နိုင်မလား ကိုယ့်ဘာသာစဉ်းစားဖို့ ဒါကို မေးပါ။

၉။ အစွဲအလမ်းကြီးတာမျိုးရှိလား၊ မတည့်တဲ့/ မကြိုက်တဲ့ တိရစ္ဆာန်မျိုးရှိလား

တစ်ခါတလေ ကိုယ်က ဘာမှမဟုတ်ဘူးထင်တာလေးက သူ့အတွက် အကြီးကြီးအစွဲကြီး ဖြစ်ပြီး ပြဿနာဖြစ်တာလေးတွေရှိပါတယ်။ နောက်တစ်ချက်ကတော့ သူကြောက်တဲ့ တိရစ္ဆာန်ကို ကိုယ်ကမှ ချစ်မိနေတာမျိုး၊ မွေးချင်နေတာမျိုးဆို မလွယ်ပါဘူး။ ဒါလေးလည်း မေးပါ။

၁၀။ ကိုယ့်မိသားစုနဲ့ အဆင်ပြေအောင် နေနိုင်လား၊ သူ့မိသားစုနဲ့ရော ကိုယ်အဆင်ပြေပါ့မလား

ဒါကတော့ အရေးကြီးဆုံးမေးခွန်းတွေထဲက တစ်ခုပါပဲ၊ ယူတော့မယ်ဆိုရင် အိမ်ခွဲနေရမယ်ဆိုရင်တောင် မိသားစုတွေနဲ့တော့ ပြောဆိုဆက်ဆံရတော့မှာမို့ အဆင်ပြေအောင်နေနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ်ရော၊ သူ့ကိုရော မေးကြည့်ပါ။

၁၁။ စီးပွားရေးကို သေသေချာချာသတ်မှတ်ပါ

လက်ထပ်ပြီးရင် ကိုယ့်ဘာသာ ပိုက်ဆံခွဲသုံးမလား၊ Bank မှာ Joint Account ထားမလား၊ မီတာဘေလ်၊ ဖုန်းဘေလ်စတာတွေကို ဘယ်သူက ဘယ်လိုပေးဆောင်မှာလဲစတာတွေပေါ့။

၁၂။ မင်္ဂလာဆောင်ကို ဘယ်လို စိတ်ကူးထားလဲ

အပေါ်က အချက်တွေ အားလုံးမေးပြီးရင်တော့ မင်္ဂလာဆောင်အတွက် စဉ်းစားလို့ ရပါပြီ။ မင်္ဂလာဆောင်ဆိုတာဟာလည်း ချဲ့ရင် ချဲ့သလောက် အငြင်းပွားစရာတွေ ရှိနိုင်တဲ့အတွက် အထူးသတိထားစီစဉ်ပါ။ တချို့ဆိုရင် မင်္ဂလာဆောင်ကိစ္စ စီစဉ်တာနဲ့တင် ခွာပြဲကြလို့ ကွဲသွားရတဲ့ စုံတွဲတွေ ရှိပါတယ်တဲ့။

ဒီအချက်လေးတွေကတော့ လက်ထပ်ပါရစေဆိုတာနဲ့ စိတ်ကူးတိုက်အိမ်ဆောက်ရုံမဟုတ်ဘဲ လက်တွေ့ကျျကျ နှစ်ယောက်မျက်နှာချင်းဆိုင် မေးမြန်းအဖြေရှာရမယ့် ကိစ္စတွေမို့ အခု မေးလိုက်ကြပါစို့။

Yoe Lu (Akhayar)

www.akhayar.com