[Zawgyi]

အသက္ ၂ဝေက်ာ္လာရင္ ဘာေတြလုပ္ရမလဲ

တကယ္ေတာ့ “သူေဌးျဖစ္မယ္၊ ေခြးျဖစ္မယ္” ဆုိတာ အသက္၂ဝေက်ာ္အရြယ္ကတည္းကပဲ ဆုံးျဖတ္ၿပီးသားပါ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ အသက္၂ဝေက်ာ္အရြယ္ဆုိတာ ဘဝတစ္ေလ်ွာက္လုံးမွာ ေအာင္ျမင္မႈေတြ ဆြတ္ခူးႏုိင္ဖုိ႔အတြက္ အေလ့အက်င့္ေကာင္းေတြ စတင္ေမြးျမဴသင့္တဲ့အရြယ္ ျဖစ္လုိ႔ပါ။ စဥ္းစားဆင္ျခင္ဥာဏ္ရွိသင့္တဲ့ အသက္၂ဝေက်ာ္အရြယ္မွာ ဗရုတ္သုတ္ခေတြလုပ္ေနရင္ေတာ့ ဆင္စီးျမင္းရံမျဖစ္ဘဲ ဆင္းနင္းျမင္းကန္ခံရမွာ ေသခ်ာပါတယ္။ ကဲ . . တစ္သက္လုံးေရႊထီးေဆာင္းဖုိ႔ အသက္ ၂ဝေက်ာ္လာရင္ ဒါေတြကုိ မျဖစ္မေနလုပ္ၾကည့္လုိက္ပါ။

၁။ ေလ့လာသင္ယူပါ။

လူ႕ဘဝဆုိတာ ေလ့လာသင္ယူေနရတာ ကုန္တယ္လုိ႔ကုိ မရွိပါဘူး။ ဒီလုိေျပာလုိက္လုိ႔လည္း အလုပ္ထြက္ၿပီး MBA သြားတက္မေနနဲ႔ဦး။ အလုပ္တစ္ဖက္က ဝင္ေငြလည္း ရွာရင္း ကုိယ့္အတြက္ သင့္ေတာ္တဲ့ပညာရပ္ေတြကုိ ဆည္းပူးႏုိင္ရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ။ သင္တန္းတက္ဖုိ႔အခ်ိန္မရွိဘူးဆုိရင္ေတာင္ Online ေပၚမွာ ေလ့လာလုိ႔ရတဲ့ သင္တန္းေတြအမ်ားႀကီးရွိပါေသးတယ္။

၂။ စုေဆာင္းပါ၊ ရင္းႏွီးျမွပ္ႏွံပါ။

ပုိက္ဆံစုဖုိ႔ ေနေနသာသာ အိမ္ကေတာင္ ျပန္ေတာင္းေနရရင္ အလုပ္မျဖစ္ေတာ့ဘူးဗ်။ အဲဒီေတာ့ ဝင္ေငြရဲ႕ ၃ပုံ၁ပုံကုိ စုထားေပေရာ့။ တကယ္လုိ႔ အသက္၂ဝကေနစၿပီး တစ္လကုိ ၁သိန္းစုမယ္ဆုိရင္ေတာင္ အသက္၄၅ႏွစ္အရြယ္ဆုိရင္ သိန္း၃ဝဝျဖစ္ေနၿပီေလ။ ဒါက ဥပမာေျပာတာပါ။ ပုိက္ဆံေလး စုမိေဆာင္းမိျဖစ္ရင္ေတာ့ ကုိယ္ပုိင္ရင္းႏွီးျမွပ္ႏွံဖုိ႔ မေမ့ပါနဲ႔ေနာ္။

၃။ အမွားလုပ္ဖုိ႔ မေၾကာက္ပါနဲ႔။

ေရြ႕လ်ားေနတဲ့ လူတစ္ေယာက္အတြက္ အမွားဆုိတာလည္း ေတြ႕ၾကံဳမွာပဲ။ လူေတြက ထူးျခားတဲ့ေျပာင္းလဲမႈမ်ိဳးကုိ အမွားေတြမ်ား ျဖစ္ကုန္မလားဆုိၿပီး လန္႔ၾကပါတယ္။ အမွားေတြျဖစ္ၿပီး က်ရႈံးသြားမွာ မေၾကာက္ပါနဲ႔။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ဘယ္ႏွစ္ႀကိမ္က်ရႈံးခဲ့လဲဆုိတာထက္ ဘယ္ေလာက္ေအာင္ျမင္ခ့ဲတာလဲဆုိတာကုိ လူေတြက ပုိၿပီးအာရုံစုိက္လုိ႔ပါ။

၄။ မွတ္စုေရးပါ။

လုပ္ငန္းခြင္မွာ ကုိယ္လုပ္ခ်င္တဲ့အေၾကာင္းအရာေတြ၊ ျဖစ္ခ်င္တဲ့ရည္မွန္းခ်က္ေတြကုိ စာအုပ္ထဲမွာ ခ်ေရးလုိက္ပါ။ ဒီလုိခ်ေရးလုိက္တာက ကုိယ္လုပ္ခ်င္တဲ့ အေတြးေတြ၊ စိတ္ကူးေတြကုိ ထုတ္ေဖာ္ျပသဖုိ႔အေကာင္းဆုံးနည္းလမ္းျဖစ္ရုံမက ဆန္းသစ္တီထြင္ဥာဏ္ေတြလည္း ကြန္႔ျမဴးလာမွာျဖစ္ပါတယ္။

၅။ ကုိယ္ပုိင္အိပ္မက္ရွိပါေစ။

ကုိယ္နဲ႔သက္တူရြယ္တူ၊ လုပ္ေဖာ္ကုိင္ဖက္ေတြက ဌာနဆုိင္ရာအသီးသီးမွာ ရာထူးအႀကီးႀကီးေတြ ရကုန္ၾကၿပီ၊ ကုိယ္က ဘာေကာင္မွမဟုတ္ေသးလုိ႔လည္း အားငယ္စရာမဟုတ္ပါဘူး။ လူဆုိတာ ကုိယ္ပုိင္လမ္းေၾကာင္းမွာ ကုိယ့္စိတ္ကူးအိပ္မက္ေတြကုိပဲ အာရုံစုိက္သင့္တာ။ အဲဒီေတာ့ ကုိယ့္အိပ္မက္ေတြကုိ အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ လုပ္စရာရွိတာသာ လုပ္၊ ဘာမွအားမငယ္နဲ႔ ရဲေဘာ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အသက် ၂ဝကျော်လာရင် ဘာတွေလုပ်ရမလဲ

တကယ်တော့ “သူဌေးဖြစ်မယ်၊ ခွေးဖြစ်မယ်” ဆိုတာ အသက်၂ဝကျော်အရွယ်ကတည်းကပဲ ဆုံးဖြတ်ပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ အသက်၂ဝကျော်အရွယ်ဆိုတာ ဘဝတစ်လျှောက်လုံးမှာ အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် အလေ့အကျင့်ကောင်းတွေ စတင်မွေးမြူသင့်တဲ့အရွယ် ဖြစ်လို့ပါ။ စဉ်းစားဆင်ခြင်ဉာဏ်ရှိသင့်တဲ့ အသက်၂ဝကျော်အရွယ်မှာ ဗရုတ်သုတ်ခတွေလုပ်နေရင်တော့ ဆင်စီးမြင်းရံမဖြစ်ဘဲ ဆင်းနင်းမြင်းကန်ခံရမှာ သေချာပါတယ်။ ကဲ . . တစ်သက်လုံးရွှေထီးဆောင်းဖို့ အသက် ၂ဝကျော်လာရင် ဒါတွေကို မဖြစ်မနေလုပ်ကြည့်လိုက်ပါ။

၁။ လေ့လာသင်ယူပါ။

လူ့ဘဝဆိုတာ လေ့လာသင်ယူနေရတာ ကုန်တယ်လို့ကို မရှိပါဘူး။ ဒီလိုပြောလိုက်လို့လည်း အလုပ်ထွက်ပြီး MBA သွားတက်မနေနဲ့ဦး။ အလုပ်တစ်ဖက်က ဝင်ငွေလည်း ရှာရင်း ကိုယ့်အတွက် သင့်တော်တဲ့ပညာရပ်တွေကို ဆည်းပူးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ သင်တန်းတက်ဖို့အချိန်မရှိဘူးဆိုရင်တောင် Online ပေါ်မှာ လေ့လာလို့ရတဲ့ သင်တန်းတွေအများကြီးရှိပါသေးတယ်။

၂။ စုဆောင်းပါ၊ ရင်းနှီးမြှပ်နှံပါ။

ပိုက်ဆံစုဖို့ နေနေသာသာ အိမ်ကတောင် ပြန်တောင်းနေရရင် အလုပ်မဖြစ်တော့ဘူးဗျ။ အဲဒီတော့ ဝင်ငွေရဲ့ ၃ပုံ၁ပုံကို စုထားပေရော့။ တကယ်လို့ အသက်၂ဝကနေစပြီး တစ်လကို ၁သိန်းစုမယ်ဆိုရင်တောင် အသက်၄၅နှစ်အရွယ်ဆိုရင် သိန်း၃ဝဝဖြစ်နေပြီလေ။ ဒါက ဥပမာပြောတာပါ။ ပိုက်ဆံလေး စုမိဆောင်းမိဖြစ်ရင်တော့ ကိုယ်ပိုင်ရင်းနှီးမြှပ်နှံဖို့ မမေ့ပါနဲ့နော်။

၃။ အမှားလုပ်ဖို့ မကြောက်ပါနဲ့။

ရွေ့လျားနေတဲ့ လူတစ်ယောက်အတွက် အမှားဆိုတာလည်း တွေ့ကြုံမှာပဲ။ လူတွေက ထူးခြားတဲ့ပြောင်းလဲမှုမျိုးကို အမှားတွေများ ဖြစ်ကုန်မလားဆိုပြီး လန့်ကြပါတယ်။ အမှားတွေဖြစ်ပြီး ကျရှုံးသွားမှာ မကြောက်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်နှစ်ကြိမ်ကျရှုံးခဲ့လဲဆိုတာထက် ဘယ်လောက်အောင်မြင်ခဲ့တာလဲဆိုတာကို လူတွေက ပိုပြီးအာရုံစိုက်လို့ပါ။

၄။ မှတ်စုရေးပါ။

လုပ်ငန်းခွင်မှာ ကိုယ်လုပ်ချင်တဲ့အကြောင်းအရာတွေ၊ ဖြစ်ချင်တဲ့ရည်မှန်းချက်တွေကို စာအုပ်ထဲမှာ ချရေးလိုက်ပါ။ ဒီလိုချရေးလိုက်တာက ကိုယ်လုပ်ချင်တဲ့ အတွေးတွေ၊ စိတ်ကူးတွေကို ထုတ်ဖော်ပြသဖို့အကောင်းဆုံးနည်းလမ်းဖြစ်ရုံမက ဆန်းသစ်တီထွင်ဉာဏ်တွေလည်း ကွန့်မြူးလာမှာဖြစ်ပါတယ်။

၅။ ကိုယ်ပိုင်အိပ်မက်ရှိပါစေ။

ကိုယ်နဲ့သက်တူရွယ်တူ၊ လုပ်ဖော်ကိုင်ဖက်တွေက ဌာနဆိုင်ရာအသီးသီးမှာ ရာထူးအကြီးကြီးတွေ ရကုန်ကြပြီ၊ ကိုယ်က ဘာကောင်မှမဟုတ်သေးလို့လည်း အားငယ်စရာမဟုတ်ပါဘူး။ လူဆိုတာ ကိုယ်ပိုင်လမ်းကြောင်းမှာ ကိုယ့်စိတ်ကူးအိပ်မက်တွေကိုပဲ အာရုံစိုက်သင့်တာ။ အဲဒီတော့ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ လုပ်စရာရှိတာသာ လုပ်၊ ဘာမှအားမငယ်နဲ့ ရဲဘော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။