DJI ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Osmo Pocket Camera နဲ့ အောင်မြင်မှုတွေရရှိပြီး အခုအချိန်မှာတော့ Action Camera တွေထဲမှာ နာမည်ကြီးဖြစ်တဲ့ GoPro တွေကို စိန်ခေါ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒါကတော့ DJI ကနေ Osmo Action Camera ကို မိတ်ဆက်လိုက်ပြီဖြစ်လို့ပါ။

အခု DJI Osmo Action Camera က ထူးခြားချက်အနေနဲ့ Display ကို နောက်ကျောဘက်မှာ 2.25″ Display ပါတာတင်မဟုတ်ဘဲ အရှေ့ဘက်မှာပါ 1.4″ Full Color Display တစ်ခုကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် GoPro လိုမျိုး Setting တွေတင်မြင်ရမှာမဟုတ်ဘဲ ကိုယ့်ရဲ့ Live Preview ကိုပါ အရှေ့ဘက်က Display မှာ တခါတည်းမြင်နေရမှာပါ။

Osmo Action Camera

Camera Sensor အနေနဲ့ကတော့ 1/2.3″ Size ရှိတဲ့ 12MP CMOS Sensor ကို အသုံးပြုထားပြီး 4K 60fps Video ကို 100Mbps Bitrate နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 4K HDR Video ကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး Full HD သို့ HD Video ကိုလည်း 240fps Slowmotion အနေနဲ့ ရိုက်ကူးနိုင်မှာပါ။ နောက်ပြီးတော့ DJI ရဲ့ RockSteady Electronic Image Stabilization Feature အသစ်ကိုလည်း ထည့်သွင်းပေးခဲ့ပါသေးတယ်။

Osmo Action Camera

ပိုပြီးကောင်းမွန်တဲ့အချက်တွေကတော့ အခု DJI Osmo Action Camera က သီးသန့် Accessories တွေမလိုအပ်ဘဲ ရေစိုခံတဲ့အပြင် GoPro Mount ကိုပဲ အသုံးပြုထားတဲ့အတွက် GoPro ရဲ့ Accessories တွေအကုန်လုံးကိုလည်း အသုံးပြုနိုင်ဦးမှာပါ။ ဒါ့အပြင် USB-C ကို အသုံးပြုထားပြီး Mic Adapter ၊ ND ၊ Polarizer နဲ့ Underwater Filter တွေကိုပါ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Osmo Action Camera

အခု DJI Osmo Action Camera က ဈေးနှုန်းအနေနဲ့ GoPro Hero 7 ထက် သက်သာတဲ့ $349 နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီးတော့ လာမယ့်မေလ ၂၂ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref : GSMArena