Drone ေလာကရဲ႕ ဘုရင္တစ္ပါးျဖစ္တဲ့ DJI ဟာ မႏွစ္တုန္းက Mavic Pro Drone ကို ထုတ္လုပ္ခဲ့ျပီး စြမ္းေဆာင္ရည္ျမင့္မားျပီး အလြယ္တကူသယ္ေဆာင္သြားႏိုင္တဲ့ Portable Drone အမ်ိဳးအစားသစ္ကို စတင္မိတ္ဆက္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ DJI Mavic Pro ဟာ ယခင္ရွိျပီးသား Phamton Series Drone ေတြထက္ေတာင္ ပိုျပီး ေရြးခ်ယ္လာၾကတဲ့ Drone တစ္ခုျဖစ္လာျပီလုိ႔ ေျပာႏုိင္ပါတယ္။

DJI Mavic Pro

အဲ့ဒီအတြက္ DJI ဟာ အခုလုိ စစျခင္း ထုတ္လုပ္တဲ့ Product နဲ႔တင္ေအာင္ျမင္မႈရသြားတဲ့ Mavic Lineup ကို ေနာက္ထပ္ မ်ိဳးဆက္သစ္ Mavic 2 Drone နဲ႔ ထပ္ျပီး မိတ္ဆက္သြားဖုိ႔ စဥ္းစားေနပံုပါပဲ။ လက္ရွိ သိရတဲ့သတင္းေတြအရ DJI ဟာ အဆင့္ျမွင့္တင္ထားတဲ့ Features ေတြအမ်ားအျပားနဲ႔ Mavic 2 Drone ကို ထုတ္လုပ္ေနမႈက အျပီးသတ္ေနျပီလို႔ သိရပါတယ္။

DJI Mavic 2 Leak

DJI ရဲ႕ Mavic 2 Drone အသစ္က ယခင္ Mavic Pro ထက္ ပိုျပီး လွပတဲ့ ကုိယ္ထည္ဒီဇုိင္းကို အသံုးျပဳလာမွာျဖစ္ျပီးေတာ့ ယခင္ Mavic Pro လုိမ်ိဳးပဲ ေခါက္ထားႏုိင္မယ္လုိ႔ ယူဆရပါတယ္။ Fans ေတြအတြက္ Motors ေတြက ယခင္ Mavic Pro ထက္ ပိုျပီး ၾကီးေနတဲ့အတြက္ စြမ္းေဆာင္ရည္ပုိင္းမွာ သိသိသာသာပိုျပီး တုိးတက္လာႏုိင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ DJI ကေန Camera နဲ႔ Gimbal အပိုင္းေတြပဲျဖစ္ျပီးေတာ့ DJI ဟာ ယခု Mavic 2 Drone မွာ ျဖဳတ္ႏုိင္တပ္ႏိုင္တဲ့ Gimbal နဲ႔ Camera ေတြကို အသံုးျပဳလာမယ့္ပံုပါပဲ။ အဲ့ဒီအတြက္ GoPro ရဲ႕ Drone လုိမ်ိဳး Drone အေနနဲ႔ အသံုးမျပဳခ်င္တဲ့အခ်ိန္မွာ Gimbal အေနနဲ႔ပါ ဓါတ္ပံုရုိက္လာႏုိင္ဖုိ႔ ရွိပါတယ္။ ဒါ့အျပင္ မတူညီတဲ့ Camera Lens ေတြကိုပါ ထည့္သြင္းျပီး လဲလွယ္လာႏုိင္ပါေသးတယ္။

DJI Mavic Pro

DJI အေနနဲ႔ အခု Mavic 2 Drone မွာ မိတ္ဆက္လာႏုိင္တဲ့ Features အသစ္တစ္ခုကေတာ့ 360 Degree Sensors ေတြျဖစ္ျပီးေတာ့ အခု Mavic 2 Drone ရဲ႕ ေဘးပတ္ပတ္လည္မွာ ကင္မရာေတြအျပင္ Sensor ေတြတပ္ဆင္ထားျပီးေတာ့ Drone ကို ေရာက္ရွိေနတဲ့ေနရာမွာ အထိအခိုက္မရွိဘဲ ပတ္ဝန္းက်င္ကိုပါ 3D Mapping ျပဳလုပ္ႏုိင္ေစမယ္လို႔ ယူဆရပါတယ္။

ဘာပဲျဖစ္ျဖစ္ DJI ဟာ မႏွစ္က Mavic Pro ရဲ႕ ေအာင္ျမင္မႈကို ေက်ာ္လႊားႏုိင္တဲ့ Features အသစ္အဆန္းေတြနဲ႔ Mavic 2 Drone ကို ထုတ္လုပ္သြားမယ္ဆိုတာကေတာ့ က်ိန္းေသေနပါျပီ။

Ref : Slash Gear

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Drone လောကရဲ့ ဘုရင်တစ်ပါးဖြစ်တဲ့ DJI ဟာ မနှစ်တုန်းက Mavic Pro Drone ကို ထုတ်လုပ်ခဲ့ပြီး စွမ်းဆောင်ရည်မြင့်မားပြီး အလွယ်တကူသယ်ဆောင်သွားနိုင်တဲ့ Portable Drone အမျိုးအစားသစ်ကို စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် DJI Mavic Pro ဟာ ယခင်ရှိပြီးသား Phamton Series Drone တွေထက်တောင် ပိုပြီး ရွေးချယ်လာကြတဲ့ Drone တစ်ခုဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။

DJI Mavic Pro

အဲ့ဒီအတွက် DJI ဟာ အခုလို စစခြင်း ထုတ်လုပ်တဲ့ Product နဲ့တင်အောင်မြင်မှုရသွားတဲ့ Mavic Lineup ကို နောက်ထပ် မျိုးဆက်သစ် Mavic 2 Drone နဲ့ ထပ်ပြီး မိတ်ဆက်သွားဖို့ စဉ်းစားနေပုံပါပဲ။ လက်ရှိ သိရတဲ့သတင်းတွေအရ DJI ဟာ အဆင့်မြှင့်တင်ထားတဲ့ Features တွေအများအပြားနဲ့ Mavic 2 Drone ကို ထုတ်လုပ်နေမှုက အပြီးသတ်နေပြီလို့ သိရပါတယ်။

DJI Mavic 2 Leak

DJI ရဲ့ Mavic 2 Drone အသစ်က ယခင် Mavic Pro ထက် ပိုပြီး လှပတဲ့ ကိုယ်ထည်ဒီဇိုင်းကို အသုံးပြုလာမှာဖြစ်ပြီးတော့ ယခင် Mavic Pro လိုမျိုးပဲ ခေါက်ထားနိုင်မယ်လို့ ယူဆရပါတယ်။ Fans တွေအတွက် Motors တွေက ယခင် Mavic Pro ထက် ပိုပြီး ကြီးနေတဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာပိုပြီး တိုးတက်လာနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ DJI ကနေ Camera နဲ့ Gimbal အပိုင်းတွေပဲဖြစ်ပြီးတော့ DJI ဟာ ယခု Mavic 2 Drone မှာ ဖြုတ်နိုင်တပ်နိုင်တဲ့ Gimbal နဲ့ Camera တွေကို အသုံးပြုလာမယ့်ပုံပါပဲ။ အဲ့ဒီအတွက် GoPro ရဲ့ Drone လိုမျိုး Drone အနေနဲ့ အသုံးမပြုချင်တဲ့အချိန်မှာ Gimbal အနေနဲ့ပါ ဓါတ်ပုံရိုက်လာနိုင်ဖို့ ရှိပါတယ်။ ဒါ့အပြင် မတူညီတဲ့ Camera Lens တွေကိုပါ ထည့်သွင်းပြီး လဲလှယ်လာနိုင်ပါသေးတယ်။

DJI Mavic Pro

DJI အနေနဲ့ အခု Mavic 2 Drone မှာ မိတ်ဆက်လာနိုင်တဲ့ Features အသစ်တစ်ခုကတော့ 360 Degree Sensors တွေဖြစ်ပြီးတော့ အခု Mavic 2 Drone ရဲ့ ဘေးပတ်ပတ်လည်မှာ ကင်မရာတွေအပြင် Sensor တွေတပ်ဆင်ထားပြီးတော့ Drone ကို ရောက်ရှိနေတဲ့နေရာမှာ အထိအခိုက်မရှိပဲ ပတ်ဝန်းကျင်ကိုပါ 3D Mapping ပြုလုပ်နိုင်စေမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် DJI ဟာ မနှစ်က Mavic Pro ရဲ့ အောင်မြင်မှုကို ကျော်လွှားနိုင်တဲ့ Features အသစ်အဆန်းတွေနဲ့ Mavic 2 Drone ကို ထုတ်လုပ်သွားမယ်ဆိုတာကတော့ ကျိန်းသေနေပါပြီ။

Ref : Slash Gear

Zawyè (Akhayar) 

www.akhayar.com