DJI Spark Drone

DJI ကေနာက္ဆံုးထုတ္လုပ္ထားတဲ့ Spark အမည္ရွိတဲ့ Drone ယာဥ္ဟာ အရြယ္အစားေသးငယ္ျပီး ေစ်းႏႈန္းအေနနဲ႔လည္း ၄၉၉ ေဒၚလာနဲ႔ပဲေရာင္းခ်တာျဖစ္တဲ့အတြက္ေၾကာင့္ အေပ်ာ္တမ္းရုိက္ကူးခ်င္တဲ့သူေတြအတြက္ စိတ္ဝင္စားမႈမ်ားျပားတဲ့ Drone တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ Spark Drone ေတြ ပ်ံသန္းေနတုန္း ပါဝါျပတ္ေတာက္သြားျပီး ပ်က္က်တာေတြျဖစ္ပြားခဲ့တဲ့အတြက္ေၾကာင့္ DJI ကေန Spark Drone ေတြကို Firmware Update မျပဳလုပ္ဘူးဆုိရင္ စက္တင္ဘာလ ၁ ရက္ေန႔ကစတင္ျပီး ပ်ံသန္းႏုိင္မွာမဟုတ္ဘူးလုိ႔ ေၾကျငာလုိက္ပါတယ္။


DJI ရဲ႕ ေျပာၾကားခ်က္အရေတာ့ ယခုလို Firmware Update ကို မလုပ္မေနရအေနနဲ႔ ျပဳလုပ္ရတာဟာ သူတုိ႔ရဲ႕ ေကာင္းမြန္တဲ့ ကုန္ပစၥည္းအေပၚယံုၾကည္စိတ္ခ်ရမႈရရွိဖုိ႔နဲ႔ ပ်ံသန္းေနတဲ့ ခရီးစဥ္မွာ အႏၱရာယ္မရွိေစဖုိ႔ကို ဦးစားေပးေဆာင္ရြက္ရတာျဖစ္တဲ့လုိ႔ ေျပာၾကားခဲ့ပါတယ္။

အခုလုိ အရြယ္အစားေသးငယ္တဲ့ Drone ေတြပ်က္က်ရတာဟာ ပထမဆံုးမဟုတ္ပဲ DJI ရဲ႕ ျပိဳင္ဘက္လုိ႔ေျပာလုိ႔ ေျပာလုိ႔ရတဲ့ GoPro ရဲ႕ Karma Drone ကလည္း အလားတူ ပ်ံသန္းစဥ္ ပ်က္က်တဲ့ ျဖစ္စဥ္အခ်ိဳ႕ေၾကာင့္ သူရဲ႕ Drone ေတြကို ျပန္လည္ရုိတ္သိမ္းရတဲ့အထိ ျဖစ္ခဲ့ပါေသးတယ္။

GoPro Karma Drone

DJI ကုမၸဏီဟာ လက္ရွိ Drone ထုတ္လုပ္တဲ့ကုမၸဏီေတြထဲမွာ အၾကီးမားဆံုး နဲ႔ နာမည္အၾကီးဆံုး ကုမၸဏီျဖစ္ျပီး အခုလုိ ပ်က္က်တဲ့ကိစၥျဖစ္ရတာဟာ သူရဲ႕ သမိုင္းေၾကာင္းမွာ ရွားပါးတယ္လုိ႔ေတာင္ေျပာလုိ႔ရပါတယ္။ ဘာပဲျဖစ္ျဖစ္ သင့္မွာ DJI Spark Drone ရွိတယ္ဆုိရင္ Mobile Application ျဖစ္တဲ့ DJI Go 4 App နဲ႔ ခ်ိတ္ဆက္ျပီးပဲျဖစ္ျဖစ္၊ Spark Drone ကို ကြန္ပ်ဴတာနဲ႔ ခ်ိတ္ဆက္ျပီး DJI Assistant 2 Desktop Application ကေနပဲျဖစ္ျဖစ္ Firmware Update ျပဳလုပ္ျပီး ဆက္လက္အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

DJI Spark Drone

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

HGID_KV_Ads_Square

[Unicode]

DJI Spark Drone

DJI ကနောက်ဆုံးထုတ်လုပ်ထားတဲ့ Spark အမည်ရှိတဲ့ Drone ယာဉ်ဟာ အရွယ်အစားသေးငယ်ပြီး ဈေးနှုန်းအနေနဲ့လည်း ၄၉၉ ဒေါ်လာနဲ့ပဲရောင်းချတာဖြစ်တဲ့အတွက်ကြောင့် အပျော်တမ်းရိုက်ကူးချင်တဲ့သူတွေအတွက် စိတ်ဝင်စားမှုများပြားတဲ့ Drone တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ Spark Drone တွေ ပျံသန်းနေတုန်း ပါဝါပြတ်တောက်သွားပြီး ပျက်ကျတာတွေဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် DJI ကနေ Spark Drone တွေကို Firmware Update မပြုလုပ်ဘူးဆိုရင် စက်တင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ပျံသန်းနိုင်မှာမဟုတ်ဘူးလို့ ကြေငြာလိုက်ပါတယ်။

DJI ရဲ့ ပြောကြားချက်အရတော့ ယခုလို Firmware Update ကို မလုပ်မနေရအနေနဲ့ ပြုလုပ်ရတာဟာ သူတို့ရဲ့ ကောင်းမွန်တဲ့ ကုန်ပစ္စည်းအပေါ်ယုံကြည်စိတ်ချရမှုရရှိဖို့နဲ့ ပျံသန်းနေတဲ့ ခရီးစဉ်မှာ အန္တရာယ်မရှိစေဖို့ကို ဦးစားပေးဆောင်ရွက်ရတာဖြစ်တဲ့လို့ ပြောကြားခဲ့ပါတယ်။

အခုလို အရွယ်အစားသေးငယ်တဲ့ Drone တွေပျက်ကျရတာဟာ ပထမဆုံးမဟုတ်ပဲ DJI ရဲ့ ပြိုင်ဘက်လို့ပြောလို့ ပြောလို့ရတဲ့ GoPro ရဲ့ Karma Drone ကလည်း အလားတူ ပျံသန်းစဉ် ပျက်ကျတဲ့ ဖြစ်စဉ်အချို့ကြောင့် သူရဲ့ Drone တွေကို ပြန်လည်ရိုတ်သိမ်းရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။

GoPro Karma Drone

DJI ကုမ္ပဏီဟာ လက်ရှိ Drone ထုတ်လုပ်တဲ့ကုမ္ပဏီတွေထဲမှာ အကြီးမားဆုံး နဲ့ နာမည်အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး အခုလို ပျက်ကျတဲ့ကိစ္စဖြစ်ရတာဟာ သူရဲ့ သမိုင်းကြောင်းမှာ ရှားပါးတယ်လို့တောင်ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်မှာ DJI Spark Drone ရှိတယ်ဆိုရင် Mobile Application ဖြစ်တဲ့ DJI Go 4 App နဲ့ ချိတ်ဆက်ပြီးပဲဖြစ်ဖြစ်၊ Spark Drone ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး DJI Assistant 2 Desktop Application ကနေပဲဖြစ်ဖြစ် Firmware Update ပြုလုပ်ပြီး ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

DJI Spark Drone

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com