လက်ရှိမှာ Drone တွေအပြင် Camera Stabilizer တွေမှာ နာမည်ရနေတဲ့ DJI ကနေ အခုအချိန်မှာ စမတ်ဖုန်းတွေနဲ့ တွဲသုံးဖို့အတွက် Osmo Mobile 3 Gimbal အသစ်ကို မိတ်ဆက်ဆက်ပေးလိုက်ပါပြီ။

အခုထွက်လာတဲ့ Osmo Mobile 3 က ဈေးနှုန်းအနေနဲ့ $119 သာကျသင့်မှာဖြစ်ြပီးတော့ Tripod နဲ့ Carrying Case ပါတဲ့ Combo Pack Version ကို $139 နဲ့ ရောင်းချသွားမှာပဲဖြစ်ပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Osmo Mobile 3 က ယခင်တုန်းကထွက်ရှိခဲ့တဲ့ Osmo Mobile 1 နဲ့ Mobile 2 ထက် ပိုသေးငယ်မှာဖြစ်ပြီး အလွယ်တကူသယ်သွားနိုင်ဖို့အတွက် ခေါက်ချိုးပြီး သိမ်းလို့လည်းရဦးမှာဖြစ်ပါတယ်။ DJI ရဲ့ ပြောကြားချက်အရတော့ အခု Osmo Mobile 3 ကို One Hand ကောင်းကောင်းအသုံးပြုနိုင်ဖို့အတွက် Control တွေကိုပါ ပြောင်းလဲထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အခုလိုမျိုး Folding Design ဖြစ်သွားတဲ့အတွက် စမတ်ဖုန်းတွေကို အားသွင်းဖို့ပဲဖြစ်ဖြစ် External Microphone တပ်ချင်တာပဲဖြစ်ဖြစ် ပြုလုပ်ချင်တယ်ဆိုရင်လည်း ပိုလွယ်ကူသွားပြီဖြစ်ပါတယ်။ Battery Life အနေနဲ့လည်း တစ်ကြိမ်အားအပြည့်သွင်းထားတယ်ဆိုရင် ၁၅ နာရီဆက်တိုက်အသုံးပြုနိုင်မှာပါ။ ပြန်အားသွင်းတဲ့အချိန်မှာလည်း USB-C နဲ့ဖြစ်သွားပါပြီ။

နောက်ပြီး Osmo Mobile 3 မှာ Facebook Live Video တွေအတွက် Portrait နဲ့ Landscape Mode ကို “mode” Button ကို ၃ ချက်နှိပ်လိုက်တာနဲ့ အလိုအလျောက်ပြုလုပ်ပေးမယ့် Feature ထည့်သွင်းပေးထားပါတယ်။ DJI ရဲ့ Computer Vision Tracking System ဖြစ်တဲ့ Active Track အပြင် Time-lapse ၊ Hyperlapse ၊ Panorama ၊ Gesture Control လို Feature တွေ၊ Beginner တွေအတွက် ရိုက်ကူးထားတဲ့ Footage တွေကို အလိုအလျောက် Edit ဖြတ်ပေးမယ့် “Story Mode” Feature တွေပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် စမတ်ဖုန်းနဲ့ Video ရိုက်ရတာသဘောကျတဲ့သူတွေအတွက်ကတော့ အခု DJI Osmo Mobile 3 က တော်တော်လေးကိုအဆင်ပြေမှာပါ။

Ref : The Verge