Professional DJ တစ္ေယာက္ျဖစ္တဲ့ DJ RUSH ကို ခု ရန္ကုန္မွာ လတ္တေလာ တဟုန္ထိုးေခတ္စားလာတဲ့ EDM ပြဲေတြ အေပၚ သူ႔ရဲ့ အျမင္ကို ေမးျမန္းၾကည့္တဲ့ အခါမွာေတာ့…

“ခုေခတ္စားေနတဲ့ EDM ပြဲေတြအေပၚ အျမင္ဆိုရင္ေတာ့ EDM ပြဲေတြလုပ္တာ ေကာငး္ပါတယ္၊ ကၽြန္ေတာ္တို႔လို Local DJ ေတြ အတြက္လည္း အမ်ားၾကီး အေတြ႔အၾကံဳရပါတယ္။ ရန္ကုန္မွာ ရွိတဲ့ EDM ပရိသတ္လူငယ္ေတြ အတြက္လည္း အမ်ားၾကီး အက်ိဳးရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ သူမ်ားႏုိင္ငံက EDM ပြဲေတြမွာဆုိရင္ လက္မွတ္ ၁ ေစာင္ကို  အနည္းဆံုး ၁ သိန္းေလာက္ေပးရမယ္။ ဒီမွာက်ေတာ့ ၃၊၄၊ ၅ ေသာငး္နဲ႔ ကမာၻေက်ာ္ဒီေဂ် ေလး ငါးေယာက္ကို တန္းစီျပီး ၾကည့္လို႔ ရတာေပ့ါ။ ဒါမိ်ိဳးအက်ိဳးေက်းဇူးေတြ ရွိေတာ့ ေကာင္းတယ္လို႔ ေျပာလို႔ ရပါတယ္။

ေနာက္ထပ္လည္း EDM ပြဲေတြ ထပ္ျပီး လုပ္ေစခ်င္ပါတယ္။ EDM ပြဲေတြ လုပ္တာနဲ႔အမွ် ကၽြန္ေတာ့္အျမင္ေျပာရရင္ရန္ကုန္မွာ ရွိတဲ့ တျခားရြက္ပုန္းသီး Producer ေတြကုိလညး္ ရွာရွာေဖြေဖြနဲ႔ Support လုပ္ေပးေစခ်င္ပါတယ္။ နီးစပ္ရာ .. အကုန္လံုးက Link ေတြနဲ႔ အလုပ္လုပ္ၾကတယ္ဆိုတာ မွန္ပါတယ္၊ ဒါေပမယ့္ တကယ့္ကို အရည္အခ်င္းရွိတဲ့ ရြက္ပုန္းသီး Electronic Dance Music ကို လုပ္တဲ့ အတီးသမားေတြ အမ်ားၾကီးပါ၊ အဲဒီလို အတီးသမားေတြကိုလည္း ရွာရွာေဖြေဖြနဲ႔ Support လုပ္ေပးမယ္ဆို ပိုေကာင္းမယ္လို႔ ထင္ျမင္မိပါတယ္။ ဒါကေတာ့ Local အတြက္ပါ။

ႏုိင္ငံျခား DJ ေတြနဲ႔ Local DJ ေတြနဲ႔ ပူးေပါငး္တင္ဆက္တဲ့ အခါမွာ ကၽြန္ေတာ္တို႔ Local DJ ေတြဟာ ပထမဦးဆံုး ႏုိင္ငံျခား DJ ေတြကို Support လုပ္တဲ့ ေနရာမွာ ၊ Warming Up လုပ္တဲ့ေနရာမွာ သီခ်င္းဖြင့္ၾကတဲ့အခါ အဲဒီလုိေနရာေတြမွာ ရြက္ပုန္းသီးအတီးသမားေတြ၊ ရြက္ပုန္းသီး EDM Producer ေတြကို ထပ္ျပီး Support လုပ္မယ္ဆိုရင္ ရသအသစ္ေလးေတြလည္း ရတာေပ့ါေနာ္။ က်န္တဲ့ အျမင္ကေတာ့ EDM ပြဲေတြ လုပ္တာ အရမ္းေကာငး္တယ္၊ ကၽြန္ေတာ္တို႔ ျမန္မာျပည္ ေခတ္မီတုိးတက္လာတယ္လို႔လည္း ျမင္ပါတယ္။

EDM ဆိုတာေတာ့ တကယ္တမ္းကေတာ့ အလြယ္ေျပာရရင္ ကြန္ပ်ဴတာနဲ႔ တီးတဲ့ Music ေပ့ါ၊ Electronic Music ေပါ့၊ သူ႔မွာ Acoustic ေတြ ထည့္လို႔ ေရာလို႔ ရတယ္၊ Music ကေတာ့ ပုံေသနည္း မရွိဘူး ၊မွန္ပါတယ္။ ဒါေပမယ့္ Electronic Dance Music ျဖစ္တဲ့အတြက္ အဓိက အသားေပးကေတာ့ Computer နဲ႔ပဲ အရာအားလံုးကို ဖန္တီးတဲ့ သီခ်င္းဂီတအမ်ိဳးအစားလို႔ပဲ သတ္မွတ္တယ္ေပ့ါ။ ေနာက္တစ္ခု EDM ရဲ့ ထူးျခားခ်က္ကေတာ့ တျခားသီခ်င္းေတြနဲ႔ မတူသလို၊ Chord ေတြ အမ်ားၾကီး မသံုးဘူး၊ ဒါေပမယ့္ အဓိကကေတာ့ Bounce ျဖစ္ေအာင္ေပါ့။ ျပီးေတာ့ EDM ဆိုတာ လူငယ္ဂီတအမ်ိဳးအစားတစ္ခုပါပဲ။

EDM ဆိုတာ ဘာကိုေခၚလဲဆိုရင္ေတာ့ ကၽြန္ေတာ္တို႔ အရင္က Hip Hop လိုမ်ိဳးေပါ့၊ ေဘာင္ခတ္ထားတာမရွိဘူး။လြတ္လပ္တယ္၊ ေပါ့ပါးတယ္။ ကၽြန္ေတာ္တို႔ လူငယ္ေတြအတြက္ေတာ့ ေပ်ာ္ရႊင္မႈတစ္ခုကို ေပးစြမ္းတဲ့ လြတ္လပ္တဲ့ ဂီတတစ္ခုလို႔ ေျပာရင္လညး္ မမွားဘူး၊ ကၽြန္ေတာ္ကေတာ့ အဲဒီလိုပဲ ထင္ျမင္မိပါတယ္”လို႔ ဖြင့္ဟသြားပါတယ္။

 

Unicode Version

Professional တစ်ယောက်ဖြစ်တဲ့ DJ RUSH ကို ခု ရန်ကုန်မှာ လတ်တလော တဟုန်ထိုးခေတ်စားလာတဲ့ EDM ပွဲတွေ အပေါ် သူ့ရဲ့ အမြင်ကို မေးမြန်းကြည့်တဲ့ အခါမှာတော့…

“ခုခေတ်စားနေတဲ့ EDM ပွဲတွေအပေါ် အမြင်ဆိုရင်တော့ EDM ပွဲတွေလုပ်တာ ကောင်းပါတယ်၊ ကျွန်တော်တို့လို Local DJ တွေ အတွက်လည်း အများကြီး အတွေ့အကြုံရပါတယ်။ ရန်ကုန်မှာ ရှိတဲ့ EDM ပရိသတ်လူငယ်တွေ အတွက်လည်း အများကြီး အကျိုးရှိပါတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံက EDM ပွဲတွေမှာဆိုရင် လက်မှတ် ၁ စောင်ကို အနည်းဆုံး ၁ သိန်းလောက်ပေးရမယ်။ ဒီမှာကျတော့ ၃၊၄၊ ၅ သောင်းနဲ့ ကမ္ဘာကျော်ဒီဂျေ လေး ငါးယောက်ကို တန်းစီပြီး ကြည့်လို့ ရတာပေ့ါ။ ဒါမျိုးအကျိုးကျေးဇူးတွေ ရှိတော့ ကောင်းတယ်လို့ ပြောလို့ ရပါတယ်။

နောက်ထပ်လည်း EDM ပွဲတွေ ထပ်ပြီး လုပ်စေချင်ပါတယ်။ EDM ပွဲတွေ လုပ်တာနဲ့အမျှ ကျွန်တော့်အမြင်ပြောရရင်ရန်ကုန်မှာ ရှိတဲ့ တခြားရွက်ပုန်းသီး Producer တွေကိုလည်း ရှာရှာဖွေဖွေနဲ့ Support လုပ်ပေးစေချင်ပါတယ်။ နီးစပ်ရာ .. အကုန်လုံးက Link တွေနဲ့ အလုပ်လုပ်ကြတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် တကယ့်ကို အရည်အချင်းရှိတဲ့ ရွက်ပုန်းသီး Electronic Dance Music ကို လုပ်တဲ့ အတီးသမားတွေ အများကြီးပါ၊ အဲဒီလို အတီးသမားတွေကိုလည်း ရှာရှာဖွေဖွေနဲ့ Support လုပ်ပေးမယ်ဆို ပိုကောင်းမယ်လို့ ထင်မြင်မိပါတယ်။ ဒါကတော့ Local အတွက်ပါ။

နိုင်ငံခြား DJ တွေနဲ့ Local DJ တွေနဲ့ ပူးပေါင်းတင်ဆက်တဲ့ အခါမှာ ကျွန်တော်တို့ Local DJ တွေဟာ ပထမဦးဆုံး နိုင်ငံခြား DJ တွေကို Support လုပ်တဲ့ နေရာမှာ ၊ Warming Up လုပ်တဲ့နေရာမှာ သီချင်းဖွင့်ကြတဲ့အခါ အဲဒီလိုနေရာတွေမှာ ရွက်ပုန်းသီးအတီးသမားတွေ၊ ရွက်ပုန်းသီး EDM Producer တွေကို ထပ်ပြီး Support လုပ်မယ်ဆိုရင် ရသအသစ်လေးတွေလည်း ရတာပေ့ါနော်။ ကျန်တဲ့ အမြင်ကတော့ EDM ပွဲတွေ လုပ်တာ အရမ်းကောင်းတယ်၊ ကျွန်တော်တို့ မြန်မာပြည် ခေတ်မီတိုးတက်လာတယ်လို့လည်း မြင်ပါတယ်။

EDM ဆိုတာတော့ တကယ်တမ်းကတော့ အလွယ်ပြောရရင် ကွန်ပျူတာနဲ့ တီးတဲ့ Music ပေ့ါ၊ Electronic Music ပေါ့၊ သူ့မှာ Acoustic တွေ ထည့်လို့ ရောလို့ ရတယ်၊ Music ကတော့ ပုံသေနည်း မရှိဘူး ၊မှန်တယ်။ ဒါပေမယ့် Electronic Dance Music ဖြစ်တဲ့အတွက် အဓိက အသားပေးကတော့ Computer နဲ့ပဲ အရာအားလုံးကို ဖန်တီးတဲ့ သီချင်းဂီတအမျိုးအစားလို့ပဲ သတ်မှတ်တယ်။ နောက်တစ်ခု EDM ရဲ့ ထူးခြားချက်ကတော့ တခြားသီချင်းတွေနဲ့ မတူသလို၊ Chord တွေ အများကြီး မသုံးဘူး၊ ဒါပေမယ့် အဓိကကတော့ Bounce ဖြစ်အောင်ပေါ့။ ပြီးတော့ EDM ဆိုတာ လူငယ်ဂီတအမျိုးအစားတစ်ခုပါပဲ။
EDM ဆိုတာ ဘာကိုခေါ်လဲဆိုရင်တော့ ကျွန်တော်တို့ အရင်က Hip Hop လိုမျိုးပေါ့၊ ဘောင်ခတ်ထားတာမရှိဘူး။လွတ်လပ်တယ်၊ ပေါ့ပါးတယ်။ ကျွန်တော်တို့ လူငယ်တွေအတွက်တော့ ပျော်ရွှင်မှုတစ်ခုကို ပေးစွမ်းတဲ့ လွတ်လပ်တဲ့ ဂီတတစ်ခုလို့ ပြောရင်လည်း မမှားဘူး၊ ကျွန်တော်ကတော့ အဲဒီလိုပဲ ထင်မြင်မိပါတယ်”လို့ ဖွင့်ဟသွားပါတယ်။

 

 

www.akhayar.com