DJ RUSH ရဲ့ အားလပ်ချိန်ဖြတ်သန်းပုံနဲ့ ရည်မှန်းချက်

 

အားလပ်ချိန်တွေကို ဘယ်လို ဖြတ်သန်းလေ့ရှိလဲဆိုတော့ မုန့်စားတယ်၊ ကလပ်သွားတယ်၊ သီချင်းနားထောင်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ရင် အရက်နည်းနည်းသောက်ဖြစ်တယ်။ အဓိကတော့ ကလပ်သွားတယ်၊လျှောက်သွားတယ်၊ လျှောက်စားတယ်က များပါတယ်။ တစ်ခါတလေကျတော့လည်း ခရီးသွားဖြစ်ပါတယ်။

အရမ်းဖြစ်ချင်ပြီး မလုပ်နိုင်သေးတဲ့ အရာတော့ ရှိပါတယ်။ မလုပ်နိုင်သေးဘူးဆိုတာထက် လုပ်ဖို့ အကြောင်းတရားရယ်၊ ကံတရားရယ် မဖြစ်လာသေးတာ ရှိတယ်။ ကျွန်တော် အနောက်နိုင်ငံကလိုမျိုး Quality ၊ အနောက်နိုင်ငံကလိုမျိုး Music Arrangement နဲ့ အချိန်ပေးပြီး Music တစ်ပုဒ်ဆို တစ်ပုဒ် သိသိသာသာလေး လုပ်ချင်တယ်။

အဲဒီအိပ်မက်တော့ ခုထိ မဖြစ်လာသေးဘူး။ ပေါက်လည်းပေါက်စေချင်တယ်ပေါ့နော်။ အဲ့ဒါကတော့ ကိုယ့်ရဲ့ ကံရော၊ အကြောင်းရော၊ နေရာရော၊ အချိန်ရော အများကြီးလိုပါလိမ့်မယ်။ ကျန်တာကတော့ အကုန်လုံး ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်ရတယ်လို့ သတ်မှတ်ပါတယ်။

 

www.akhayar.com