[ZawGyi]

နာမည္ႀကီး DJ ပညာရွင္ Avicii အသက္ ၂၈ ႏွစ္မွာ ကြယ္လြန္

ဆြီဒင္လူမ်ိဳး နာမည္ႀကီး DJ ပညာရွင္ Avicii (နာမည္အရင္း Tim Bergling) ဟာ အသက္ ၂၈ ႏွစ္အရြယ္ ဧၿပီလ ၂၀ ရက္ေန႔မြန္္းလြဲခ်ိန္မွာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း တရားဝင္သတင္းေၾကျငာခ်က္ေတြ ထြက္လာပါၿပီ။

“သူေသဆံုးသြားပါၿပီလို႔ ဒီလိုေၾကျငာရတာ ေတာ္ေတာ္ေလးဝမ္းနည္းဖြယ္ေကာင္းတဲ့ စကားပါ။ သူဟာ ဒီေန႔လည္ခင္းမြန္းလြဲခ်ိန္ကဘဲ Muscat, Oman မွာ ကြယ္လြန္သြားတာျဖစ္ပါတယ္။ မိသားစုတစ္ခုလံုး ဝမ္းနည္းေၾကကြဲေနၾကတာမို႔ ဒီလိုခက္ခဲတဲ့အေျခအေနမ်ိဳးမွာ သူတို႔ရဲ႕ Privacy ကို နားလည္မႈထားေပးပါ။ လတ္တေလာေတာ့ ဒီေလာက္ပါပဲ” ဆိုၿပီး Avicii ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ Diana Baron က ေျပာၾကားသြားခဲ့ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

Avicii ဟာ ၂၀၀ဝျပည့္ႏွစ္ေႏွာင္းပိုင္းေတြမွာ သူ႔ရဲ႕ ပထမဆံုးဂီတ ကို စတင္ျဖန္႔ေဝခဲ့တာျဖစ္ၿပီး အဲ့ေနာက္ 2011 ခုႏွစ္မွာ ထြက္ရွိလာတဲ့ “Levels” ဆိုတဲ့ သီခ်င္းနဲ႔ ဇာတိေျမ ဆြီဒင္မွာ နံပါတ္တစ္ခ်ိတ္ခဲ့ရံုသာမက U.S Billboard Dance Club Song Chart ေတြမွာပါ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။ 2012 မွာ DJ Artist တစ္ေယာက္ျဖစ္တဲ့ David Guetta နဲ႔တြဲဖက္ၿပီး ထုတ္ေဝခဲ့တဲ့ “Sunshine” ဆိုတဲ့ Track ရဲ႕ ေအာင္ျမင္မႈကလည္း Grammy စာရင္းမွာထိလ်ာထားျခင္း ခံခဲ့ရပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

2013 မွာေတာ့ “True” ဆိုတဲ့ Studio Albumn ထုတ္ေဝခဲ့ၿပီး အဲ့ဒီ့ Albumn ထဲမွာ Aloe Blacc နဲ႔တြဲဖက္ထားတဲ့ “Wake me up” ဆိုတဲ့သီခ်င္းဟာ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ နံပါတ္တစ္ခ်ိတ္တဲ့အျပင္ Billboard Hot 100 Songs မွာ နံပါတ္ ၄ ခ်ိတ္တဲ့အထိ အံ့မခန္း ပရိသတ္အားေပးမႈအႀကီးအက်ယ္ရရွိခဲ့ပါတယ္။ ဒုတိယ Albumn “Stories” ကိုေတာ့ ၂၀၁၅ မွာထုတ္ေဝခဲ့ၿပီး ၂၀၁၇ မွာ Rita Ora နဲ႔ Collaboration ျဖစ္တဲ့ “Lonely Together” ကို ထုတ္ေဝခဲ့တာျဖစ္ပါတယ္။

NEW YORK, NY – OCTOBER 01: Avicii performs at the MLB Fan Cave on October 1, 2013 in New York City. (Photo by Mike Lawrie/Getty Images)

သူ႔ရဲ႕ က်န္းမာေရးအေျခအေနကိုေတာ့ ခုလိုမကြယ္လြန္ခင္အထိ ဟိုးယခင္တည္းက ပရိသတ္အမ်ားအျပားသိေနၾကၿပီးျဖစ္ပါတယ္။ သူဟာ အရက္အလြန္အကြ်ံေသာက္မႈေၾကာင့္ ျပင္းထန္တဲ့ ပန္ခရိယေရာဂါကို ခံစားေနရတာျဖစ္ၿပီး ၂၀၁၄ မွာ အဲ႔ဒီ႔ေရာဂါေၾကာင့္ သည္းေျခအိတ္နဲ႔ အူအတက္ဖယ္ထုတ္လိုက္ရၿပီးေနာက္ပိုင္းမွာေတာ့ က်န္းမာေရးအေျခအေနေၾကာင့္ ႏိုင္ငံအႏွံ႔အျပားက သူ႔ရဲ႕ Show ပြဲေတြအားလံုးကို ဖ်က္သိမ္းလိုက္ရပါတယ္။

၂၀၁၆ခုႏွစ္၊ မတ္လ ၂၆ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တဲ့ ပရိသတ္အတြက္စာတစ္ေစာင္အရ Avicii ဟာ သူ႔ရဲ႕ က်န္းမာေရးအေျခအေနေၾကာင့္ Tour ေတြအားလံုးလွည့္လည္ေဖ်ာ္ေျဖျခင္းကို တျဖည္းျဖည္း အနားယူေတာ့မွာျဖစ္ၿပီး “ဒါေတြအားလံုးရဲ႕ အေၾကာင္းရင္းက ကြ်န္ေတာ့္ ဂီတေတြ၊ Show ပြဲေတြေၾကာင့္မဟုတ္ပါဘူး။ ကြ်န္ေတာ့္ပတ္ဝန္းက်င္မွာျဖစ္ပ်က္ေနတာေတြကိုက သဘာဝမက်၊ အဆင္မေျပဘူးလို႔ ခံစားရလို႔ပါ။ အႏုပညာရွင္၊ ဂီတပညာရွင္တစ္ေယာက္ျဖစ္လာခဲ့ရေပမယ့္ ပံုမွန္ကြ်န္ေတာ့္သြင္ျပင္ဟာ အမ်ားနဲ႔အမူအက်င့္မတူဘဲ သီးျခားေနထိုင္တတ္တဲ့ Introvert တစ္ေယာက္ပါ။ ဒါေတြအားလံုးဟာ ကြ်န္ေတာ့္အတြက္ ျဖတ္သန္းရေတာ္ေတာ္ခက္ခဲခဲ့ပါတယ္” လို႔ သူက ေျပာၾကားခဲ့ပါတယ္။

ငယ္ငယ္ရြယ္ရြယ္ ေအာင္ျမင္မႈေတြရေနဆဲအခ်ိန္မွာ လူ႔ေလာကထဲက စြန္႔ခြာခဲ့ရတာကေတာ့ ႏွေျမာတသစရာပါပဲ။ ခုဆိုရင္ ႏိုင္ငံအႏွံ႔အျပားက DJေတြ၊ အႏုပညာရွင္ေတြ၊ ပရိသတ္ေတြတိုင္းက သူ႔အတြက္ ေရးထားတဲ့ ေအာက္ေမ့သတိရစာေတြဟာ လူမႈကြန္ယက္ေပၚမွာေတာ့အျပည့္ပါပဲ။

ေရာဂါအေျခအေနေၾကာင့္ေသဆံုးမႈလား၊ တျခားအေၾကာင္းအရင္းေတြရွိေနေသးလားဆိုတာ ေသခ်ာမသိရေသးေပမယ့္ သူ႔ရဲ႕ပရိသတ္ေတြကေတာ့ သူဖန္တီးခဲ့တဲ့ သီခ်င္းေတြကို ျပန္လည္နားေထာင္ရင္း သူ႔ဂီတအႏုပညာကို လြမ္းဆြတ္တမ္းတေနၾကေတာ့မွာ အမွန္ပါပဲ။

EiEiKhineMinn (Akhayar)

Ref.Billboard.com (Photo credit)

[Unicode]

နာမည်ကြီး DJ ပညာရှင် Avicii အသက် ၂၈ နှစ်မှာ ကွယ်လွန်

ဆွီဒင်လူမျိုး နာမည်ကြီး DJ ပညာရှင် Avicii (နာမည်အရင်း Tim Bergling) ဟာ အသက် ၂၈ နှစ်အရွယ် ဧပြီလ ၂၀ ရက်နေ့မွန်းလွဲချိန်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း တရားဝင်သတင်းကြေငြာချက်တွေ ထွက်လာပါပြီ။

“သူသေဆုံးသွားပါပြီလို့ ဒီလိုကြေငြာရတာ တော်တော်လေးဝမ်းနည်းဖွယ်ကောင်းတဲ့ စကားပါ။ သူဟာ ဒီနေ့လည်ခင်းမွန်းလွဲချိန်ကဘဲ Muscat, Oman မှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။ မိသားစုတစ်ခုလုံး ဝမ်းနည်းကြေကွဲနေကြတာမို့ ဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာ သူတို့ရဲ့ Privacy ကို နားလည်မှုထားပေးပါ။ လတ်တလောတော့ ဒီလောက်ပါပဲ” ဆိုပြီး Avicii ရဲ့ ပြောရေးဆိုခွင့်ရှိသူ Diana Baron က ပြောကြားသွားခဲ့ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

Avicii ဟာ ၂၀၀ဝပြည့်နှစ်နှောင်းပိုင်းတွေမှာ သူ့ရဲ့ ပထမဆုံးဂီတ ကို စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး အဲ့နောက် 2011 ခုနှစ်မှာ ထွက်ရှိလာတဲ့ “Levels” ဆိုတဲ့ သီချင်းနဲ့ ဇာတိမြေ ဆွီဒင်မှာ နံပါတ်တစ်ချိတ်ခဲ့ရုံသာမက U.S Billboard Dance Club Song Chart တွေမှာပါ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ 2012 မှာ DJ Artist တစ်ယောက်ဖြစ်တဲ့ David Guetta နဲ့တွဲဖက်ပြီး ထုတ်ဝေခဲ့တဲ့ “Sunshine” ဆိုတဲ့ Track ရဲ့ အောင်မြင်မှုကလည်း Grammy စာရင်းမှာထိလျာထားခြင်း ခံခဲ့ရပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

2013 မှာတော့ “True” ဆိုတဲ့ Studio Albumn ထုတ်ဝေခဲ့ပြီး အဲ့ဒီ့ Albumn ထဲမှာ Aloe Blacc နဲ့တွဲဖက်ထားတဲ့ “Wake me up” ဆိုတဲ့သီချင်းဟာ နိုင်ငံတော်တော်များများမှာ နံပါတ်တစ်ချိတ်တဲ့အပြင် Billboard Hot 100 Songs မှာ နံပါတ် ၄ ချိတ်တဲ့အထိ အံ့မခန်း ပရိသတ်အားပေးမှုအကြီးအကျယ်ရရှိခဲ့ပါတယ်။ ဒုတိယ Albumn “Stories” ကိုတော့ ၂၀၁၅ မှာထုတ်ဝေခဲ့ပြီး ၂၀၁၇ မှာ Rita Ora နဲ့ Collaboration ဖြစ်တဲ့ “Lonely Together” ကို ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

NEW YORK, NY – OCTOBER 01: Avicii performs at the MLB Fan Cave on October 1, 2013 in New York City. (Photo by Mike Lawrie/Getty Images)

သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုတော့ ခုလိုမကွယ်လွန်ခင်အထိ ဟိုးယခင်တည်းက ပရိသတ်အများအပြားသိနေကြပြီးဖြစ်ပါတယ်။ သူဟာ အရက်အလွန်အကျွံသောက်မှုကြောင့် ပြင်းထန်တဲ့ ပန်ခရိယရောဂါကို ခံစားနေရတာဖြစ်ပြီး ၂၀၁၄ မှာ အဲ့ဒီ့ရောဂါကြောင့် သည်းခြေအိတ်နဲ့ အူအတက်ဖယ်ထုတ်လိုက်ရပြီးနောက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေကြောင့် နိုင်ငံအနှံ့အပြားက သူ့ရဲ့ Show ပွဲတွေအားလုံးကို ဖျက်သိမ်းလိုက်ရပါတယ်။

၂၀၁၆ခုနှစ်၊ မတ်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပရိသတ်အတွက်စာတစ်စောင်အရ Avicii ဟာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် Tour တွေအားလုံးလှည့်လည်ဖျော်ဖြေခြင်းကို တဖြည်းဖြည်း အနားယူတော့မှာဖြစ်ပြီး “ဒါတွေအားလုံးရဲ့ အကြောင်းရင်းက ကျွန်တော့် ဂီတတွေ၊ Show ပွဲတွေကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေကိုက သဘာဝမကျ၊ အဆင်မပြေဘူးလို့ ခံစားရလို့ပါ။ အနုပညာရှင်၊ ဂီတပညာရှင်တစ်ယောက်ဖြစ်လာခဲ့ရပေမယ့် ပုံမှန်ကျွန်တော့်သွင်ပြင်ဟာ အများနဲ့အမူအကျင့်မတူဘဲ သီးခြားနေထိုင်တတ်တဲ့ Introvert တစ်ယောက်ပါ။ ဒါတွေအားလုံးဟာ ကျွန်တော့်အတွက် ဖြတ်သန်းရတော်တော်ခက်ခဲခဲ့ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ငယ်ငယ်ရွယ်ရွယ် အောင်မြင်မှုတွေရနေဆဲအချိန်မှာ လူ့လောကထဲက စွန့်ခွာခဲ့ရတာကတော့ နှမြောတသစရာပါပဲ။ ခုဆိုရင် နိုင်ငံအနှံ့အပြားက DJတွေ၊ အနုပညာရှင်တွေ၊ ပရိသတ်တွေတိုင်းက သူ့အတွက် ရေးထားတဲ့ အောက်မေ့သတိရစာတွေဟာ လူမှုကွန်ယက်ပေါ်မှာတော့အပြည့်ပါပဲ။

ရောဂါအခြေအနေကြောင့်သေဆုံးမှုလား၊ တခြားအကြောင်းအရင်းတွေရှိနေသေးလားဆိုတာ သေချာမသိရသေးပေမယ့် သူ့ရဲ့ပရိသတ်တွေကတော့ သူဖန်တီးခဲ့တဲ့ သီချင်းတွေကို ပြန်လည်နားထောင်ရင်း သူ့ဂီတအနုပညာကို လွမ်းဆွတ်တမ်းတနေကြတော့မှာ အမှန်ပါပဲ။

EiEiKhineMinn (Akhayar)