[ZawGyi]

DJ Avicii ေသဆံုးမႈ Suicide လုပ္တာျဖစ္ေၾကာင္း မိသားစုသတင္းထုတ္ျပန္

ဧၿပီလ ၂၀ ရက္ေန႔က အိုမန္ႏိုင္ငံ မတ္စ္ကတ္ၿမိဳ႕က သူ႕ရဲ႕တိုက္ခန္းမွာ ေသဆံုးေနခဲ့တဲ့ ဆြိဒစ္ရွ္ DJ ပညာရွင္ Avicii ရဲ႕ ေသဆံုးမႈဟာ ကိုယ့္ကိုကိုယ္သတ္ေသတာျဖစ္ေၾကာင္း သူ႕ရဲ႕မိသားစုက တရားဝင္ေၾကညာလိုက္ပါၿပီ။

Avicii

အသက္ ၂၈ ႏွစ္အရြယ္မွာ ေသဆံုးခဲ့တဲ့ Avicii ရဲ႕ ေသဆံုးမႈနဲ႔ပတ္သက္ၿပီး “ကြ်န္မတို႕ရဲ႕သားဟာ စိတ္ခံစားမႈထိရွလြယ္လြန္းၿပီး အႏုပညာနဲ႔အရည္အေသြး ရသကိုခံစားတတ္လြန္းတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ တည္ရွိမႈေတြ၊ ျဖစ္ပ်က္မႈေတြနဲ႔ ပတ္သက္ၿပီး အၿမဲတမ္းအေျဖရွာေနသူတစ္ေယာက္ပါ။ အရမ္းအရည္အေသြးျပည့္ဝလြန္းတဲ့ အႏုပညာဓါတ္ခံရွိၿပီး သူ႕ရဲ႕ အလြန္အကြ်ံခရီးေတြထြက္ရင္း အလုပ္ေတြဖိလုပ္၊ ဖိႀကိဳးစားခဲ့တာက ျပင္းထန္တဲ့ ဖိအားေတြျဖစ္ေစခဲ့တာပါ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။ “တစ္ေန႔ေတာ့ သူ ကမ႓ာအႏွံ႔ Tour ေတြလုပ္တာရပ္ၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ သူ႔ဂီတနဲ႔ပတ္သက္လို႔ သူလုပ္ခ်င္တဲ့အရာေလးေတြဖန္တီးရင္း ဟန္ခ်က္ညီတဲ့ ဘဝေလးကို တည္ေဆာက္ခ်င္ခဲ့တာပါ” တဲ့။

Avicii Performing

Grammy ဆုစာရင္းဝင္ ကမ႓ာေက်ာ္ DJ ပညာရွင္ျဖစ္တဲ့ Avicii ဟာ အရက္အလြန္အကြ်ံေသာက္မႈေၾကာင့္ ပန္းကရိယက်ဥ္းေျမာင္းတဲ့ ေရာဂါျဖစ္ခဲ့ၿပီး ၂၀၁၄ မွာ သည္းေျခအိတ္နဲ႔ အူအတက္ကို ဖယ္ထုတ္ခဲ့ရပါတယ္။ အဲ့လို ခ်ိဳ႕ယြင္းလာတဲ့ က်န္းမာေရးအေျခအေနကို ျပန္ေကာင္းမြန္ေအာင္ျပဳစုဖို႔အတြက္ တစ္ကမ႓ာလံုးပတ္ၿပီးေဖ်ာ္ေျဖဖို႔ စီစဥ္ထားတဲ့ သူ႔ရဲ႕ Tour ေတြအကုန္ နားခဲ့ရပါတယ္။

Avicii

၂၀၁၆ မွာေတာ့ Show ေတြ၊ေဖ်ာ္ေျဖမႈေတြအကုန္ရပ္နားခဲ့ၿပီး Album နဲ႔ သီခ်င္းေတြပဲ ထပ္ထုတ္ခဲ့ပါတယ္။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

“သူဟာ သူ႔ကိုယ္သူ စီးပြားေရးလုပ္တဲ့စက္တစ္လံုးလို႔ လံုးဝမခံယူခ်င္တဲ့သူပါ။ အရမ္းစိတ္ခံစားခ်က္ျပင္းထန္သူျဖစ္ၿပီး သူ႔ပရိသတ္ေတြကို ခ်စ္သေလာက္ မီးေရာင္ေတြေအာက္မွာ ေနရတဲ့ဘဝကို ေရွာင္ဖယ္ခ်င္တဲ့သူပါ။ သူဟာ အၿမဲတမ္း ေအးေအးခ်မ္းခ်မ္းေနခ်င္ခဲ့လို႔ ေအးခ်မ္းမႈကိုပဲ တစ္ခ်ိန္လံုး ရွာေဖြေနခဲ့တာပါ။ ခုေတာ့ ေကာင္းရာဘံုဘဝတစ္ခုခုမွာ ေရာက္ေနမွာ ေသခ်ာေပမယ့္ သူ႔ပရိတ္သတ္ေတြကေတာ့ သူခ်န္ထားခဲ့တဲ့ သီခ်င္းေတြနဲ႔ သူ႔ကို ေၾကေၾကကြဲကြဲလြမ္းေနၾကဦးေတာ့မွာပါ” ဆိုၿပီး သူ႔မိသားစုအသိုင္းအဝိုင္းကေျဖၾကားထားခဲ့ပါတယ္။

Avicii Touring

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

Avicii ေသဆံုးမႈဟာ ကိုယ့္ကိုကိုယ္ သတ္ေသမႈလို႔ တရားဝင္ထုတ္ျပန္လိုက္ေပမယ့္ ဘာအေၾကာင္းေၾကာင္းေၾကာင့္ ဘယ္လိုနည္းနဲ႔ သတ္ေသသြားတယ္ဆိုတာကိုေတာ့ မထုတ္ျပန္ခဲ့ဘဲ က်န္ရစ္သူမိသားစုအေနနဲ႔ သူေသဆံုးသြားၿပီးခ်ိန္မွာ သူတို႔မိသားစုကို အားေပးေထာက္ပံ့မႈေတြ၊ ႏွစ္သိမ့္မႈေတြနဲ႔ သူ႕သီခ်င္းေတြကို တစ္ကမ႓ာလံုးက အမွတ္တရ ေအာက္ေမ့ၿပီး ျပန္ဆိုခဲ့ၾကတဲ့ အတြက္ ေက်းဇူးတင္ဝမ္းသာရပါတယ္” လို႔ ျပန္ေျဖၾကားခဲ့ပါတယ္။

RIP Avicii

ဘယ္ေလာက္ေတာင္ မြန္းၾကပ္ေနခဲ့လို႔ ေသျခင္းတရားကို ျငိမ္းခ်မ္းတဲ့ ကမ႓ာတစ္ခုရဲ႕ ထြက္ေပါက္အျဖစ္ေရြးခ်ယ္ခဲ့ရတာလဲဆိုတာေတာ့ သူ႔ပရိသတ္တိုင္းရဲ႕ ရင္ထဲမွာ ေမးခြန္းေပါင္းမ်ားစြာနဲ႔ လြမ္းဆြတ္သတိရက်န္ေနရေတာ့မွာပါပဲ။

EiEiKhineMinn ( Akhayar )

[Unicode]

DJ Avicii သေဆုံးမှု Suicide လုပ်တာဖြစ်ကြောင်း မိသားစုသတင်းထုတ်ပြန်

ဧပြီလ ၂၀ ရက်နေ့က အိုမန်နိုင်ငံ မတ်စ်ကတ်မြို့က သူ့ရဲ့တိုက်ခန်းမှာ သေဆုံးနေခဲ့တဲ့ ဆွိဒစ်ရှ် DJ ပညာရှင် Avicii ရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုကိုယ်သတ်သေတာဖြစ်ကြောင်း သူ့ရဲ့မိသားစုက တရားဝင်ကြေညာလိုက်ပါပြီ။

Avicii

အသက် ၂၈ နှစ်အရွယ်မှာ သေဆုံးခဲ့တဲ့ Avicii ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး “ကျွန်မတို့ရဲ့သားဟာ စိတ်ခံစားမှုထိရှလွယ်လွန်းပြီး အနုပညာနဲ့အရည်အသွေး ရသကိုခံစားတတ်လွန်းတဲ့ အနုပညာရှင်တစ်ယောက်ပါ။ တည်ရှိမှုတွေ၊ ဖြစ်ပျက်မှုတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းအဖြေရှာနေသူတစ်ယောက်ပါ။ အရမ်းအရည်အသွေးပြည့်ဝလွန်းတဲ့ အနုပညာဓါတ်ခံရှိပြီး သူ့ရဲ့ အလွန်အကျွံခရီးတွေထွက်ရင်း အလုပ်တွေဖိလုပ်၊ ဖိကြိုးစားခဲ့တာက ပြင်းထန်တဲ့ ဖိအားတွေဖြစ်စေခဲ့တာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ “တစ်နေ့တော့ သူ ကမ္ဘာအနှံ့ Tour တွေလုပ်တာရပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ သူ့ဂီတနဲ့ပတ်သက်လို့ သူလုပ်ချင်တဲ့အရာလေးတွေဖန်တီးရင်း ဟန်ချက်ညီတဲ့ ဘဝလေးကို တည်ဆောက်ချင်ခဲ့တာပါ” တဲ့။

Avicii Performing

Grammy ဆုစာရင်းဝင် ကမ္ဘာကျော် DJ ပညာရှင်ဖြစ်တဲ့ Avicii ဟာ အရက်အလွန်အကျွံသောက်မှုကြောင့် ပန်းကရိယကျဉ်းမြောင်းတဲ့ ရောဂါဖြစ်ခဲ့ပြီး ၂၀၁၄ မှာ သည်းခြေအိတ်နဲ့ အူအတက်ကို ဖယ်ထုတ်ခဲ့ရပါတယ်။ အဲ့လို ချို့ယွင်းလာတဲ့ ကျန်းမာရေးအခြေအနေကို ပြန်ကောင်းမွန်အောင်ပြုစုဖို့အတွက် တစ်ကမ္ဘာလုံးပတ်ပြီးဖျော်ဖြေဖို့ စီစဉ်ထားတဲ့ သူ့ရဲ့ Tour တွေအကုန် နားခဲ့ရပါတယ်။

Avicii

၂၀၁၆ မှာတော့ Show တွေ၊ဖျော်ဖြေမှုတွေအကုန်ရပ်နားခဲ့ပြီး Album နဲ့ သီချင်းတွေပဲ ထပ်ထုတ်ခဲ့ပါတယ်။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

“သူဟာ သူ့ကိုယ်သူ စီးပွားရေးလုပ်တဲ့စက်တစ်လုံးလို့ လုံးဝမခံယူချင်တဲ့သူပါ။ အရမ်းစိတ်ခံစားချက်ပြင်းထန်သူဖြစ်ပြီး သူ့ပရိသတ်တွေကို ချစ်သလောက် မီးရောင်တွေအောက်မှာ နေရတဲ့ဘဝကို ရှောင်ဖယ်ချင်တဲ့သူပါ။ သူဟာ အမြဲတမ်း အေးအေးချမ်းချမ်းနေချင်ခဲ့လို့ အေးချမ်းမှုကိုပဲ တစ်ချိန်လုံး ရှာဖွေနေခဲ့တာပါ။ ခုတော့ ကောင်းရာဘုံဘဝတစ်ခုခုမှာ ရောက်နေမှာ သေချာပေမယ့် သူ့ပရိတ်သတ်တွေကတော့ သူချန်ထားခဲ့တဲ့ သီချင်းတွေနဲ့ သူ့ကို ကြေကြေကွဲကွဲလွမ်းနေကြဦးတော့မှာပါ” ဆိုပြီး သူ့မိသားစုအသိုင်းအဝိုင်းကဖြေကြားထားခဲ့ပါတယ်။

Avicii Touring

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

Avicii သေဆုံးမှုဟာ ကိုယ့်ကိုကိုယ် သတ်သေမှုလို့ တရားဝင်ထုတ်ပြန်လိုက်ပေမယ့် ဘာအကြောင်းကြောင်းကြောင့် ဘယ်လိုနည်းနဲ့ သတ်သေသွားတယ်ဆိုတာကိုတော့ မထုတ်ပြန်ခဲ့ဘဲ ကျန်ရစ်သူမိသားစုအနေနဲ့ သူသေဆုံးသွားပြီးချိန်မှာ သူတို့မိသားစုကို အားပေးထောက်ပံ့မှုတွေ၊ နှစ်သိမ့်မှုတွေနဲ့ သူ့သီချင်းတွေကို တစ်ကမ္ဘာလုံးက အမှတ်တရ အောက်မေ့ပြီး ပြန်ဆိုခဲ့ကြတဲ့ အတွက် ကျေးဇူးတင်ဝမ်းသာရပါတယ်” လို့ ပြန်ဖြေကြားခဲ့ပါတယ်။

RIP Avicii

ဘယ်လောက်တောင် မွန်းကြပ်နေခဲ့လို့ သေခြင်းတရားကို ငြိမ်းချမ်းတဲ့ ကမ္ဘာတစ်ခုရဲ့ ထွက်ပေါက်အဖြစ်ရွေးချယ်ခဲ့ရတာလဲဆိုတာတော့ သူ့ပရိသတ်တိုင်းရဲ့ ရင်ထဲမှာ မေးခွန်းပေါင်းများစွာနဲ့ လွမ်းဆွတ်သတိရကျန်နေရတော့မှာပါပဲ။

EiEiKhineMinn ( Akhayar )