[Zawgyi]

‘Dumbo (2019)’ ဇာတ္ကားရဲ႕ Teaser Trailer ထြက္ေပၚလာပါျပီ

Walt Disney ရဲ႕ Timeless Classic Movie လို႔ ေခၚတဲ့၊ ကၽြန္ေတာ္တို႔ ငယ္ငယ္တုန္းက ၾကည့္ခဲ့ရတဲ့ ‘Dumbo’ ကို Live-action  ျပန္ရိုိက္မယ္ဆိုျပီး ၂၀၁၄ ခုႏွစ္က ေၾကညာခဲ့ပါတယ္။ အခုေတာ့ ဒီဇာတ္ကားရဲ႕ Teaser Trailer ထြက္ရွိလာခဲ့ပါျပီ။ ဒီဇာတ္ကားကို Tim Burton က ရိုက္ကူးျပီး နာမည္ၾကီးေတြ ျဖစ္တဲ့ Colin Farrell ၊ Michael Keaton ၊ Danny DeVito ၊ Eva Green နဲ႔ Alan Arkin တို႔ကပါဝင္သရုပ္ေဆာင္ထားပါတယ္။

ရိုက္ကြင္းေပၚက Tim Burton

ရိုက္ကြင္းေပၚက Tim Burton

‘Dumbo’ ဆိုတာေတာ့ ၁၉၄၁ ခုႏွစ္က ထြက္ရွိခဲ့တဲ့ ကာတြန္းဇာတ္ကားျဖစ္ျပီး တျခားဆင္ေတြနဲ႔မတူ ၾကီးမားတဲ့ နားရြက္ေတြရွိတဲ့ ဆင္ကေလးအေၾကာင္းပါ။

Dumbo ရုိက္ကြင္းေပၚက Colin Farrell

Dumbo ရုိက္ကြင္းေပၚက Colin Farrell

Teaser Trailer ကို ၾကည့္လုိက္ရင္ေတာ့ လံုးဝကို ငယ္ဘဝကို သတိရသြားမွာ ျဖစ္ျပီး  Dumbo ရဲ့ ဆပ္ကပ္ထဲက စြန္႔စားခန္းေတြကို ျပန္လည္ျမင္ေယာင္ၾကည္ႏူးလာမွာပါ။ ကာတြန္းထဲက Dumbo ကို ရုပ္ရွင္ျပန္ရုိက္တဲ့အခါ ငယ္ငယ္တုန္းကလို အရသာမ်ိဳး ျပန္ရမလားဆိုတာ ေစာင့္ၾကည့္ဖို႔ ရင္ခုန္ေနပါျပီ။ ဒီ Trailer မွာ ေနာ္ေဝးလူမ်ိဳး ေပါ့ပ္ၾကယ္ပြင့္ Aurora ရဲ့ ‘Baby Mine’ ဆိုတဲ့ သီခ်င္းကို အသံုးျပဳထားပါတယ္။

‘Dumbo’ ရဲ႕ Live-action ဇာတ္ကားကို မတ္လ ၂၉ ရက္၊ ၂၀၁၉ ခုႏွစ္မွာ ျပသဖို႔ လ်ာထားပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : bloomberg.com

[Unicode]

‘Dumbo (2019)’ ဇာတ်ကားရဲ့ Teaser Trailer ထွက်ပေါ်လာပါပြီ

Walt Disney ရဲ့ Timeless Classic Movie လို့ ခေါ်တဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ‘Dumbo’ ကို Live-action  ပြန်ရိုက်မယ်ဆိုပြီး ၂၀၁၄ ခုနှစ်က ကြေညာခဲ့ပါတယ်။ အခုတော့ ဒီဇာတ်ကားရဲ့ Teaser Trailer ထွက်ရှိလာခဲ့ပါပြီ။ ဒီဇာတ်ကားကို Tim Burton က ရိုက်ကူးပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Colin Farrell ၊ Michael Keaton ၊ Danny DeVito ၊ Eva Green နဲ့ Alan Arkin တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။

ရိုက်ကွင်းပေါ်က Tim Burton

ရိုက်ကွင်းပေါ်က Tim Burton

‘Dumbo’ ဆိုတာတော့ ၁၉၄၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကာတွန်းဇာတ်ကားဖြစ်ပြီး တခြားဆင်တွေနဲ့မတူ ကြီးမားတဲ့ နားရွက်တွေရှိတဲ့ ဆင်ကလေးအကြောင်းပါ။

Dumbo ရိုက်ကွင်းပေါ်က Colin Farrell

Dumbo ရိုက်ကွင်းပေါ်က Colin Farrell

Teaser Trailer ကို ကြည့်လိုက်ရင်တော့ လုံးဝကို ငယ်ဘဝကို သတိရသွားမှာ ဖြစ်ပြီး  Dumbo ရဲ့ ဆပ်ကပ်ထဲက စွန့်စားခန်းတွေကို ပြန်လည်မြင်ယောင်ကြည်နူးလာမှာပါ။ ကာတွန်းထဲက Dumbo ကို ရုပ်ရှင်ပြန်ရိုက်တဲ့အခါ ငယ်ငယ်တုန်းကလို အရသာမျိုး ပြန်ရမလားဆိုတာ စောင့်ကြည့်ဖို့ ရင်ခုန်နေပါပြီ။ ဒီ Trailer မှာ နော်ဝေးလူမျိုး ပေါ့ပ်ကြယ်ပွင့် Aurora ရဲ့ ‘Baby Mine’ ဆိုတဲ့ သီချင်းကို အသုံးပြုထားပါတယ်။

‘Dumbo’ ရဲ့ Live-action ဇာတ်ကားကို မတ်လ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်မှာ ပြသဖို့ လျာထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : bloomberg.com