[Zawgyi]











Wreck-It Ralph 2

Wreck-It Ralph 2




Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com
[Unicode]

Disney ရဲ့ ခေတ်အဆက်ဆက်မင်းသမီးလေးတွေ အစုံပါဝင်မယ့် Wreck-It Ralph 2

Ralph Breaks the Internet : Wreck-It Ralph 2 ဆိုတာ သိပ်မကြာခင်မှာ ပြသတော့မယ့် Animated ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Walt Disney ကပဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဒီကားဟာ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ Wreck-It Ralph ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး Ralph နဲ့ သူ့ရဲ့ သူငယ်ချင်းလေး Vanellope von Schweetz ရဲ့ Internet Data Space ထဲက စွန့်စားခန်းတွေကို ရှုစားရမှာ ဖြစ်ပါတယ်။

Wreck-It Ralph 2 ရဲ့ Trailer မှာ  စိတ်ဝင်စားစရာတွေ အများကြီးမို့ ပြောပြချင်ပါတယ်။ Ralph တို့ရဲ့ စွန့်စားခန်းမှာ Disney မင်းသမီးလေးတွေရဲ့ ဇာတ်ကောင်၊ ရိုးရာတွေနဲ့ သူတို့ရဲ့ ကမ္ဘာစတာတွေကိုပါ တွေ့ရမှာကတော့ အဆန်းကြယ်ဆုံးပါပဲ။

Disney Princesses တွေ အဖြစ် အသံနဲ့ သရုပ်ဆောင်ပေးမယ့် မင်းသမီးများ

Disney Princesses တွေ အဖြစ် အသံနဲ့ သရုပ်ဆောင်ပေးမယ့် မင်းသမီးများ

ဒါတင်မဟုတ်ဘဲ .. Trailer ထဲမှာ Vanellope တို့ အင်တာနက် ကမ္ဘာထဲ ရောက်ရောက်ချင်းမှာ Big Hero 6၊ Dumbo ၊ The Good Dinosaur ၊ Iron Man ၊ The Muppet Show ၊ Star Wars ၊ Up နဲ့ Wall E တို့ရဲ့ ဇာတ်ကောင်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

Trailer ရဲ့ အမိုက်ဆုံးအပိုင်းဖြစ်တဲ့ Disney Princesses တွေနဲ့ တွေ့တဲ့အခန်းမှာ Pocahontas၊ Anna ၊ Ariel ၊ Moana ၊ Cindrealla ၊  Aurora ၊ Jasmine ၊ Merida ၊ Elsa ၊ Rapunzel ၊ Tiana ၊ Belle ၊ Snow White နဲ့ Mulan တို့ကို တစုတစည်းတည်း တွေ့ကြရမှာပါ။

Wreck-It Ralph 2 Trailer

Wreck-It Ralph 2 Trailer

Vanellope ကို စတွေ့တဲ့အချိန်မှာ စင်ဒရဲလားက ဖန်ဖိနပ်ကို ခွဲပြီး ထိုးဖို့ လုပ်သလို Jasmine က မီးခွက်နဲ့ ရိုက်ဖို့ လုပ်တာ အတော် သဘောကျစရာပါ။

Wreck-It Ralph 2

Wreck-It Ralph 2

Vanellope က သူလည်း မင်းသမီးတစ်ယောက်လို့ ပြောတဲ့အခါမှာ Rapunzel က Magic Hair ရှိလား၊ Elsa ကလည်း Magic Hands ရှိလားဆိုပြီး မေးပါတယ်။ Cindrealla က တိရစ္ဆာန်တွေနဲ့ စကားပြောလားလို့ မေးပြီး Aurora နဲ့ Tiana တို့က ကျိန်စာသင့်နေလားလို့ မေးတဲ့အခန်းက ရယ်နေရမှာပါ။

အသေးစိတ်ခံစားချင်ရင်တော့ ဒီ Video လေးကို ကြည့်ပါ။

ဒီ Trailer ဟာ ဇွန်လ ၄ ရက်နေ့ကမှ ထွက်ရှိထားတာဖြစ်ပြီး အခုဆို ကြည့်ရှုမှုအကြိမ်ရေ ၂.၄ သန်းရှိပြီး YouTube မှာ Trending No. 1 ပါ။ ဇာတ်ကားရုံတင်မယ့်ရက်ကိုတော့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့လို့ ကြေညာထားပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : eonline.com