[Zawgyi]

ပရုတ္လံုးအသံုးျပဳတာ က်န္းမာေရးရႈေထာင္႔အရ သင္႔ေတာ္မႈရွိသလား

အဝတ္ဘီရိုထဲက အက်ီၤေတြ ပိုးမႊားကိုက္ၿပီး မေပါက္ၿပဲသြားေအာင္၊ မေဆြးေျမ႕သြားေအာင္၊ အစိုပ်ံၿပီး မႈိမတက္ေစဖို႔အတြက္ ပရုတ္လံုးကို ထည့္သြင္းအသံုးျပဳရပါတယ္။ ဒါ့ေၾကာင့္ ပရုပ္လံုးက လူသံုးကုန္ပစၥည္းေတြထဲက မရွိမျဖစ္ အရာလို႔လည္း ဆိုႏုိင္ပါတယ္။ အဝတ္အစားေတြ ပရုတ္နံ႔သင္းသင္းေလး ျဖစ္ေနတာကို ႏွစ္သက္ၾကတဲ့သူေတြ ရွိသလို ဒီအနံ႔ေၾကာင့္ ေခါင္းကိုက္တာ ေခါင္းမူးသြားတာမ်ိဳးလည္း ရွိပါတယ္။ ဒါကလည္း ဓာတ္မတည့္မႈ တစ္မ်ိဳးပါပဲ။ ပရုပ္လံုးက ဘီရိုထဲက ပိုးမႊားမ်ားကိုေတာင္ ေသေစႏုိင္တာေၾကာင့္ ဓာတုပစၥည္းမ်ားစြာ ပါဝင္တယ္လို႔ ဆုိႏုိင္ပါတယ္။ အဝတ္ဘီရိုထဲမွာပဲ ထည့္သံုးႏုိင္တာ မဟုတ္ပါဘူး၊ အိမ္သာ၊ ေရခ်ိဳးခန္း၊ စာအုပ္စင္ စတဲ့ေနရာေတြမွာလည္း ပရုတ္လံုးက အသံုးဝင္ပါတယ္။

ဒါေပမယ့္ ပရုတ္လံုးက အခ်ိန္ၾကာရွည္လာတာနဲ႔အမွ် အေငြ႔ပ်ံသြားတတ္ၿပီး ဓာတုေငြ႔ေတြက က်န္းမာေရးကို ထိခိုက္ေစႏုိင္တာကို ေတြ႔ရပါတယ္။ ဒီအေငြ႔ကို ရွဴရိႈက္မိမယ္ဆိုရင္ က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ့အတြက္ ဒီအဆိပ္ေငြ႔ကိုေတာ့ သတိထားဖို႔ လိုပါတယ္။ ဒီပရုပ္လံုးက ထြက္ေပၚလာတဲ့ အေငြ႔၊ အနံ႔အသက္က အသက္ရွဴလမ္းေၾကာင္းထဲ ဝင္သြားတာနဲ႔အမွ် ေခါင္းကိုက္ျခင္း မူးေဝျခင္းအျပင္ ပ်ိဳ႕ျခင္း၊ ေအာ့အန္ျခင္း စတဲ့ ေဝဒနာမ်ားကို ခံစားလာရေစပါတယ္။ ဒါ့အျပင္ ကင္ဆာေရာဂါျဖစ္ေပၚေစတယ္လို႔ေတာင္ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။ ပရုတ္လံုးမွာ ပါဝင္တဲ့ နပ္ဖ္သလင္းဓာတ္က အဆိပ္တစ္မ်ိဳးပါပဲ။ ေသြးနီဥမ်ားကို ပ်က္စီးေစတာေၾကာင့္ ေသြးအားနည္းေရာဂါကို ျဖစ္ေပၚေစၿပီး ေနာက္ဆံုး အယ္လ္ဇိုင္းမားေရာဂါ ျဖစ္ပြားတတ္ပါတယ္။ ဒါ့ေၾကာင့္ ပရုတ္လံုးအစား ေလးညွင္းပြင့္ကို အသံုးျပဳႏိုင္ပါတယ္။ ျဖစ္ႏုိင္ရင္ ပရုတ္လံုးကို အသံုးမျပဳတာကေတာ့ အေကာင္းဆံုးပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ပရုတ်လုံးအသုံးပြုတာ ကျန်းမာရေးရှုထောင့်အရ သင့်တော်မှုရှိသလား

အဝတ်ဘီရိုထဲက အကျီၤတွေ ပိုးမွှားကိုက်ပြီး မပေါက်ပြဲသွားအောင်၊ မဆွေးမြေ့သွားအောင်၊ အစိုပျံပြီး မှိုမတက်စေဖို့အတွက် ပရုတ်လုံးကို ထည့်သွင်းအသုံးပြုရပါတယ်။ ဒါ့ကြောင့် ပရုပ်လုံးက လူသုံးကုန်ပစ္စည်းတွေထဲက မရှိမဖြစ် အရာလို့လည်း ဆိုနိုင်ပါတယ်။ အဝတ်အစားတွေ ပရုတ်နံ့သင်းသင်းလေး ဖြစ်နေတာကို နှစ်သက်ကြတဲ့သူတွေ ရှိသလို ဒီအနံ့ကြောင့် ခေါင်းကိုက်တာ ခေါင်းမူးသွားတာမျိုးလည်း ရှိပါတယ်။ ဒါကလည်း ဓာတ်မတည့်မှု တစ်မျိုးပါပဲ။ ပရုပ်လုံးက ဘီရိုထဲက ပိုးမွှားများကိုတောင် သေစေနိုင်တာကြောင့် ဓာတုပစ္စည်းများစွာ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ အဝတ်ဘီရိုထဲမှာပဲ ထည့်သုံးနိုင်တာ မဟုတ်ပါဘူး၊ အိမ်သာ၊ ရေချိုးခန်း၊ စာအုပ်စင် စတဲ့နေရာတွေမှာလည်း ပရုတ်လုံးက အသုံးဝင်ပါတယ်။

ဒါပေမယ့် ပရုတ်လုံးက အချိန်ကြာရှည်လာတာနဲ့အမျှ အငွေ့ပျံသွားတတ်ပြီး ဓာတုငွေ့တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို တွေ့ရပါတယ်။ ဒီအငွေ့ကို ရှူရှိုက်မိမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် ဒီအဆိပ်ငွေ့ကိုတော့ သတိထားဖို့ လိုပါတယ်။ ဒီပရုပ်လုံးက ထွက်ပေါ်လာတဲ့ အငွေ့၊ အနံ့အသက်က အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတာနဲ့အမျှ ခေါင်းကိုက်ခြင်း မူးဝေခြင်းအပြင် ပျို့ခြင်း၊ အော့အန်ခြင်း စတဲ့ ဝေဒနာများကို ခံစားလာရစေပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါဖြစ်ပေါ်စေတယ်လို့တောင် ဆေးပညာရှင်များက ဆိုထားပါတယ်။ ပရုတ်လုံးမှာ ပါဝင်တဲ့ နပ်ဖ်သလင်းဓာတ်က အဆိပ်တစ်မျိုးပါပဲ။ သွေးနီဥများကို ပျက်စီးစေတာကြောင့် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေပြီး နောက်ဆုံး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားတတ်ပါတယ်။ ဒါ့ကြောင့် ပရုတ်လုံးအစား လေးညှင်းပွင့်ကို အသုံးပြုနိုင်ပါတယ်။ ဖြစ်နိုင်ရင် ပရုတ်လုံးကို အသုံးမပြုတာကတော့ အကောင်းဆုံးပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။