[Zawgyi]

သင္ဟာ သစ္သီးေျခာက္ေတြၾကိဳက္တဲ့သူလား…ဒါဆိုရင္သတိထားပါ

အေျခာက္ခံထားတဲ့ စပ်စ္သီးေျခာက္၊ ဆီးသီးေျခာက္၊ ပန္းသီးေျခာက္ စတဲ့ သစ္သီးေတြကို အခ်ိဳ၊ အဆီေတြနဲ႔ ျပန္လည္စီမံထားတဲ့ သစ္သီးေတြကို စားသံုးမိတဲ့အခါ ျဖစ္ေပၚလာႏုိင္တဲ့ က်န္းမာေရးဆိုးက်ိဳးမ်ားကို သိထားသင့္ပါတယ္။ လတ္လတ္ဆတ္ဆတ္သစ္သီးေတြကို ဒီလိုျပဳျပင္ေျပာင္းလဲလိုက္တဲ့အခါ အရသာပိုမိုေကာင္းမြန္လာတယ္ဆိုေပမယ့္ က်န္းမာေရးနဲ႔ မသင့္ေတာ္ပါဘူး။

(၁) အစာအိမ္ေရာဂါဆိုင္ရာျပႆနာမ်ား

သစ္သီးေတြကို အေျခာက္ခံၿပီး ၾကာရွည္ခံမယ့္ အဆီ၊ ေဆးသၾကားေတြနဲ႔ ျပန္လည္ျပဳျပင္လိုက္တဲ့အခါ ပါဝင္တဲ့ ဓာတုပစၥည္းမ်ားနဲ႔ ကြန္ေပါင္းမ်ားက အစာအိမ္ကို ဒုကၡေပးႏုိင္ပါတယ္။ ဓာတုပစၥည္းေတြ ေပါင္းစပ္ဖြဲ႕စည္းေနတဲ့ အသီးအႏွံကို စားသံုးမိတဲ့အခါ အစာအိမ္နဲ႔ အူလမ္းေၾကာင္းတြင္း ဘတ္တီးရီးယားပိုးမႊားမ်ား ျဖစ္ေပၚေစႏုိင္ၿပီး အစာအိမ္ေရာင္ျခင္း၊ ေအာ့အန္ျခင္းနဲ႔ အက္ဆစ္ဓာတ္ထုတ္လႊတ္ျခင္းစတဲ့ အစာအိမ္ေရာဂါဆိုင္ရာ ျပႆနာမ်ား ျဖစ္ေပၚလာႏုိင္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

(၂) အေရျပားယားယံျခင္း

သစ္သီးေျခာက္ေတြမွာ ထည့္သြင္းအသံုးျပဳထားတဲ့ အဆီဓာတ္မ်ားနဲ႔ အခ်ိဳဓာတ္က အေရျပားယားယံျခင္းနဲ႔ ဓာတ္မတည့္မႈမ်ိဳး ျဖစ္ေပၚႏုိင္ပါတယ္။ အလာဂ်စ္ျဖစ္ၿပီး အေရျပားနီျမန္းယားယံရျခင္းရဲ႕ အေၾကာင္းအရင္းမ်ားစြာထဲမွာ သစ္သီးေျခာက္ေတြကို စားသံုးမိျခင္းကလည္း အဓိကအေၾကာင္းအရင္းတစ္ရပ္ပဲလို႔ ေဆးပညာရွင္မ်ားက ဆိုထားပါတယ္။

(၃) ပန္းနာရင္ၾကပ္ျဖစ္ျခင္း

ပန္းနာရင္ၾကပ္ေရာဂါသည္မ်ား လံုးဝေရွာင္ၾကဥ္သင့္ပါတယ္။ သစ္သီးေျခာက္ေတြမွာပါဝင္တဲ့ တာရွည္ခံေအာင္ျပဳလုပ္ထားတဲ့ ဓာတုပစၥည္းမ်ားက ပန္းနာရင္ၾကပ္သမားမ်ားကို ဒုကၡေပးႏုိင္တဲ့ အရာပါ။ သစ္သီးေျခာက္ေတြကို မၾကာခဏဆိုသလို စားသံုးမိမယ္ဆိုရင္လည္း ပန္းနာရင္ၾကပ္ေရာဂါ ျဖစ္ေစႏုိင္လို႔ သတိျပဳသင့္တဲ့ အခ်က္ပါပဲ။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

(၄) ဝိတ္တက္ေစပါတယ္

သစ္သီးေျခာက္မွာပါဝင္တဲ့ ကယ္လိုရီဓာတ္က မ်ားျပားလြန္းတာေၾကာင့္ အဆီပိုျဖစ္ၿပီး အဝလြန္ေရာဂါကို ျဖစ္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်ေနသူအဖို႔ေတာ့ သစ္သီးေျခာက္နဲ႔ ျပဳလုပ္ထားတဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္တာ အေကာင္းဆံုးပါပဲ။

(၅) ကေလးငယ္မ်ားအတြက္ မသင့္ေတာ္ပါဘူး

ကေလးငယ္ေတြကို ျပန္လည္ျပဳျပင္ထားတဲ့ သစ္သီးေျခာက္ေတြ မေကၽြးသင့္ဘူးလို႔ ဆိုထားပါတယ္။ ကေလးငယ္ေတြရဲ႕ အစာေခ်ဖ်က္စနစ္က အားနည္းေနေသးတဲ့အတြက္ သစ္သီးေျခာက္ေတြကို ေကၽြးမိမယ္ဆိုရင္ အစာအိမ္လမ္းေၾကာင္းဆိုင္ရာ ျပႆနာမ်ား ႀကံဳေတြ႔ရႏုိင္ပါတယ္။ ဒါ့အျပင္ သစ္သီးေျခာက္ေတြက ဝါးစားရခက္ခဲတဲ့အတြက္ ကေလးငယ္ေတြအတြက္ အႏၱရာယ္ျဖစ္ေစႏုိင္တဲ့ အစားအစာတစ္မ်ဳိးပါပဲ။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

သင်ဟာ သစ်သီးခြောက်တွေကြိုက်တဲ့သူလား…ဒါဆိုရင်သတိထားပါ

အခြောက်ခံထားတဲ့ စပျစ်သီးခြောက်၊ ဆီးသီးခြောက်၊ ပန်းသီးခြောက် စတဲ့ သစ်သီးတွေကို အချို၊ အဆီတွေနဲ့ ပြန်လည်စီမံထားတဲ့ သစ်သီးတွေကို စားသုံးမိတဲ့အခါ ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများကို သိထားသင့်ပါတယ်။ လတ်လတ်ဆတ်ဆတ်သစ်သီးတွေကို ဒီလိုပြုပြင်ပြောင်းလဲလိုက်တဲ့အခါ အရသာပိုမိုကောင်းမွန်လာတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ မသင့်တော်ပါဘူး။

(၁) အစာအိမ်ရောဂါဆိုင်ရာပြဿနာများ

သစ်သီးတွေကို အခြောက်ခံပြီး ကြာရှည်ခံမယ့် အဆီ၊ ဆေးသကြားတွေနဲ့ ပြန်လည်ပြုပြင်လိုက်တဲ့အခါ ပါဝင်တဲ့ ဓာတုပစ္စည်းများနဲ့ ကွန်ပေါင်းများက အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ ပေါင်းစပ်ဖွဲ့စည်းနေတဲ့ အသီးအနှံကို စားသုံးမိတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း ဘတ်တီးရီးယားပိုးမွှားများ ဖြစ်ပေါ်စေနိုင်ပြီး အစာအိမ်ရောင်ခြင်း၊ အော့အန်ခြင်းနဲ့ အက်ဆစ်ဓာတ်ထုတ်လွှတ်ခြင်းစတဲ့ အစာအိမ်ရောဂါဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(၂) အရေပြားယားယံခြင်း

သစ်သီးခြောက်တွေမှာ ထည့်သွင်းအသုံးပြုထားတဲ့ အဆီဓာတ်များနဲ့ အချိုဓာတ်က အရေပြားယားယံခြင်းနဲ့ ဓာတ်မတည့်မှုမျိုး ဖြစ်ပေါ်နိုင်ပါတယ်။ အလာဂျစ်ဖြစ်ပြီး အရေပြားနီမြန်းယားယံရခြင်းရဲ့ အကြောင်းအရင်းများစွာထဲမှာ သစ်သီးခြောက်တွေကို စားသုံးမိခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ရပ်ပဲလို့ ဆေးပညာရှင်များက ဆိုထားပါတယ်။

(၃) ပန်းနာရင်ကြပ်ဖြစ်ခြင်း

ပန်းနာရင်ကြပ်ရောဂါသည်များ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ သစ်သီးခြောက်တွေမှာပါဝင်တဲ့ တာရှည်ခံအောင်ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းများက ပန်းနာရင်ကြပ်သမားများကို ဒုက္ခပေးနိုင်တဲ့ အရာပါ။ သစ်သီးခြောက်တွေကို မကြာခဏဆိုသလို စားသုံးမိမယ်ဆိုရင်လည်း ပန်းနာရင်ကြပ်ရောဂါ ဖြစ်စေနိုင်လို့ သတိပြုသင့်တဲ့ အချက်ပါပဲ။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

(၄) ဝိတ်တက်စေပါတယ်

သစ်သီးခြောက်မှာပါဝင်တဲ့ ကယ်လိုရီဓာတ်က များပြားလွန်းတာကြောင့် အဆီပိုဖြစ်ပြီး အဝလွန်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျော့ချနေသူအဖို့တော့ သစ်သီးခြောက်နဲ့ ပြုလုပ်ထားတဲ့ အစားအစာများကို ရှောင်ကြဉ်တာ အကောင်းဆုံးပါပဲ။

(၅) ကလေးငယ်များအတွက် မသင့်တော်ပါဘူး

ကလေးငယ်တွေကို ပြန်လည်ပြုပြင်ထားတဲ့ သစ်သီးခြောက်တွေ မကျွေးသင့်ဘူးလို့ ဆိုထားပါတယ်။ ကလေးငယ်တွေရဲ့ အစာချေဖျက်စနစ်က အားနည်းနေသေးတဲ့အတွက် သစ်သီးခြောက်တွေကို ကျွေးမိမယ်ဆိုရင် အစာအိမ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့အပြင် သစ်သီးခြောက်တွေက ဝါးစားရခက်ခဲတဲ့အတွက် ကလေးငယ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာတစ်မျိုးပါပဲ။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။