[Zawgyi]

ဆင္ဆာေထာက္ညႊန္ခ်က္အေပၚကို လူငယ္အျမင္နဲ႔ေျပာျပလုိက္တဲ့ ဒါရိုက္တာျပည္ဟိန္းသီဟ

ဟာသရုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေတြကိုသာအရိုက္မ်ားတဲ့ ဒါရိုက္တာျပည္ဟိန္းသီဟက ဆင္ဆာေထာက္ညႊန္ခ်က္အေပၚကို လူငယ္တစ္ေယာက္အျမင္နဲ႔ သံုးသပ္ေပးထားပါတယ္။ ဒါရိုက္တာျပည္ဟိန္းသီဟရိုက္ကူးထားတဲ့ ရုပ္ရွင္ဇာတ္ကား၊ ဗီဒီယိုဇာတ္ကားေတာ္ေတာ္မ်ားမ်ားက ဆင္ဆာထိခဲ့ၿပီး၊ ဆင္ဆာထိတာမ်ားတဲ့အေပၚကိုလည္း ေျဖရွင္းခဲ့ဖူးပါေသးတယ္။

အခုကေတာ့ ဆင္ဆာေထာက္ညႊန္ခ်က္အေပၚကို လူငယ္ဒါရိုက္တာတစ္ေယာက္အေနနဲ႔ ထင္ျမင္ယူဆခ်က္မ်ားကို သူရဲ႕တရားဝင္ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေရးသားထားတာျဖစ္ပါတယ္။“မသိလို႔ မရွင္းလို႔ေမးပါရေစ။ ႐ုပ္ရွင္ဇာတ္ကားတစ္ကားကို ဆင္ဆာကေန ဘယ္လို႐ိုက္ပါဆိုၿပီး ေထာက္ၫႊန္ခ်က္မ်ိဳးမွာ မရွင္းတာက ဘယ္လိုပုဂၢိဳလ္ကသံုးသပ္တာလဲခင္ဗ်ာ။ဥပမာ-ဝါရင့္သဘာရင့္အႏုပညာသမားတစ္ဦးဦးက ေဝဖန္သံုးသပ္ၿပီး ၊ ကိုယ္တိုင္႐ုပ္ရွင္ကားမ်ားစြာ႐ိုက္ခဲ့ဖူးလို႔ ေထာက္ၫႊန္တယ္ဆိုရင္လက္ခံပါတယ္။ အခုကိစၥေတြက လြဲေနသလိုပဲ ဥပမာဗ်ာ က်န္းမာေရးကေျပာတယ္ဆိုရင္လည္း သူနဲ႔ဆိုင္တာပဲေျပာေလ၊ ဘာလို႔တျခားဟာေတြကို ဝင္ေျပာရတာလဲ သူကေကာ ဘယ္ေလာက္႐ိုက္တတ္လို႔လဲဆိုတဲ့ ေမးခြန္းေတြ ေမးစရာျဖစ္လာမယ္။ ယဥ္ေက်းမႈဆိုတဲ့ေနရာမွာလည္း ေဘာင္က်ယ္ပါတယ္။ ယဥ္ေက်းမႈအရမသင့္ေတာ္လို႔ဆိုတဲ့ အခ်က္တစ္ခုတည္းနဲ႔ ဝါးလံုးရွည္နဲ႔ပတ္ရမ္းလို႔ေတာ့မရဘူးေလ။ ရြာမွာ မိန္းကေလးတစ္ေယာက္ေရခ်ိဳးေနတာကို ဇာတ္သေဘာအရ ေခ်ာင္းၾကည့္တဲ့ျပကြက္ကို ျမန္မာ့ေက်းလက္ဓေလ့အရ ဒါမ်ိဳးလုပ္လို႔မရဘူးဆိုၿပီး ျဖတ္ေတာက္ခိုင္းတာမ်ိဳးဟာ လံုးဝကိုမျဖစ္သင့္ေတာ့ဘူးေလ။ သဘာဝအရ ေခ်ာင္းၾကည့္ခ်င္ရင္လည္း ၾကည့္ၾကမွာပဲေလ ဒါကို႐ိုက္ျပတာဟာ ႏိုင္ငံေရးကိုထိခိုက္တာလည္းမဟုတ္။ အမ်ိဳးသားေရးကိုထိခိုက္တာလဲမဟုတ္ ၿပီးေတာ့ေရခ်ိဳးေနတာကလည္း ထမီရင္လ်ားၿပီးခ်ိဳးေနတာ ကိုယ္တံုးလံုးႀကီး႐ိုက္ျပေနတာလည္းမဟုတ္။ဒါကိုျဖတ္ေတာက္လိုက္ေတာ့ေကာ အခုျဖစ္ေပၚေနတဲ့သက္ငယ္မုဒိန္းမႈႀကီးေတြ ပေပ်ာက္ကုန္သလား။မိန္းကေလးတစ္ေယာက္ ရင္လ်ားႀကီးနဲ႔ အမ်ားသူငါအျမင္မတင့္ဆိုရေလာက္ေအာင္ ယေန႔ေလာကမွာ ရင္လ်ားမေျပာနဲ႔ ၊ အလံုးလိုက္ေပၚတာေတာင္ စိတ္မဝင္စားေတာ့ဘူး။ ဒါကိုေျပာတာပါ ။ ေတာ္ေတာ္ေလးေတာ့လြဲေနတယ္။ အသက္ေတြႀကီးေနလို႔။ ေခတ္နဲ႔အညီမသြားႏိုင္ၾကတာလား။ စဥ္းစားရခက္ပါတယ္။ ကိုယ္ေျပာရင္လည္း ကိုယ့္ကားပဲထိေနတယ္။ လူမုန္းတယ္။ ဒီေတာ့ ဒီ Post ကေန တရားဝင္ ပြင့္လင္းျမင္သာစြာ မွားတာရွိရင္ေတာင္းပန္အပ္ပါသည္ လူငယ္ဒါ႐ိုက္တာမို႔ လူငယ္အျမင္နဲ႔ေျပာမိတာပါ” လို႔ ျပည္ဟိန္းသီဟကရင္ဖြင့္ေရးသားထားတာပါ။

လတ္တေလာအေနနဲ႔ ဒါရိုက္တာျပည္ဟိန္းသီဟပံုေဖာ္ရိုက္ကူးထားတဲ့ “ကမာၻေက်ာ္ရြာ”ရုပ္ရွင္ဇာတ္ကားကလည္း ပရိသတ္ေတြအားေပးမႈကိုရရွိေနတဲ့ ဇာတ္ကားအျဖစ္ရံုတင္ျပသလွ်က္ရွိပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဆင်ဆာထောက်ညွှန်ချက်အပေါ်ကို လူငယ်အမြင်နဲ့ပြောပြလိုက်တဲ့ ဒါရိုက်တာပြည်ဟိန်းသီဟ

ဟာသရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေကိုသာအရိုက်များတဲ့ ဒါရိုက်တာပြည်ဟိန်းသီဟက ဆင်ဆာထောက်ညွှန်ချက်အပေါ်ကို လူငယ်တစ်ယောက်အမြင်နဲ့ သုံးသပ်ပေးထားပါတယ်။ ဒါရိုက်တာပြည်ဟိန်းသီဟရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတော်တော်များများက ဆင်ဆာထိခဲ့ပြီး၊ ဆင်ဆာထိတာများတဲ့အပေါ်ကိုလည်း ဖြေရှင်းခဲ့ဖူးပါသေးတယ်။

အခုကတော့ ဆင်ဆာထောက်ညွှန်ချက်အပေါ်ကို လူငယ်ဒါရိုက်တာတစ်ယောက်အနေနဲ့ ထင်မြင်ယူဆချက်များကို သူရဲ့တရားဝင်ဖေ့ဘုတ်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်ပါတယ်။“မသိလို့ မရှင်းလို့မေးပါရစေ။ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ဆင်ဆာကနေဘယ်လိုရိုက်ပါဆိုပြီး ထောက်ညွှန်ချက်မျိုးမှာ မရှင်းတာက ဘယ်လိုပုဂ္ဂိုလ်ကသုံးသပ်တာလဲခင်ဗျာ။ဥပမာ-ဝါရင့်သဘာရင့်အနုပညာသမားတစ်ဦးဦးက ဝေဖန်သုံးသပ်ပြီး ၊ ကိုယ်တိုင်ရုပ်ရှင်ကားများစွာရိုက်ခဲ့ဖူးလို့ ထောက်ညွှန်တယ်ဆိုရင်လက်ခံပါတယ်။ အခုကိစ္စတွေက လွဲနေသလိုပဲ ဥပမာဗျာ ကျန်းမာရေးကပြောတယ်ဆိုရင်လည်း သူနဲ့ဆိုင်တာပဲပြောလေ၊ ဘာလို့တခြားဟာတွေကို ဝင်ပြောရတာလဲ သူကကော ဘယ်လောက်ရိုက်တတ်လို့လဲဆိုတဲ့ မေးခွန်းတွေ မေးစရာဖြစ်လာမယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာလည်း ဘောင်ကျယ်ပါတယ်။ ယဉ်ကျေးမှုအရမသင့်တော်လို့ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ ဝါးလုံးရှည်နဲ့ပတ်ရမ်းလို့တော့မရဘူးလေ။ ရွာမှာ မိန်းကလေးတစ်ယောက်ရေချိုးနေတာကို ဇာတ်သဘောအရ ချောင်းကြည့်တဲ့ပြကွက်ကို မြန်မာ့ကျေးလက်ဓလေ့အရ ဒါမျိုးလုပ်လို့မရဘူးဆိုပြီး ဖြတ်တောက်ခိုင်းတာမျိုးဟာ လုံးဝကိုမဖြစ်သင့်တော့ဘူးလေ။ သဘာဝအရ ချောင်းကြည့်ချင်ရင်လည်း ကြည့်ကြမှာပဲလေ ဒါကိုရိုက်ပြတာဟာ နိုင်ငံရေးကိုထိခိုက်တာလည်းမဟုတ်။ အမျိုးသားရေးကိုထိခိုက်တာလဲမဟုတ် ပြီးတော့ရေချိုးနေတာကလည်း ထမီရင်လျားပြီးချိုးနေတာ ကိုယ်တုံးလုံးကြီးရိုက်ပြနေတာလည်းမဟုတ်။ဒါကိုဖြတ်တောက်လိုက်တော့ကော အခုဖြစ်ပေါ်နေတဲ့သက်ငယ်မုဒိန်းမှုကြီးတွေ ပပျောက်ကုန်သလား။မိန်းကလေးတစ်ယောက် ရင်လျားကြီးနဲ့ အများသူငါအမြင်မတင့်ဆိုရလောက်အောင် ယနေ့လောကမှာ ရင်လျားမပြောနဲ့ ၊ အလုံးလိုက်ပေါ်တာတောင် စိတ်မဝင်စားတော့ဘူး။ ဒါကိုပြောတာပါ ။ တော်တော်လေးတော့လွဲနေတယ်။ အသက်တွေကြီးနေလို့။ ခေတ်နဲ့အညီမသွားနိုင်ကြတာလား။ စဉ်းစားရခက်ပါတယ်။ ကိုယ်ပြောရင်လည်း ကိုယ့်ကားပဲထိနေတယ်။ လူမုန်းတယ်။ ဒီတော့ ဒီ Post ကနေ တရားဝင် ပွင့်လင်းမြင်သာစွာ မှားတာရှိရင်တောင်းပန်အပ်ပါသည် လူငယ်ဒါရိုက်တာမို့ လူငယ်အမြင်နဲ့ပြောမိတာပါ” လို့ ပြည်ဟိန်းသီဟကရင်ဖွင့်ရေးသားထားတာပါ။

လတ်တလောအနေနဲ့ ဒါရိုက်တာပြည်ဟိန်းသီဟပုံဖော်ရိုက်ကူးထားတဲ့ “ကမ္ဘာကျော်ရွာ”ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုကိုရရှိနေတဲ့ ဇာတ်ကားအဖြစ်ရုံတင်ပြသလျှက်ရှိပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။