[Zawgyi]
ကြည်သာ (Akhayar)
www.akhayar.com
[Unicode]
အမျိုးသမီးတွေအတွက် စိတ်ဓါတ်ခွန်အားပေးပြောပြခဲ့တဲ့ ဒါရိုက်တာခရစ်စတီးနားခီ
အမျိုးသမီးတစ်ဦးဟာ အိမ်ထောင်တစ်ဖက်နဲ့ အလုပ်လုပ်နေရပြီး ကိုယ်လုပ်နေတဲ့ အလုပ်မှာ အောင်မြင်ချင်တယ် ဆိုရင် အဓိကအနေနဲ့ သိထားဖို့ လိုအပ်တဲ့ အချက်လေးတွေကို သူမဘဝနဲ့ရင်းလို့ တွေ့ကြုံခဲ့ရတာတွေအပေါ်မှာ အခြေခံပြီး ဒါရိုက်တာခရစ်စတီးနားခီ ကအခုလို ပြောပြပေးခဲ့ပါတယ်။
“အိမ်ထောင်ရှိပြီး အလုပ်တစ်ဖက်နဲ့အောင်မြင်ချင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ကိုယ့်ပေါ်မှာပဲမူတည်ပါတယ်။ ပထမဆုံးသိရမှာက ကိုယ်ဘာဖြစ်ချင်ပါသလဲ ဆိုတာက အရေးကြီးပါတယ်။ ကိုယ်တိုင်က ဘာကို ဝါသနာပါသလဲ ဘာနဲ့အသက်ရှင်နေထိုင်ချင်သလဲ၊ ဘာလုပ်နေရရင်ပျော်ရွှင်နေသလဲ ဆိုတာကိုအရင်စဉ်းစားသင့်ပါတယ်။ အရင်စဉ်းစားပြီးတော့ ဖြစ်လာတဲ့ ကဏ္ဍတွေမှာတော့ အများကြီးရှိပါတယ်”။
ပြောင်းလဲအင်အား ဆန်းသစ်ဖန်တီးအမျိုးသမီးစွမ်းပကား ဆိုတဲ့ ခေါင်းစဉ်နဲ့ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဒေါ်ဆွေဇင်ထိုင်နဲ့ ဒါရိုက်တာခရစ်စတီးနားခီ
ပြောင်းလဲအင်အား ဆန်းသစ်ဖန်တီးအမျိုးသမီးစွမ်းပကား ဆိုတဲ့ ခေါင်းစဉ်နဲ့ပါဝင်ဆွေးနွေးခဲ့ကြတဲ့ ဒေါ်ဆွေဇင်ထိုင်နဲ့ ဒါရိုက်တာခရစ်စတီးနားခီ
“တချို့အနေနဲ့လည်း ဒီလိုအခွင့်အရေးကိုရယူဖို့ အတွက် အမျိုးသားကလက်မခံတာတို့၊ အသိုင်းအဝိုင်း လက်မခံတာတို့ ရှိတယ် ။ အဲ့လိုလက်မခံပေမယ့် ကိုယ်ဖြစ်ချင်တဲ့စိတ်ကပြင်းထန်ရင် ကိုယ်ကဒီဟာကို တိုက်ထုတ်ပြီးတော့ယူနိုင်တယ်လို့ အစ်မကတော့သတ်မှတ်ပါတယ်။ အစ်မ အနေနဲ့ကတော့အနုပညာအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်ပြီးကတည်းက ဘယ်လိုအခက်အခဲပဲဖြစ်ဖြစ် မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကလေးရှိတယ်။ အဲ့အတွက်ကြုံလာရတဲ့ အဆိုးအကောင်းတွေဆိုတာကလည်းရှိမှာပဲ”။
ဒါရိုက်တာခရစ်စတီးနားခီ
ဒါရိုက်တာခရစ်စတီးနားခီ
“ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုမူတည်ပြီးတော့ပဲ ကိုယ့်ဘဝရဲ့အပြောင်းအလဲ တွေကလည်း အများကြီးဖြစ်ရတယ်။ အဲ့အတွက်ကြောင့်မို့လို့ဒီလိုအရာတွေကိုလည်း ရင်ဆိုင်နိုင်အောင်အစ်မကြိုးစားပါတယ်”။
ကြည်သာ (Akhayar)
www.akhayar.com