[Zawgyi]

နိုင္းနိုင္းကို ခ်ီးက်ဴးစကားဆိုလိုက္တဲ့ ဒါရိုက္တာဘုဏ္းသိုက္

စားက်က္ ရုပ္ရွင္ ဇာတ္ကားကို ဒါရိုက္တာဘုဏ္းသိုက္ နဲ႕ သရုပ္ေဆာင္ သက္မြန္ျမင့္ ၊ နုိင္းနိုင္း နဲ႕ အျခားသရုပ္ေဆာင္ေတြ ပါဝင္ရိုက္ကူးေနၾကတာျဖစ္ပါတယ္။ ဒီဇာတ္ကားကို မင္းသားသရုပ္ေဆာင္နိုင္းနိုင္းနဲ႕ ရိုက္ျဖစ္ခဲ့တဲ့ အေၾကာင္းကို ဒါရိုက္တာျဖစ္သူဘုဏ္းသိုက္ က အခုလိုေျပာျပရင္း သရုပ္ေဆာင္ နုိင္းနိုင္းကို ခ်ီးက်ဴးစကားဆိုလိုက္တာျဖစ္ပါတယ္။

စားက်က္ရိုက္ကြင္းမွာေတြ႕ရတဲ့ သက္မြန္ျမင့္ ၊ နိုင္းနိုင္း နဲ႕ ဒါရိုက္တာဘုဏ္းသိုက္

စားက်က္ရိုက္ကြင္းမွာေတြ႕ရတဲ့ သက္မြန္ျမင့္ ၊ နိုင္းနိုင္း နဲ႕ ဒါရိုက္တာဘုဏ္းသိုက္

“နိုင္းနိုင္းနဲ႕ က ညီအစ္ကို လိုပါပဲ သူကြ်န္ေတာ့္ အေပၚမွာယံုၾကည္မႈရွိတယ္။ ကြ်န္ေတာ္လည္း ဒီဇာတ္ညႊန္းကို ေရးေနတဲ့ အခ်ိန္မွာပဲ သူနဲ႕ကြ်န္ေတာ္ရိုက္မယ္ဆိုၿပီးေတာ့စဥ္းစားျဖစ္တယ္။ သူနဲ႕ပဲ အရင္ က ကြ်န္ေတာ္ ခရီးသြားေကာက္ေၾကာင္းဆိုတာကို ရိုက္ဖူးပါတယ္ အဲ့မွာလည္းကြ်န္ေတာ္ က ဒါရိုက္တာပါပဲ အဲ့ဒါကို ရိုက္တုန္းက ေတာင္ၾကားထဲကေနၿပီးေနထြက္တဲ့ အခ်ိန္ကို ရိုက္ခ်င္တယ္တကယ္အစစ္ကို လိုခ်င္တဲ့ အခါက်ေတာ့ ဟိုတယ္ကေန မနက္ ၄ နာရီေလာက္ထြက္ၿပီး အဲ့ေနရာကိုသြားမွပဲေရာက္မွာဆိုေတာ့ ေတာ္ရံုတန္ရံု ဒီအလုပ္ကို အားမဆိုက္တဲ့ သူတစ္ေယာက္ဆိုရင္အဆင္မေျပပါဘူး။ ကြ်န္ေတာ္ကိုယ္တိုင္ကလည္းဘယ္ေလာက္ပဲ အားေတြဆိုက္ထားဆိုက္ထား ကြ်န္ေတာ့္ရဲ႕ အကူေတြက ဘယ္ေလာက္ပဲ ျပင္ဆင္ေပးထားေပးထားပါဝင္တဲ့ သရုပ္ေဆာင္ ကိုယ္တိုင္က ကြ်န္ေတာ္ မနက္ကို ၄ နာရီမထနိုင္ပါ ဘူးဆိုရင္အလုပ္မျဖစ္ပါဘူး။ေတာင္ၾကားထဲကေနၿပီးေနထြက္လာတာကိုလည္း ကြ်န္ေတာ္ တို႕ အေနနဲ႕ ညာၿပီးရိုက္လို႕ရတာမဟုတ္ဘူးေလ။

စားက်က္ ရိုက္ကြင္းမွ

စားက်က္ ရိုက္ကြင္းမွ

စားက်က္ ရိုက္ကြင္းမွ

စားက်က္ ရိုက္ကြင္းမွ

ၿပီးေတာ့ ရုပ္ရွင္က Presentation တစ္ခုဆိုေပမယ့္ အရာရာတုိင္းကညာရမယ့္ကိစၥတစ္ခုလို႕မျမင္ပါဘူး အဲ့လိုဟာမ်ိဳးမွာ ကြ်န္ေတာ္နဲ႕စိတ္တူကိုယ္တူ ဘယ္အခ်ိန္ပဲ ထရထရဘယ္ေလာက္ပဲ ပင္ပန္းပင္ပန္း ဒီအလုပ္ေကာင္းဖို႕ အတြက္ တစ္စိတ္တစ္ဝမ္းထဲရွိတဲ့ လူဆိုေတာ့ အခုကြ်န္ေတာ္ ဒါရိုက္တာလုပ္ထားတဲ့ စားက်က္ဇာတ္ကား ကိုလည္း ကိုနိုင္းနိုင္း နဲ႕ ရိုက္ျဖစ္တာပါ” ဆိုၿပီး သူ႕ရဲ႕ လက္ေဖာ္ကိုင္ဖက္ တစ္ေယာက္ကို ေရြးခ်ယ္တဲ့ ေနရာမွာထားတဲ့ စံသတ္မွတ္ခ်က္တစ္ခုကို အခုလိုေျပာျပခဲ့တာလည္းျဖစ္ပါတယ္။

Photo Credit:Hpone Thaik Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

နိုင်းနိုင်းကို ချီးကျူးစကားဆိုလိုက်တဲ့ ဒါရိုက်တာဘုဏ်းသိုက်

စားကျက် ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာဘုဏ်းသိုက် နဲ့ သရုပ်ဆောင် သက်မွန်မြင့် ၊ နိုင်းနိုင်း နဲ့ အခြားသရုပ်ဆောင်တွေ ပါဝင်ရိုက်ကူးနေကြတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို မင်းသားသရုပ်ဆောင်နိုင်းနိုင်းနဲ့ ရိုက်ဖြစ်ခဲ့တဲ့ အကြောင်းကို ဒါရိုက်တာဖြစ်သူဘုဏ်းသိုက် က အခုလိုပြောပြရင်း သရုပ်ဆောင် နိုင်းနိုင်းကို ချီးကျူးစကားဆိုလိုက်တာဖြစ်ပါတယ်။

စားကျက်ရိုက်ကွင်းမှာတွေ့ရတဲ့ သက်မွန်မြင့် ၊ နိုင်းနိုင်း နဲ့ ဒါရိုက်တာဘုဏ်းသိုက်

စားကျက်ရိုက်ကွင်းမှာတွေ့ရတဲ့ သက်မွန်မြင့် ၊ နိုင်းနိုင်း နဲ့ ဒါရိုက်တာဘုဏ်းသိုက်

“နိုင်းနိုင်းနဲ့ က ညီအစ်ကို လိုပါပဲ သူကျွန်တော့် အပေါ်မှာယုံကြည်မှုရှိတယ်။ ကျွန်တော်လည်း ဒီဇာတ်ညွှန်းကို ရေးနေတဲ့ အချိန်မှာပဲ သူနဲ့ကျွန်တော်ရိုက်မယ်ဆိုပြီးတော့စဉ်းစားဖြစ်တယ်။ သူနဲ့ပဲ အရင် က ကျွန်တော် ခရီးသွားကောက်ကြောင်းဆိုတာကို ရိုက်ဖူးပါတယ် အဲ့မှာလည်းကျွန်တော် က ဒါရိုက်တာပါပဲ အဲ့ဒါကို ရိုက်တုန်းက တောင်ကြားထဲကနေပြီးနေထွက်တဲ့ အချိန်ကို ရိုက်ချင်တယ်တကယ်အစစ်ကို လိုချင်တဲ့ အခါကျတော့ ဟိုတယ်ကနေ မနက် ၄ နာရီလောက်ထွက်ပြီး အဲ့နေရာကိုသွားမှပဲရောက်မှာဆိုတော့ တော်ရုံတန်ရုံ ဒီအလုပ်ကို အားမဆိုက်တဲ့ သူတစ်ယောက်ဆိုရင်အဆင်မပြေပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်းဘယ်လောက်ပဲ အားတွေဆိုက်ထားဆိုက်ထား ကျွန်တော့်ရဲ့ အကူတွေက ဘယ်လောက်ပဲ ပြင်ဆင်ပေးထားပေးထားပါဝင်တဲ့ သရုပ်ဆောင် ကိုယ်တိုင်က ကျွန်တော် မနက်ကို ၄ နာရီမထနိုင်ပါ ဘူးဆိုရင်အလုပ်မဖြစ်ပါဘူး။တောင်ကြားထဲကနေပြီးနေထွက်လာတာကိုလည်း ကျွန်တော် တို့ အနေနဲ့ ညာပြီးရိုက်လို့ရတာမဟုတ်ဘူးလေ။

စားကျက် ရိုက်ကွင်းမှ

စားကျက် ရိုက်ကွင်းမှ

စားကျက် ရိုက်ကွင်းမှ

စားကျက် ရိုက်ကွင်းမှ

ပြီးတော့ ရုပ်ရှင်က Presentation တစ်ခုဆိုပေမယ့် အရာရာတိုင်းကညာရမယ့်ကိစ္စတစ်ခုလို့မမြင်ပါဘူး အဲ့လိုဟာမျိုးမှာ ကျွန်တော်နဲ့စိတ်တူကိုယ်တူ ဘယ်အချိန်ပဲ ထရထရဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဒီအလုပ်ကောင်းဖို့ အတွက် တစ်စိတ်တစ်ဝမ်းထဲရှိတဲ့ လူဆိုတော့ အခုကျွန်တော် ဒါရိုက်တာလုပ်ထားတဲ့ စားကျက်ဇာတ်ကား ကိုလည်း ကိုနိုင်းနိုင်း နဲ့ ရိုက်ဖြစ်တာပါ” ဆိုပြီး သူ့ရဲ့ လက်ဖော်ကိုင်ဖက် တစ်ယောက်ကို ရွေးချယ်တဲ့ နေရာမှာထားတဲ့ စံသတ်မှတ်ချက်တစ်ခုကို အခုလိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit:Hpone Thaik Facebook

ကြည်သာ (Akhayar)

www.akhayar.com