[Zawgyi]

ဇာတိေျမ ရုပ္ရွင္ဇာတ္ကားကို တရားမဝင္ကူးယူေနၾကတာေတြမလုပ္ၾကဖို႔ကို ဒါရိုက္တာခရစ္စတီးနားခီက ေဖာ္ျပခဲ့

ဇာတိေျမရုပ္ရွင္ဇာတ္ကားႀကီးကို Online Social Page ေတြမွာတရားမ၀င္ကူးယူ တင္ျပေန တာေတြေတြ႔ေနရတယ္ဆိုၿပီး ဇာတိေျမ ရဲ ႔ Facebook မွာ ေရးသားထားတာကို ေတြ႔ရပါတယ္။ ဒီလိုလုပ္ရပ္ေတြဟာ သူတစ္ပါးရဲ ႔ပစၥည္းကို ခိုးယူသလိုပဲ အျပစ္ႀကီးပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားႀကီးဟာ ဂ်ပန္နဲ႔ျမန္မာ ခ်စ္ၾကည္ေရးကို ဦးတည္ၿပီးရိုက္ကူးထားတာလည္း ျဖစ္သလို ဒီဇာတ္ကားတင္မွလည္း မဟုတ္ပါဘူး ဘယ္လိုဇာတ္ကားမ်ိဳးကို မဆိုဒီိလိုလုပ္ရပ္မ်ိဳးကို မလုပ္ေဆာင္သင့္ပါဘူး။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ဥပါယ္တံမ်ဥ္ဇာတ္ကား ဒါရိုက္တာျဖစ္တဲ့ ခရစ္စတီးနားခီကလည္း “မလုပ္ၾကပါနဲ႕ကြယ္…ရံုမွာျပေတာ့မွာမို႕ သြားၾကည့္ၾကပါ…” ဆိုၿပီးေတာ့ သူမရဲ ႔လူမႈကြန္ရက္ေပၚမွာ ဇာတိေျမ ရုပ္ရွင္ဇာတ္ကားအတြက္ ေျပာထားတာကိုေတြ႔ရပါတယ္။သူမကိုယ္တိုင္လည္း ၿပီးခဲ့တဲ့ ရက္ပိုင္းေတြက လူမႈကြန္ရက္ေပၚမွာ ဥပါယ္တံမ်ဥ္ရုပ္ရွင္ဇာတ္ကား ပ်ံ ႔နွ႔ံသြားခဲ့တဲ့ အတြက္ အေတာ့္ကိုစိတ္မေကာင္းျဖစ္ခဲ့လို႔ ကိုယ္ခ်င္းစာၿပီး အခုလိုေရးသားထားတယ္ဆိုတာကို သိရွိခံစားမိပါတယ္။

ဇာတိေျမ ရုပ္ရွင္ထုတ္လုပ္ရိုက္ကူးထားသူေတြကလည္း အခုလိုေမတၱာရပ္ခံ ထားတာကိုလည္း ေတြ႔ရွိပါတယ္။

“ဂ်ပန္ – ျမန္မာႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးကို ဦးတည္လ်က္ “ဇာတိေျမ” My Country My Home ရုပ္ရွင္ ဇာတ္ကားႀကီးကို ႏွစ္ႏိုင္ငံပူးေပါင္း၍ လူအင္အား စိတ္အင္အားေပါင္းစပ္ကာ၊ ပင္ပန္းႀကီးစြာ၊ မိမိႏိုင္ငံကို ခ်စ္ျမတ္ႏိုးေသာ စိတ္ရင္းျဖင့္ ရင္းႏွီးျမႇပ္ႏွံမႈမ်ားစြာျဖင့္ ခ်စ္ခင္ေလးစားမႈ႕မ်ားကို ေရွ႕တန္းတင္၍ ႀကိဳးစားရိုက္ကူးတင္ဆက္ထားရေသာ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကား ျဖစ္ပါတယ္။
“ဇာတိေျမ” My Country My Home ရုပ္ရွင္ဇာတ္ကားႀကီးသည္ အဓိကအားျဖင့္ မိမိႏို္င္ငံအေပၚ လြမ္းဆြတ္တမ္းတ ခ်စ္ျမတ္ႏိုးၿပီး တန္ဖိုးထားေစခ်င္ေသာ ဇာတ္ကားႀကီးျဖစ္ပါသည္။


“ဇာတိေျမ” My Country My Home ရုပ္ရွင္ဇာတ္ကားႀကီးသည္ အထက္ေဖၚျပပါရည္ရြယ္ခ်က္ေကာင္းမ်ားျဖင့္ မၾကာမီ (၂၇.၇.၂၀၁၈) ရက္ေန႔တြင္ ျမန္မာတစ္ႏိုင္ငံလံုးတြင္ စတင္ျပသေတာ့မည္ ျဖစ္ပါေသာေၾကာင့္ “ဇာတိေျမ” My Country My Home ရုပ္ရွင္ခ်စ္ပရိသတ္မ်ားကို ၾကြေရာက္ၾကည့္ရႈ႕အားေပးႏိုင္ရန္ ဖိတ္ေခၚအပ္ပါသည္။
(က) သို႔ပါေသာ္လည္း “ဇာတိေျမ” ဇာတ္ကားကို Online Social Page မ်ားတြင္ တရားမ၀င္ကူးယူ တင္ျပေန ေၾကာင္းေတြ႔ရွိရသည့္အတြက္ လြန္စြာ၀မ္းနည္းစိတ္မေကာင္းျဖစ္ရပါသည္။
(ခ) ထို႔အျပင္ ဇာတ္ကားအတြင္းတြင္ လံုး၀ မမွန္ကန္ေသာ စာတန္းမ်ားထိုးထားၿပီး “ဇာတိေျမ” ဇာတ္ကားအား ဂုဏ္သိကၡာက်ဆင္းေစရန္ လုပ္ေဆာင္ထားေၾကာင္းေတြ႔ရွိရပါသည္။
(ဂ) သို႔ပါ၍ “ဇာတိေျမ” ရုပ္ရွင္ကားကို တရားမ၀င္ကူးယူျခင္း၊ ျဖန္႔ခ်ိျခင္း၊ Online ေပၚတင္ျခင္း၊ လက္၀ယ္ထားရွိျခင္းမျပဳလုပ္ၾကပါရန္ ေမတၱာရပ္ခံ အသိေပးအပ္ပါသည္။
(ဃ) အကယ္၍ အထက္ပါအခ်က္အလက္မ်ား ဆက္လက္လုပ္ေဆာင္ေနပါက တည္ဆဲဥပေဒမ်ားျဖင့္အညီ အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း အသိေပးအပ္ပါသည္”  ဆိုၿပီးေတာ့လည္း ဇာတိေျမရုပ္ရွင္ ရဲ ႔လူမႈကြန္ရက္စာမ်က္နွာမွာေဖာ္ျပထားတာျဖစ္ပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Christina Kyi Facebook ၊ My Country My Home Facebook Page

www.akhayar.com
[Unicode]

ဇာတိမြေ ရုပ်ရှင်ဇာတ်ကားကို တရားမဝင်ကူးယူနေကြတာတွေမလုပ်ကြဖို့ကို ဒါရိုက်တာခရစ်စတီးနားခီက ဖော်ပြခဲ့

ဇာတိမြေရုပ်ရှင်ဇာတ်ကားကြီးကို Online Social Page တွေမှာတရားမဝင်ကူးယူ တင်ပြနေ တာတွေတွေ့နေရတယ်ဆိုပြီး ဇာတိမြေ ရဲ့ Facebook မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ သူတစ်ပါးရဲ့ပစ္စည်းကို ခိုးယူသလိုပဲ အပြစ်ကြီးပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးဟာ ဂျပန်နဲ့မြန်မာ ချစ်ကြည်ရေးကို ဦးတည်ပြီးရိုက်ကူးထားတာလည်း ဖြစ်သလို ဒီဇာတ်ကားတင်မှလည်း မဟုတ်ပါဘူး ဘယ်လိုဇာတ်ကားမျိုးကို မဆိုဒီလိုလုပ်ရပ်မျိုးကို မလုပ်ဆောင်သင့်ပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပါယ်တံမျဉ်ဇာတ်ကား ဒါရိုက်တာဖြစ်တဲ့ ခရစ်စတီးနားခီကလည်း “မလုပ်ကြပါနဲ့ကွယ်…ရုံမှာပြတော့မှာမို့ သွားကြည့်ကြပါ…” ဆိုပြီးတော့ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားအတွက် ပြောထားတာကိုတွေ့ရပါတယ်။သူမကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လူမှုကွန်ရက်ပေါ်မှာ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကား ပျံ့နှံ့သွားခဲ့တဲ့ အတွက် အတော့်ကိုစိတ်မကောင်းဖြစ်ခဲ့လို့ ကိုယ်ချင်းစာပြီး အခုလိုရေးသားထားတယ်ဆိုတာကို သိရှိခံစားမိပါတယ်။

ဇာတိမြေ ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးထားသူတွေကလည်း အခုလိုမေတ္တာရပ်ခံ ထားတာကိုလည်း တွေ့ရှိပါတယ်။

“ဂျပန် – မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးကို ဦးတည်လျက် “ဇာတိမြေ” My Country My Home ရုပ်ရှင် ဇာတ်ကားကြီးကို နှစ်နိုင်ငံပူးပေါင်း၍ လူအင်အား စိတ်အင်အားပေါင်းစပ်ကာ၊ ပင်ပန်းကြီးစွာ၊ မိမိနိုင်ငံကို ချစ်မြတ်နိုးသော စိတ်ရင်းဖြင့် ရင်းနှီးမြှပ်နှံမှုများစွာဖြင့် ချစ်ခင်လေးစားမှု့များကို ရှေ့တန်းတင်၍ ကြိုးစားရိုက်ကူးတင်ဆက်ထားရသော ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
“ဇာတိမြေ” My Country My Home ရုပ်ရှင်ဇာတ်ကားကြီးသည် အဓိကအားဖြင့် မိမိနိုင်ငံအပေါ် လွမ်းဆွတ်တမ်းတ ချစ်မြတ်နိုးပြီး တန်ဖိုးထားစေချင်သော ဇာတ်ကားကြီးဖြစ်ပါသည်။


“ဇာတိမြေ” My Country My Home ရုပ်ရှင်ဇာတ်ကားကြီးသည် အထက်ဖေါ်ပြပါရည်ရွယ်ချက်ကောင်းများဖြင့် မကြာမီ (၂၇.၇.၂၀၁၈) ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံးတွင် စတင်ပြသတော့မည် ဖြစ်ပါသောကြောင့် “ဇာတိမြေ” My Country My Home ရုပ်ရှင်ချစ်ပရိသတ်များကို ကြွရောက်ကြည့်ရှု့အားပေးနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
(က) သို့ပါသော်လည်း “ဇာတိမြေ” ဇာတ်ကားကို Online Social Page များတွင် တရားမဝင်ကူးယူ တင်ပြနေ ကြောင်းတွေ့ရှိရသည့်အတွက် လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါသည်။
(ခ) ထို့အပြင် ဇာတ်ကားအတွင်းတွင် လုံး၀ မမှန်ကန်သော စာတန်းများထိုးထားပြီး “ဇာတိမြေ” ဇာတ်ကားအား ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်ထားကြောင်းတွေ့ရှိရပါသည်။
(ဂ) သို့ပါ၍ “ဇာတိမြေ” ရုပ်ရှင်ကားကို တရားမဝင်ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ Online ပေါ်တင်ခြင်း၊ လက်ဝယ်ထားရှိခြင်းမပြုလုပ်ကြပါရန် မေတ္တာရပ်ခံ အသိပေးအပ်ပါသည်။
(ဃ) အကယ်၍ အထက်ပါအချက်အလက်များ ဆက်လက်လုပ်ဆောင်နေပါက တည်ဆဲဥပဒေများဖြင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဆိုပြီးတော့လည်း ဇာတိမြေရုပ်ရှင် ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားတာဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Christina Kyi Facebook ၊ My Country My Home Facebook Page

www.akhayar.com