[Zawgyi]

ဒါရိုက္တာခရစ္စတီးနားခီ ကို ေၾကာ္ျငာမင္းသမီးအေနနဲ႕ေတြ႕ရဦးမွာပါ

ဒါရိုက္တာခရစ္စတီးနားခီ အေနနဲ႕ လတ္တေလာသူမရဲ႕ လႈပ္ရွားမႈေတြ အေၾကာင္းကို အခရာကေမးျမန္းခဲ့တဲ့ အေပၚအခုလိုေျဖေပးခဲ့ပါတယ္။

“လတ္တေလာမွာလုပ္ေနတာက လက္ရွိမွာ ပြဲတတ္ေပးရတာေတြရွိတယ္ ၊ ေနာက္ၿပီးအလုပ္ကိစၥ Meeting ေတြထိုင္ေပးေနရတာမ်ိဳးရွိတယ္ ၊ ၂၉ ရက္ေန႕မွာေတာ့ ကိုဇဏ္ေၾကာ္ျငာရိုက္မယ့္ နိုင္ငံျခားခရီးစဥ္ကို လိုက္သြားပါမယ္။ လိုက္သြားမယ္ ဆိုတာကလည္း နိုင္ငံျခားသား Production နဲ႕လုပ္မွာဆိုေတာ့ အဲ့ဒါကိုလည္း ေလ့လာခ်င္လို႕လိုက္သြားတာပါပါတယ္။ ၿပီးရင္ ျပန္လာရင္ေတာ့ ေၾကာ္ျငာရိုက္မယ္ သူမ်ားေၾကာ္ျငာတစ္ခုမွာ အစ္မ ပါဝင္သရုပ္ေဆာင္ရိုက္ကူးမယ္ေပါ့ ။ မင္းသမီးေတြ ဘာေတြေတာ့ သိပ္မသိပါဘူး။အစ္မ နဲ႕ ကိုက္ညီတဲ့ ဟာတစ္ခုျဖစ္လို႕ ရိုက္ကူးမယ္ဆိုၿပီးလက္ခံျဖစ္တာပါ”လို႕လည္း သိရပါတယ္။

ဒါရိုက္တာခရစ္စတီးနားခီ

ဒါရိုက္တာခရစ္စတီးနားခီ

ရိုက္ထားတဲ့ ဇာတ္ကားေတြကို ပရိသတ္ေတြ က တအားကို ႀကိဳက္နွစ္သက္ၾကသလို ေနာက္ရိုက္မယ့္ ကားအတြက္ ျပင္ဆင္ေနတာေတြကိုလည္း သိခ်င္ပါတယ္လို႕ေမးျမန္းခဲ့တဲ့ အေပၚ ဒါရိုက္တာခရစ္စတီးနားခီ ကအခုလိုေျပာပါေသးတယ္။

“ပထမေတာ့မိုးတြင္းတစ္ခုလံုးကို ေနာက္ရိုက္မယ့္ ကားအတြက္ Pre Production ထိုင္ဖို႕ ရွိပါတယ္။ဒါေပမယ့္လည္းအားလံုးကလည္းျမန္ျမန္ရိုက္ေစခ်င္ၾကတယ္ ဆိုေတာ့ အစ္မ တို႕ လက္ရွိ ၾသဂုတ္လေလာက္မွာေတာ့ Pre Production ထိုင္မယ္ စက္တင္ဘာေလာက္ျဖစ္မယ္ထင္တယ္ အစ္မ အတြင္းခန္းေလးေတြ ရေအာင္ရိုက္မယ္ေပါ့။ မိုးကုန္သြားရင္ေတာ့ အျပင္မွာရိုက္ဖို႕ ရွိပါတယ္။

ဒါရိုက္တာခရစ္စတီးနားခီ

ဒါရိုက္တာခရစ္စတီးနားခီ

ေနာက္ရိုက္မယ့္ဇာတ္ကားကဘယ္လိုမ်ိဳးလည္းဆိုတာကိုေတာ့  လက္ရွိအေနနဲ႕ဆံုးျဖတ္ခ်က္မခ်ရေသးပါဘူး ဇာတ္ညႊန္းက နွစ္ခု ျဖစ္ေနလို႕ပါ။ဆံုးျဖတ္ခ်က္ခ်ၿပီးရင္ ေတာ့ ေၾကညာေပးပါ့မယ္” ဆိုၿပီးသူမ ရဲ႕ ေနာက္ဇာတ္လမ္းနဲ႕ပတ္သက္လို႕ ျပင္ဆင္ေနမႈအေၾကာင္းေတြကို ေျပာျပေပးခဲ့တာလည္းျဖစ္ပါတယ္။

Photo Credit: Christina Kyi Facebook

ၾကည္သာ (Akhayar)

www.akhayar.com

[Unicode]

ဒါရိုက်တာခရစ်စတီးနားခီ ကို ကြော်ငြာမင်းသမီးအနေနဲ့တွေ့ရဦးမှာပါ

ဒါရိုက်တာခရစ်စတီးနားခီ အနေနဲ့ လတ်တလောသူမရဲ့ လှုပ်ရှားမှုတွေ အကြောင်းကို အခရာကမေးမြန်းခဲ့တဲ့ အပေါ်အခုလိုဖြေပေးခဲ့ပါတယ်။

“လတ်တလောမှာလုပ်နေတာက လက်ရှိမှာ ပွဲတတ်ပေးရတာတွေရှိတယ် ၊ နောက်ပြီးအလုပ်ကိစ္စ Meeting တွေထိုင်ပေးနေရတာမျိုးရှိတယ် ၊ ၂၉ ရက်နေ့မှာတော့ ကိုဇဏ်ကြော်ငြာရိုက်မယ့် နိုင်ငံခြားခရီးစဉ်ကို လိုက်သွားပါမယ်။ လိုက်သွားမယ် ဆိုတာကလည်း နိုင်ငံခြားသား Production နဲ့လုပ်မှာဆိုတော့ အဲ့ဒါကိုလည်း လေ့လာချင်လို့လိုက်သွားတာပါပါတယ်။ ပြီးရင် ပြန်လာရင်တော့ ကြော်ငြာရိုက်မယ် သူများကြော်ငြာတစ်ခုမှာ အစ်မ ပါဝင်သရုပ်ဆောင်ရိုက်ကူးမယ်ပေါ့ ။ မင်းသမီးတွေ ဘာတွေတော့ သိပ်မသိပါဘူး။အစ်မ နဲ့ ကိုက်ညီတဲ့ ဟာတစ်ခုဖြစ်လို့ ရိုက်ကူးမယ်ဆိုပြီးလက်ခံဖြစ်တာပါ”လို့လည်း သိရပါတယ်။

ဒါရိုက်တာခရစ်စတီးနားခီ

ဒါရိုက်တာခရစ်စတီးနားခီ

ရိုက်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေ က တအားကို ကြိုက်နှစ်သက်ကြသလို နောက်ရိုက်မယ့် ကားအတွက် ပြင်ဆင်နေတာတွေကိုလည်း သိချင်ပါတယ်လို့မေးမြန်းခဲ့တဲ့ အပေါ် ဒါရိုက်တာခရစ်စတီးနားခီ ကအခုလိုပြောပါသေးတယ်။

“ပထမတော့မိုးတွင်းတစ်ခုလုံးကို နောက်ရိုက်မယ့် ကားအတွက် Pre Production ထိုင်ဖို့ ရှိပါတယ်။ဒါပေမယ့်လည်းအားလုံးကလည်းမြန်မြန်ရိုက်စေချင်ကြတယ် ဆိုတော့ အစ်မ တို့ လက်ရှိ သြဂုတ်လလောက်မှာတော့ Pre Production ထိုင်မယ် စက်တင်ဘာလောက်ဖြစ်မယ်ထင်တယ် အစ်မ အတွင်းခန်းလေးတွေ ရအောင်ရိုက်မယ်ပေါ့။ မိုးကုန်သွားရင်တော့ အပြင်မှာရိုက်ဖို့ ရှိပါတယ်။

ဒါရိုက်တာခရစ်စတီးနားခီ

ဒါရိုက်တာခရစ်စတီးနားခီ

နောက်ရိုက်မယ့်ဇာတ်ကားကဘယ်လိုမျိုးလည်းဆိုတာကိုတော့ လက်ရှိအနေနဲ့ဆုံးဖြတ်ချက်မချရသေးပါဘူး ဇာတ်ညွှန်းက နှစ်ခု ဖြစ်နေလို့ပါ။ဆုံးဖြတ်ချက်ချပြီးရင် တော့ ကြေညာပေးပါ့မယ်” ဆိုပြီးသူမ ရဲ့ နောက်ဇာတ်လမ်းနဲ့ပတ်သက်လို့ ပြင်ဆင်နေမှုအကြောင်းတွေကို ပြောပြပေးခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit: Christina Kyi Facebook

ကြည်သာ (Akhayar)

www.akhayar.com