[Zawgyi]

ပြဲဦးထြက္ရုပ္ရွင္မို႔ ရိုက္ေနတဲ့ကာလမွာ စိတ္ဖိစီးမႈအရမ္းမ်ားခဲ့တယ္ဆိုတဲ့ ဒါရိုက္တာေအာင္ေဇာ္လင္း

“မုန္းလို႔ရရင္မုန္းခ်င္တယ္” ရုပ္ရွင္ဇာတ္ကားက ပထမဦးဆံုးပြဲဦးထြက္ရုပ္ရွင္ဇာတ္ကားျဖစ္တဲ့အတြက္ ရိုက္ကူးေနစဥ္ကာလမွာလည္း စိတ္ဖိစီးမႈေတြအရမ္းမ်ားခဲ့ပါတယ္လုိ႔ ဇာတ္ကားကိုပံုေဖာ္ရိုက္ကူးသူ ဒါရိုက္တာေအာင္ေဇာ္လင္းက ေျပာပါတယ္။

“ေရႊစင္ဦးထုတ္လုပ္ေရးက ေနတိုးနဲ႔ ရုပ္ရွင္ဇာတ္ကားရိုက္ခ်င္တယ္ေပ့ါ။ အဲဒီေတာ့ ဇာတ္ကိုေရြးၾကတယ္။ ဇာတ္ေရြးၿပီးတဲ့အခ်ိန္မွာ ဇာတ္ညႊန္းရေတာ့ ကၽြန္ေတာ္ကုိယ္တုိင္လည္းႀကိဳက္သြားတယ္။ ေနတိုးနဲ႔ တိုင္ပင္ၾကည့္တယ္။ေနတိုးကိုယ္တိုင္ကလည္း ဒီရုပ္ရွင္ဇာတ္ကားထဲက ဇာတ္ေကာင္ကိုႀကိဳက္တယ္။ေတးေရးဆရာတစ္ေယာက္ရဲ႕ ဇာတ္ေကာင္ကို အဓိကရိုက္ကူးထားတဲ့ဇာတ္လမ္းပါ။ သူကလည္း ေတးေရးဆရာတစ္ေယာက္ရဲ႕ဇာတ္ေကာင္ကို စိတ္ဝင္စားတယ္။ အဲဒါကို ရုပ္ရွင္ရိုက္ၾကမယ္ဆိုၿပီး စတည္ျဖစ္တယ္။ အမ်ိဳးသမီးဇာတ္ေကာင္ကိုေရြးရမယ္ဆိုေတာ့ ဇာတ္နဲ႔လိုက္ဖက္မယ့္ သင္ဇာဝင့္ေက်ာ္ကို ေရြးျဖစ္တယ္။ ေနာက္တစ္ေယာက္က အဆိုေတာ္အမ်ိဳးသမီးဇာတ္ေကာင္ကလည္း ပါတယ္။ အဆိုေတာ္အစစ္လည္း ျဖစ္ေစခ်င္တယ္။ အဆိုေတာ္ေတြကိုေရြးရင္းနဲ႔ ရတနာမိုင္ကို ေရြးျဖစ္သြားတယ္။ ကိုမင္းဦးလည္း အပါအဝင္ေပါ့။ ကၽြန္ေတာ္ရဲ႕ ပထမဦးဆံုးရုပ္ရွင္ဇာတ္ကားပါ။ ပထမဦး ဆံုးရုပ္ရွင္ဇာတ္ကားျဖစ္တဲ့အတြက္ အရမ္းကိုစိုးရိမ္တယ္။ စိတ္ဖိစီးမႈေတြမ်ားတယ္။ အဓိကဇာတ္လမ္းမေကာင္းမွာ စိုးတယ္။ ကၽြန္ေတ္ာအေနနဲ႔ကလည္း ကိုယ့္ဘက္က တတ္ႏိုင္သေလာက္ကိုိ အေကာင္းဆံုးေပးဆပ္ခ်င္တယ္။ ပရိသတ္ေတြဆီကိုခ်ျပတဲ့အခါမွာ ေကာင္းတယ္လို႔ ေဝဖန္တာေလးကိုပဲၾကားခ်င္တယ္။ ရိုက္ကူးေနတဲ့ကာလေတြမွာလည္း တကယ္ကို ပင္ပင္ပန္းပန္းနဲ႔ ကိုယ္ဘက္က လုံံံ႔လ၊ ဝီရိယအျပည့္နဲ႔ ႀကိဳးစားပံုေဖာ္ခဲ့တယ္။ လာမယ့္ ၂၇ ရက္ေန႔မွာ ရံုတင္ျပသေပးသြားမွာပါ။ ပရိသတ္ေတြလာေရာက္အားေပးၾကဖို႔လည္း ဖိတ္ေခၚပါတယ္။ ဒီဇာတ္ကားကိုၾကည့္ၿပီးရင္ ပရိသတ္ေတြ ေက်နပ္ ႏွစ္သက္ၾကမယ္လို႔ ထင္ပါတယ္” လို႔ ဇာတ္ကားနဲ႔ပတ္သက္ၿပီး ေျပာျပပါတယ္။

ဒါရိုက္တာေအာင္ေဇာ္လင္းက ဝါရင့္ဒါရိုက္တာႀကီးတစ္ဦးျဖစ္သူ ဦးမီးပြားရဲ႕တပည့္ရင္းျဖစ္ကာ သူ႔အေနနဲ႔ “မုန္းလို႔ရရင္မုန္းခ်င္တယ္” ဇာတ္ကားကို ၂၀၁၅ ခုႏွစ္ ေဖေဖာ္ဝါရီလက စတင္ရိုက္ကူးခဲ့တာျဖစ္ပါတယ္။ “မုန္းလို႔ရရင္မုန္းခ်င္တယ္” ဇာတ္ကားမွာ ေရႊအျမဳေတရဲ႕ဇာတ္လမ္းတုိ ကေလာင္ရွင္သက္ဦးေမာင္ေရးဖြဲ႔ထားတဲ့ ဇာတ္လမ္းကုိ ျမျမင့္မိုရ္ နဲ႔ မိုးနီလြင္တို႔က ဇာတ္ညႊန္းေရးေပးထားၿပီး ျဖစ္ေလ့ျဖစ္ထရွိတဲ့ ဘဝေတြြထဲက ေတးေရးဆရာတစ္ေယာက္ရဲ႕ အခ်စ္နဲ႔အိမ္ေထာင္ေရးဇာတ္လမ္း ႐ိုး႐ိုးေလးတစ္ပုဒ္ကုိ ဂီတရသေလးေတြနဲ႔႔ခံစားရမယ့္ ရုပ္ရွင္ဇာတ္ကားေကာင္းတစ္ကားျဖစ္မယ္လို႔ ထင္ပါတယ္။

www.akhayar.com

[Unicode]

ပွဲဦးထွက်ရုပ်ရှင်မို့ ရိုက်နေတဲ့ကာလမှာ စိတ်ဖိစီးမှုအရမ်းများခဲ့တယ်ဆိုတဲ့ ဒါရိုက်တာအောင်ဇော်လင်း

“မုန်းလို့ရရင်မုန်းချင်တယ်” ရုပ်ရှင်ဇာတ်ကားက ပထမဦးဆုံးပွဲဦးထွက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် ရိုက်ကူးနေစဉ်ကာလမှာလည်း စိတ်ဖိစီးမှုတွေအရမ်းများခဲ့ပါတယ်လို့ ဇာတ်ကားကိုပုံဖော်ရိုက်ကူးသူ ဒါရိုက်တာအောင်ဇော်လင်းက ပြောပါတယ်။

“ရွှေစင်ဦးထုတ်လုပ်ရေးက နေတိုးနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ချင်တယ်ပေ့ါ။ အဲဒီတော့ ဇာတ်ကိုရွေးကြတယ်။ ဇာတ်ရွေးပြီးတဲ့အချိန်မှာ ဇာတ်ညွှန်းရတော့ ကျွန်တော်ကိုယ်တိုင်လည်းကြိုက်သွားတယ်။ နေတိုးနဲ့ တိုင်ပင်ကြည့်တယ်။နေတိုးကိုယ်တိုင်ကလည်း ဒီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်ကိုကြိုက်တယ်။တေးရေးဆရာတစ်ယောက်ရဲ့ ဇာတ်ကောင်ကို အဓိကရိုက်ကူးထားတဲ့ဇာတ်လမ်းပါ။ သူကလည်း တေးရေးဆရာတစ်ယောက်ရဲ့ဇာတ်ကောင်ကို စိတ်ဝင်စားတယ်။ အဲဒါကို ရုပ်ရှင်ရိုက်ကြမယ်ဆိုပြီး စတည်ဖြစ်တယ်။ အမျိုးသမီးဇာတ်ကောင်ကိုရွေးရမယ်ဆိုတော့ ဇာတ်နဲ့လိုက်ဖက်မယ့် သင်ဇာဝင့်ကျော်ကို ရွေးဖြစ်တယ်။ နောက်တစ်ယောက်က အဆိုတော်အမျိုးသမီးဇာတ်ကောင်ကလည်း ပါတယ်။ အဆိုတော်အစစ်လည်း ဖြစ်စေချင်တယ်။ အဆိုတော်တွေကိုရွေးရင်းနဲ့ ရတနာမိုင်ကို ရွေးဖြစ်သွားတယ်။ ကိုမင်းဦးလည်း အပါအဝင်ပေါ့။ ကျွန်တော်ရဲ့ ပထမဦးဆုံးရုပ်ရှင်ဇာတ်ကားပါ။ ပထမဦး ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့အတွက် အရမ်းကိုစိုးရိမ်တယ်။ စိတ်ဖိစီးမှုတွေများတယ်။ အဓိကဇာတ်လမ်းမကောင်းမှာ စိုးတယ်။ ကျွန်တေ်ာအနေနဲ့ကလည်း ကိုယ့်ဘက်က တတ်နိုင်သလောက်ကို အကောင်းဆုံးပေးဆပ်ချင်တယ်။ ပရိသတ်တွေဆီကိုချပြတဲ့အခါမှာ ကောင်းတယ်လို့ ဝေဖန်တာလေးကိုပဲကြားချင်တယ်။ ရိုက်ကူးနေတဲ့ကာလတွေမှာလည်း တကယ်ကို ပင်ပင်ပန်းပန်းနဲ့ ကိုယ်ဘက်က လုံံံ့လ၊ ဝီရိယအပြည့်နဲ့ ကြိုးစားပုံဖော်ခဲ့တယ်။ လာမယ့် ၂၇ ရက်နေ့မှာ ရုံတင်ပြသပေးသွားမှာပါ။ ပရိသတ်တွေလာရောက်အားပေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးရင် ပရိသတ်တွေ ကျေနပ် နှစ်သက်ကြမယ်လို့ ထင်ပါတယ်” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

ဒါရိုက်တာအောင်ဇော်လင်းက ဝါရင့်ဒါရိုက်တာကြီးတစ်ဦးဖြစ်သူ ဦးမီးပွားရဲ့တပည့်ရင်းဖြစ်ကာ သူ့အနေနဲ့ “မုန်းလို့ရရင်မုန်းချင်တယ်” ဇာတ်ကားကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလက စတင်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ “မုန်းလို့ရရင်မုန်းချင်တယ်” ဇာတ်ကားမှာ ရွှေအမြုတေရဲ့ဇာတ်လမ်းတို ကလောင်ရှင်သက်ဦးမောင်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းကို မြမြင့်မိုရ် နဲ့ မိုးနီလွင်တို့က ဇာတ်ညွှန်းရေးပေးထားပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ဘဝတွေထဲက တေးရေးဆရာတစ်ယောက်ရဲ့ အချစ်နဲ့အိမ်ထောင်ရေးဇာတ်လမ်း ရိုးရိုးလေးတစ်ပုဒ်ကို ဂီတရသလေးတွေနဲ့ခံစားရမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ ထင်ပါတယ်။

www.akhayar.com